T1D အချက်အလက်
ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ
ကျွန်ုပ်တို့အကြောင်း
အမျိုးအစား ၁ ဆီးချိုသွေးချိုရောဂါ (T1D) ကိုကျော်ဖြတ်ခြင်း။ "ရောဂါရှာဖွေခြင်းထက်ပိုသော- အမျိုးအစား 1 ဆီးချိုသွေးချိုရောဂါကို ကောင်းမွန်စွာ ကျော်ဖြတ်နေထိုင်ခြင်း"
တည်းဖြတ်ချက်များ 06.05.2026
Type 1 Diabetes (T1D) ရောဂါရှာဖွေတွေ့ရှိခြင်းက သင့်ဘဝကို အများကြီး ပြောင်းလဲစေပါတယ်။ ထိုအရာက သကြားပမာဏတိုင်းတာခြင်းတင်မဟုတ်တော့ဘဲ တိုးတက်နေဆဲဖြစ်တဲ့ အာရှတစ်လွှားအတွက် ကြောက်ရွံ့မှုများကို ရင်ဆိုင်ခြင်းနှင့် ခွန်အားပြန်လည်ရှာဖွေခြင်းတို့လည်းဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါတောင်မှ ကျွန်တော်တို့က မြဲမြံစွာ ရှင်သန်နေတုန်းပါပဲ။
"မိသားစုနဲ့ဝေးလံခေါင်သီတဲ့ တောင်ကုန်းရွာလေးတစ်ရွာမှာ ကျွန်မတစ်ယောက်တည်းနေခဲ့တယ်။ အသက် 25 နှစ်မှာ ကျွန်မခန္ဓာကိုယ်က ပျက်ယွင်းလာပြီး ဘာကြောင့်မှန်းရှာလို့မရခဲ့ပါဘူး။ ခြောက်လကြာအောင် အမျိုးမျိုးစစ်ဆေးခဲ့ပေမဲ့ အဖြေမရခဲ့ပါဘူး။ ညတိုင်း 'သေရတော့မယ်ဆိုရင် ကျေးဇူးပြုပြီး ချစ်ရသူတွေနဲ့ နီးပါရစေ' လို့ တိုးတိုးလေးဆုတောင်းလိုက်တယ်။' မသိခြင်းရဲ့ဝေဒနာက အခက်ဆုံးပဲ။" - Rekha Negi၊ T1D၊ အိန္ဒိယ၊ 2017 ကတည်းက။
"ကျွန်မ အသက် 13 နှစ်ပါ။ တက်တက်ကြွကြွနဲ့ ကောင်းကောင်းစားပြီး ဖျားခဲပါတယ်။ တစ်နေ့ကျတော့ ကျွန်မ မတ်တပ်မရပ်နိုင်တော့ပဲ အမြင်အာရုံတွေဝေဝါးသွားပါတယ်။ အဖေက ကျွန်မကို ဆေးရုံပို့ပေးတယ်။ ပြီးတော့ဆရာဝန်က "မင်းမှာ အမျိုးအစား ၁ ဆီးချိုသွေးချိုရောဂါရှိတယ်။ အဲဒါက တစ်ဘဝလုံး ဖြစ်သွားတော့မှာ' လို့ ပြောပါတယ်။ အဲဒါက ငါ့ကို ဘယ်လောက်ထိ နက်နက်ရှိုင်းရှိုင်း ပြောင်းလဲစေမယ်ဆိုတာ ငါနားမလည်ခဲ့ပါဘူး။ Hypo နဲ့ hyper episodes တွေက ကျောင်းတက်ရခက်စေပါတယ်။ ကျောင်းကလူတွေက သိပ်နားမလည်ပေးနိုင်ကြတော့ ငါ့ကိုယ်ငါ သူစိမ်းတစ်ယောက်လိုခံစားရပါတယ်။" - Johanah Co, T1D 2001 ခုနှစ်ကတည်းက ဖိလစ်ပိုင်
ကျွန်ုပ်တို့ရဲ့ လမ်းကြောင်းတွေဟာ ကွဲပြားနေသော်လည်း ကျွန်ုပ်တို့တွေရဲ့ နာကျင်မှုဟာ လမ်းကြောင်းအသစ်ကို တွန်းလှန်နိုင်ကြောင်း ဤအကြောင်းအရာတွေက ကျွန်ုပ်တို့အား အမှတ်ရစေပါတယ်။
