T1D အချက်အလက်
ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ
ကျွန်ုပ်တို့အကြောင်း
အမျိုးအစား ၁ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲပြဿနာများကို ရှာဖွေစစ်ဆေးခြင်း
တည်းဖြတ်ချက်များ 06.05.2026
ကနဦး ဆီးချိုရှိကြောင်း စတင်သိတဲ့အချိန်မှာတင် နောက်ဆက်တွဲပြဿနာတွေ ရှိမရှိနဲ့ ဖြစ်နိုင်ခြေတွေကိုပါ ကြိုတင်စစ်ဆေးထားဖို့ လိုပါတယ်။ ရောဂါရဲ့နောက်ဆက်တွဲပြဿနာတွေကိုစောစောတွေ့ရှိခဲ့ရင်လည်း ပိုဆိုးမလာအောင် ကုသနိုင်လို့ ရှာဖွေစစ်ဆေးဖို့က အရေးကြီးတယ်ဆိုတာနားလည်ဖို့လိုပါတယ်။
ဆီးချိုရောဂါသည်တစ်ဦးအနေနဲ့ ဆီးချိုရဲ့ နောက်ဆက်တွဲပြဿနာတွေကိုစစ်ဆေးဖို့ လိုအပ်တဲ့ အကြိမ်ရေနဲ့ စစ်ဆေးမှုတွေရဲ့ အဖြေတွေအကြောင်းကို လေ့လာထားသင့်ပါတယ်။
ဆီးချိုရောဂါစောင့်ရှောက်ရေးအဖွဲ့က မှန်မှန်စစ်ဆေးဖို့လိုအပ်တာတွေကတော့ –
- ကိုယ်အလေးချိန်နှင့် အရပ်အမြင့်- သင့်မှာ ကျန်းမာသောကိုယ်အလေးချိန်ရှိမရှိနှင့် သင့်ကြီးထွားနှုန်းကို တိုင်းတာရန်
- HbA1c- လွန်ခဲ့သော ၃ လအတွင်းရှိခဲ့သော ပျမ်းမျှသွေးတွင်းသကြားဓာတ်။ ၇.၅% (၅၈ mmol/L) အောက်သာ ရှိသင့်ပါတယ်။
ကျန်းမာရေးဌာနတော်တော်များများက HbA1c ကို အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတိုင်းအတွက် စစ်ဆေးမပေးနိုင်ကြပါဘူး။ ဒါပေမယ့်လည်း ဆီးချိုရောဂါသည်တွေအနေနဲ့ မိမိတို့ရဲ့ HbA1c ပမာဏကို တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ်တော့ စစ်သင့်ပါတယ်။
ဆီးချိုရောဂါ စောင့်ရှောက်ရေးအဖွဲ့အနေနဲ့ ရောဂါသည်တွေမှာ တွေ့ရအများဆုံး နောက်ဆက်တွဲပြဿနာတွေကို ရှာဖွေစစ်ဆေးပေးမှာဖြစ်ပြီး ပြဿနာတစ်စုံတရာတွေ့ရှိခဲ့မယ်ဆိုရင်တော့ မကြာခဏ ပိုမိုစမ်းသပ်စစ်ဆေးဖို့နဲ့ ကုသမှုခံယူဖို့ အကြံပေးပါလိမ့်မယ်။
- သွေးပေါင်ချိန် - သွေးတိုး ရှိမရှိစစ်ဆေးခြင်း (သွေးတိုးကြောင့် နှလုံးနှင့်သွေးကြောများထိခိုက်နိုင်သည်)
- မျက်စိစစ်ဆေးခြင်း - မျက်စိအမြင်အာရုံကျဆင်းမှုရှိ မရှိနှင့် ဆီးချိုကြောင့် မျက်စိမြင်လွှာ ထိခိုက်မှုနှင့် အတွင်းတိမ်၊ ရေတိမ်ရောဂါ ရှိမရှိ စစ်ဆေးခြင်း
- ခြေထောက်စစ်ဆေးခြင်း- လူနာကို မေးမြန်းမှုဖြင့်ရော စမ်းသပ်မှုများဖြင့်ပါ ခြေထောက်များကို အသေးစိတ်စစ်ဆေးခြင်း
- ကျောက်ကပ်စစ်ဆေးခြင်း– ဆီးနှင့် သွေးနမူနာမှရရှိသော အယ်ဗျူမင် (အသားဓာတ်)နဲ့ ခရီတနင်းပမာဏများဖြင့် ကျောက်ကပ်၏လုပ်ငန်းဆောင်တာများ ကောင်းမကောင်းစစ်ဆေးခြင်း
- သွေးတွင်းအဆီဓာတ်တိုင်းတာခြင်း – သွေးနမူနာယူ၍ သွေးတွင်းကိုလက်စထရော ပမာဏများကို စစ်ဆေးခြင်း