အရှေ့တောင်အာရှနှင့် အခြားသော အရင်းအမြစ်နည်းပါးသော နေရာတွင် T1D ရှိသော ကလေးများဟာ အသက်အန္တရာယ်ရှိသော စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ မှားယွင်းသောရောဂါရှာဖွေခြင်း သို့မဟုတ် နောက်ကျသောရောဂါရှာဖွေခြင်းတွေက အဖြစ်များပါတယ်။ အထူးသဖြင့် လေ့ကျင့်သင်ကြားထားသော ကျန်းမာရေးဝန်ထမ်းများနဲ့ ဆီးချိုရောဂါပညာပေးမှုနည်းပါးသော ပြည်နယ်ဒေသများမှာ အဖြစ်များပါတယ်။ အခြေအနေကို စောစီးစွာနားလည်မှု၊ အင်ဆူလင်ရရှိနိုင်မှုနဲ့ သင့်လျော်တဲ့နောက်ဆက်တွဲစောင့်ရှောက်မှုတွေမရှိရင် ကလေးများစွာမှာ ရောဂါရှာဖွေတွေ့ရှိပြီးနောက် တစ်နှစ်ထက် ပို၍အသက်မရှင်နိုင်ကြပါ။ (Ogle et al., 2018)
ဆင်းရဲမွဲတေမှု၊ အားနည်းသော ကျန်းမာရေးစနစ်တွေနဲ့ ပြတ်သားတဲ့ ဒေသန္တရဘာသာစကား ပညာပေးမှု အားနည်းခြင်းတို့က ပိုမိုဒုက္ခရောက်စေနိုင်ပါတယ်။ မိသားစုများစွာက ၎င်းတို့လိုအပ်တဲ့ ပံ့ပိုးကူညီမှု သို့မဟုတ် ကိရိယာများမပါဘဲ T1D ကို ၎င်းတို့ဘာသာ စီမံခန့်ခွဲရန် ကျန်ရှိနေပါသေးတယ်။ (Chan et al., 2020; Ng et al., 2022)
ဒါပေမယ့် ဒါက ပြောင်းလဲနိုင်ပါတယ်။ အချိန်မီရောဂါရှာဖွေခြင်း၊ အင်ဆူလင်လုံလောက်စွာရရှိခြင်းနှင့် တောင့်တင်းခိုင်မာသောအသိုင်းအဝိုင်းတို့ရဲ့ ပံ့ပိုးကူညီမှုတွေနဲ့ ကလေးများက ပြည့်ဝကျန်းမာသောဘဝဖြင့် နေထိုင်နိုင်ပါတယ်။ မှန်ကန်စွာစောင့်ရှောက်နိုင်တဲ့ အခြေအနေတွေမှာ ကလေးတွေအသက်မဆုံးရှုံးသင့်တော့ပါ။
"အသက် 21 နှစ်မှာ ပရော်ဖက်ရှင်နယ် အကသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ရောဂါရှာဖွေတွေ့ရှိတဲ့အခါ 12 ကီလိုကျပြီး ကခုန်တာကို ရပ်လိုက်ရတယ်။ အလုပ်ကထွက်ပြီး ဘဝက ဘယ်လိုဖြစ်မလဲဆိုတာ မသေချာဘူး။ T1D ကို အပြစ်တင်မိပါတယ်။ ညဘက်တွေမှာ ငိုမိပြီး လနဲ့ချီပြီးတော့ စိတ်ကျရောဂါကို ရင်ဆိုင်ခဲ့ရပါတယ်။ မိသားစုကလည်း ဒါကိုကြောက်လန့်ပြီး စိတ်မချမ်းမသာဖြစ်ရပါတယ်။ တစ်ချို့က အင်ဆူလင်က အန္တရာယ် ဒါမှမဟုတ် ရှက်စရာလို့ ယူဆကြပါတယ်။ ပထမလမှာ နေ့တိုင်း ဆေးထိုးရ၊ သွေးတွင်းသကြားဓာတ်အတက်အကျတွေ၊ စိတ်အတက်အကျတွေ အများကြီးခံစားခဲ့ရပါတယ်။ ငါ့ခန္ဓာကိုယ်က ငါ့ကို သစ္စာဖောက်သလိုမျိုး အားနည်းပြီး အထီးကျန်သလို ခံစားခဲ့ရပေမယ့် တဖြည်းဖြည်းနဲ့ တခြားသူတွေ နဲ ့ အတူသင်ယူရင်း၊ စကားပြောရင်း၊ ပံ့ပိုးပေးရင်း ပြန်ပြီး သက်သာလာခဲ့ပါတယ်။ - Jyotsana Rangeen၊ T1D၊ အိန္ဒိယ၊ 2015 ခုနှစ်ကတည်းက။
"T1D ကို လက်ခံဖို့ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရပါတယ်။ အမှားဖြစ်ခဲ့သမျှအတွက်လည်း အပြစ်တင်ခဲ့ဖူးပါတယ်။ ကျွန်မ အသက်မရှင်ချင်တော့ဘူးဆိုပြီး မျှော်လင့်ချက်မဲ့သလို ခံစားခဲ့ရတဲ့ အခိုက်အတန့်တွေရှိပါတယ်။ ဒါပေမဲ့ ကြောက်စရာကောင်းတဲ့ သွေးတွင်းသကြားဓာတ်နည်းတဲ့ ဖြစ်စဉ်က ကျွန်မကို ပြန်လည်နိုးထလာစေပါတယ်။ T1D ကနေ အဝေးကို ထွက်မပြေးနိုင်ဘဲ အတူနေထိုင်ရမယ်ဆိုတာ သင်ပေးခဲ့ပါတယ်။ — Johanah
ပြီးပြည့်စုံတဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ပုံသေနည်းမရှိသော်လည်း T1D ဖြင့် ရှင်သန်နေသူအများအပြားသည် တူညီသောအလေ့အထများကို မျှဝေကြသည်။ ဤရိုးရှင်းသောအလေ့အကျင့်များသည် ကြီးမားသောထူးခြားချက်များဖြစ်လာစေနိုင်သည်-
တစ်နေ့တာရဲ့ 70% (17 နာရီနီးပါး) မှာ သင့်သွေးတွင်းသကြားဓာတ်ကို အနည်းဆုံး 70-180 mg/dL (3.9-10.0 mmol/L) ကြား ရှိအောင်ကြိုးစားပါ။ အဲ့တာက ကိုယ်ခန္ဓာစွမ်းအင်နှင့် တည်ငြိမ်မှုကို ပံ့ပိုးပေးပါတယ် (Endocrine Society, 2022)။
Pre-bolus အင်ဆူလင်။ ကာဗိုဟိုက်ဒရိတ်များသော အစာများမစားမီ 15-30 မိနစ်အတွင်း အင်ဆူလင်ကို ထိုးပါ။
အမျှင်ဓာတ်ကြွယ်ဝသော ဒေသထွက်အစားအစာများကို စားပါ။ မတ်ပဲ၊ သင်္ဘောသီး၊ တို့ဟူး၊ အရွက်စိမ်းများ၊ အညိုရောင်၊ အနက်ရောင် သို့မဟုတ် ဆန်နီ (အင်ဒိုနီးရှားရှိ beras merah) နှင့် ကန်စွန်းဥတို့ကို စားသုံးပါ။ ထိုအစားအစာများက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ (Zeng et al., 202)
ဆေးပညာဆိုင်ရာကိရိယာတွေနဲ့ နည်းပညာတွေကို အသုံးပြုပါ။ ChatGPT သို့မဟုတ် အစားအစာခြေရာခံ apps များ က ကာဗိုဟိုက်ဒရိတ်ရေတွက်ခြင်းနှင့် အစားအစာစီစဉ်ခြင်းတို့ကို ပံ့ပိုးပေးနိုင်ပါတယ်။ CGMs နှင့် အင်ဆူလင်ပန့်များကဲ့သို့ ကိရိယာများ သုံးစွဲနိုင်သည့်အခါတွင်လည်း သွေးတွင်းသကြားဓာတ် စီမံခန့်ခွဲမှုကို တိုးတက်ကောင်းမွန်အောင် ကူညီပေးနိုင်ပါတယ်။ သို့သော် ထိုအရာများမရှိလည်း ပုံမှန်စောင့်ကြည့်ခြင်း၊ အင်ဆူလင်အသုံးပြုခြင်းနဲ့ မိမိကိုယ်ကို ပုံမှန်စောင့်ရှောက်ခြင်းတို့နဲ့လည်း လုံလောက်ပါတယ်။
သင့်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နဲ့ အနီးကပ်လုပ်ဆောင်ပါ။ သင်ရဲ့ အင်ဆူလင်မှ ကာဗိုဟိုက်ဒရိတ်အချိုး၊ အင်ဆူလင် အာရုံခံနိုင်စွမ်း၊ အစားအသောက် နဲ့ လှုပ်ရှားမှု အဆင့်များကို ပုံမှန် စစ်ဆေးပါ။ မေးခွန်းတွေကိုမေးဖို့ မကြောက်ပါနဲ့။"
သကြားပါမှန်းမဖော်ပြထားသော အစားအစာများနဲ့ ငံသော အချဥ်ရည်များကို သတိထားပါ။ အငန်၊ အချို သို့မဟုတ် စပ်သော အချဥ်ရည်များက နဂိုမူလပမာဏထက် ထမင်း သို့မဟုတ် ကာဗိုဟိုက်ဒရိတ်ကို ပိုစားစေနိုင်ပါတယ်။ စပ်သောအစားအစာများကလည်း သင့်အစာစားချင်စိတ်ကို မြှင့်တင်ပေးနိုင်ပါတယ်။
ဘယ်သွားသွား အဆင်သင့်ဖြစ်နေပါစေ။ သင်ရဲ့အင်ဆူလင်၊ ဂလူးကို့စ်မီတာ၊ ရေနဲ့ သရေစာတွေကို သင်နဲ့အတူ ယူဆောင်သွားပါ။ သင့်အရေးပေါ်ကိရိယာကို ယူဆောင်လာပြီးတော့ လိုအပ်သည့်အခါမှာလည်း အနားယူပါ—ခဏတစ်ရေးတစ်မောအိပ်ခြင်းကပင် အထောက်အကူဖြစ်စေပါတယ်။
အခြားသူများနဲ့ ဆက်သွယ်ပြောဆိုပါ။ ဆီးချိုသွေးချိုရောဂါကို ကူညီပံ့ပိုးပေးနေတဲ့ အဖွဲ့အစည်း၊ အွန်လိုင်း သို့မဟုတ် အပြင်ဘက်ကို ရှာဖွေခြင်းတွေကလည်း ကြီးမားတဲ့ အပြောင်းအလဲတစ်ခုဖြစ်ပါတ်။ HelloType1 Myanmar သို့မဟုတ် deDOC.org ကဲ့သို့သော အသိုင်းအဝိုင်းများကို လေ့လာစုံစမ်းကြည့်ပါ။
"ကျွန်မကို အင်ဆူလင်ထိုးဖို့၊ သကြားဓာတ်ကိုအမြဲစစ်ဆေးဖို့၊ ဘဝကိုရှေ့ဆက်ဖို့ ပြောကြပါတယ်။ အဲဒါက ရှင်သန်နေသလိုခံစားရပါတယ်။ ဒါပေမယ့် ကျွန်မကပိုလိုချင်ခဲ့တယ်။ ဘဝကို အပြည့်အဝနေချင်တယ်။ စွန့်စားရတာကိုကြိုက်တယ်။ ဒါပေမယ့် T1D က ကျွန်မကိုမတားစေချင်ဘူး။
အဲဒါကြောင့် Uttarakhand Diabetes Awareness Initiative (UDAI) ကို စတင်ခဲ့တာပါ။ ကျွန်မတို့က ကလေးတွေကို စောစီးစွာ ရောဂါရှာဖွေခြင်း၊ အင်ဆူလင်အကြောင်း၊ ပညာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုတွေကို ရရှိစေရန် ကူညီပေးပါတယ်။ အခုဆိုလျှင် ကျွန်မတို့အဖွဲ့မှာ လူ 500 ကျော်ရှိနေပြီး အားလုံးမှာ အခမဲ့ဖြစ်ပါတယ်။
အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မနဲ့ အတူရှိနေခဲ့တာကတော့ ကျွန်မရှာဖွေတွေ့ရှိခဲ့တဲ့ ခွန်အားပါပဲ။ အရင်ကဆို ငိုတယ်၊ ကိုယ့်ကိုယ်ကို သံသယဝင်ပြီး ပင်ပန်းနွမ်းနယ်နေခဲ့တယ်။ ဒါပေမယ့် ရည်ရွယ်ချက်ရှိနေခြင်းက ကျွန်မရဲ့နာကျင်မှုကို အဓိပ္ပါယ်ရှိစေပါတယ်။ ပံ့ပိုးမှု၊ လမ်းညွှန်မှု၊ အသိုက်အဝန်းမပါဘဲ ဘယ်သူမှ T1D ကို တစ်ယောက်တည်း မရင်ဆိုင်သင့်ပါဘူး။"
— Rekha
UDAI တွင်၊ Rekha သည် T1D ဖြင့်နေထိုင်သူများအား မည်သည်က အမှန်တကယ် ရှင်သန်စေသလဲဆိုတာ မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရပါတယ်။
မိသားစုရဲ့ ပံ့ပိုးမှုက ယုံကြည်မှုကို တည်ဆောက်ပေးပါတယ်။ ကလေးတွေကို အိမ်မှာ နားလည်မှုပေးတဲ့အခါ အပြင်မှာလည်း ပိုလုံခြုံသလို ခံစားရစေပါတယ်။
ပညာရေးကလည်း ခွန်အားပေးပါတယ်။ အင်ဆူလင်အလုပ်လုပ်ပုံနှင့် နေ့စဉ်လုပ်ဆောင်ရမယ့်အရာတွေကို လေ့လာသင်ယူနေခြင်းက ဘဝတသက်တာကို ပိုမိုစီမံခန့်ခွဲနိုင်စေပါတယ်။
ရည်ရွယ်ချက်ရှိခြင်းက နာကျင်မှုတွေကို ခွန်အားအဖြစ် ပြောင်းလဲစေပါတယ်။ အခြားသူတွေကို ကူညီခြင်းကလည်း မိမိကိုယ်ကို စိတ်ချမ်းသာစေပြီး ဘဝကိုအဓိပ္ပါယ်ရှိစေပါတယ်။
အသိုက်အဝန်းတွေက ချိတ်ဆက်မှုတွေကို ဖန်တီးပေးပါတယ်။ နားလည်ပေးနိုင်သူတွေရဲ့ အနီးအနားမှာ ရှိနေခြင်းဟာ အထီးကျန်မှုကို လျော့နည်းစေပါတယ်။
အသက်ရှင်သန်နေထိုင်ဖို့က အားစိုက်ထုတ်ဖို့ လိုတယ်။ သို့သော် မှန်ကန်တဲ့ ပံ့ပိုးကူညီမှုနဲ့ ရှင်သန်ရုံသာမက ဘဝကို နေပျော်အောင် နေထိုင်ဖို့ အရေးကြီးပါတယ်။
အကူအညီတောင်းခံဖို့ အရေးကြီးပါတယ်။ မိသားစု၊ သူငယ်ချင်းတွေက နားမလည်ပါက ရှင်းပြနိုင်တဲ့ ဆရာဝန် သို့မဟုတ် အသိတွေထံ ဆက်သွယ်ပါ။
"ကျွန်မဘဝရဲ့ အခက်ခဲဆုံးအချိန်တွေက ကျွန်မကို အခုလိုဖြစ်စေခဲ့တာပါပဲ။ ကျွန်မအခုလိုပြောနေတာက အရာအားလုံးပြီးပြည့်စုံနေလို့တော့မဟုတ်ပေမယ့် ကျွန်မထက်စောပြီး တခြားသူတွေကို အကူအညီတောင်းစေချင်တာကြောင့်ပါ။" - Rekha
"ကျွန်မရဲ့ဆီးချိုရောဂါကို နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မက လက်ခံပြီး ကျွန်မရဲ့ ခရီးကို မျှဝေလိုက်တာနဲ့ လွတ်လပ်သွားတယ်လို့ ခံစားခဲ့ရပါတယ်။ အလုပ်ဝင်လုပ်တယ်။ အကအဖွဲ့မှာ ပါဝင်ခဲ့ပြီး အကဗီဒီယိုတွေ လွှင့်တင်ခဲ့တယ်။ ကျွန်မရဲ့ ရောဂါရှာဖွေတွေ့ရှိပြီးနောက် ပထမဆုံးဗီဒီယိုတစ်ခုက ကြည့်ရှုသူ သန်းချီသွားခဲ့တယ်။ အဲဒါက T1D အဆုံးမဟုတ်ဘူးဆိုတာကို ယုံကြည်ဖို့ ကျွန်မကို သက်သေပြခဲ့ပါတယ်။ အိပ်မက်တွေ ကြီးထွားလာပြီး ပန်းတိုင်တွေကို လျှောက်လှမ်းနိုင်ပါသေးတယ်။
တစ်ချိန်က ဝန်ထုပ်ဝန်ပိုးလို ခံစားခဲ့ရသည့်အရာကလည်း အခြားသူတွေအတွက် တံတားတစ်ခု ဖြစ်လာခဲ့ပါတယ်။ ကျွန်မရဲ့အခြေအနေကို မပြောင်းလဲနိုင်ဘူးဆိုတာ သိလိုက်ရပါတယ်။ ဒါပေမယ့် ကျွန်မဘယ်လိုနေထိုင်ရမလဲဆိုတာကို ရွေးချယ်နိုင်ပါသေးတယ်။" — Jyotsana
"ကျွန်မက အခြားသူတွေနဲ့ မတူတော့ဘဲ တစ်ယောက်တည်းလို့ထင်ခဲ့တာ။ ဒါပေမယ့် ဆီးချိုသွေးချိုလောကထဲကို ဝင်လာတဲ့အခါမှာတော့ ကုစားမှုတွေ၊ ချိတ်ဆက်မှုတွေ၊ ခွန်အားတွေကို တွေ့ရှိခဲ့ပါတယ်။ ဒါတွေကလည်း လက်ဆောင်မွန်ပါပဲ။" - Johanah
International Diabetes Federation Diabetes Atlas (Magliano et al., 2025)အရ ကမ္ဘာတဝှမ်းရှိ လူပေါင်း 588 သန်းကျော်ဟာ ဆီးချိုရောဂါဖြင့် အသက်ရှင်နေကြပါတယ်။ နောက်ပိုင်းမှာ အရေအတွက်တွေတက်လာနိုင်သလို ကျွန်တော်တို့ရဲ့ သတ္တိတွေဟာလည်း တက်လာပါတယ်။
T1D သည် တစ်သက်တာလုံး ဖြစ်နိုင်သော်လည်း သင့်ရဲ့ဘဝအား လွှမ်းခြုံမထားနိုင်ပါ။
မှန်ကန်သောကိရိယာများ၊ နေ့စဥ်အလေ့အထများ၊ ပံ့ပိုးမှုစနစ်များနဲ့ ခိုင်မာသောစိတ်ထားတွေနဲ့ ရုန်းကန်မှုတိုင်းဟာ ခြေလှမ်းသစ်တစ်ခုဖြစ်လာနိုင်ပါတယ်။
ဒီနေ့ မင်း ဘယ်ရဲရင့်တဲ့ခြေလှမ်းကို လှမ်းမလဲ။
သင့်အား ခွန်အားဖြစ်စေတဲ့ အလေ့အကျင့်လေးတစ်ခုကို ရွေးချယ်ပါ။
ကိုယ့်ကို တကယ်နားလည်တဲ့သူနဲ့ စကားပြောပါ။
အနားယူပါ။ ပြန်လည်လေ့လာပါ။ ပြန်လည် ရုန်းထပါ။
မင်းဟာ ဒီရောဂါထက် အများကြီးပိုသာပါတယ်။
မင်းဟာ သူရဲကောင်းတစ်ယောက်ပါ။
မင်းရဲ့ဇာတ်လမ်းက အရေးကြီးပါတယ်။ ဒါကြောင့် အဆက်မပြတ်ပါစေနဲ့။