T1D အချက်အလက်
ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ
ကျွန်ုပ်တို့အကြောင်း
အမျိုးအစား 1 ဆီးချိုသွေးချိုရောဂါရှိသူများအတွက် ခံတွင်းစောင့်ရှောက်မှု အကြံပြုချက်များ
တည်းဖြတ်ချက်များ 06.05.2026
ဘဝက အချိန်ကုန်မြန်ပါတယ်။။ တကယ်လို့ သင်ဟာ အမျိုးအစား 1 ဆီးချိုသွေးချိုရောဂါရှိနေတဲ့ ကျောင်းသားတစ်ယောက်၊ ဒါမှမဟုတ် မိဘတစ်ယောက်၊ ဒါမှမဟုတ် အလုပ်များတဲ့သူ သို့မဟုတ် ထိုရောဂါခံစားနေရသောသူအား ပြုစုစောင့်ရှောက်နေသူဖြစ်နေပါက ခံတွင်းကျန်းမာရေးကို ဂရုမပြုမိမှာ သေချာသလောက်ဖြစ်နိုင်ပါတယ်။
သို့သော် ခံတွင်းကျန်းမာရေးသည် အလွန်အရေးကြီးသောအခန်းကဏ္ဍမှပါဝင်နေသည်မှာ အမှန်ပင်ဖြစ်ပါတယ်။ သွားကျန်းမာရေးကို ဂရုမစိုက်ပါက နာကျင်ခြင်း၊ ပိုးဝင်ခြင်းတို့ကို ဖြစ်စေနိုင်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းရန် ခက်ခဲစေပါသည်။ သွားတိုက်ခြင်း၊ သွားကြိုးဖြင့်ပွတ်ပေးခြင်းနှင့် ပုံမှန်သွားဆေးခန်းပြခြင်းတို့သည် အမျိုးအစား 1 ဆီးချိုသွေးချိုရောဂါဖြင့် ကျန်းမာစွာနေထိုင်ခြင်း၏ အလေ့အထကောင်းများဖြစ်ပါသည်။
သင့်ခံတွင်းနဲ့ သွေးတွင်းသကြားဓာတ်က သင်ထင်ထားတာထက် ပိုဆက်စပ်နေပါတယ်။ ကျန်းမာတဲ့ သွားဖုံးတွေက သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင် ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် သင့်သွားဖုံးတွေ ရောင်ရမ်းတာ၊ နာကျင်တာ ဒါမှမဟုတ် သွေးထွက်လွယ်တယ်ဆိုရင် ဒါတွေက သွားဖုံးရောဂါရဲ့ လက္ခဏာတွေဖြစ်နိုင်ပြီး ဆီးချိုသွေးချိုရောဂါကို ထိန်းရခက်စေပါတယ်။
အမျိုးအစား 1 ဆီးချိုသွေးချိုရောဂါရှိသူများသည် သွေးတွင်းသကြားဓာတ်မြင့်မားခြင်းကြောင့် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို အားနည်းစေပြီး အနာကျက်ခြင်းကို နှေးကွေးစေသောကြောင့် သွားဖုံးရောဂါဖြစ်နိုင်ခြေပိုများသည်။ Periodontitis ဟုခေါ်သော ပြင်းထန်သော သွားဖုံးရောဂါသည် ခန္ဓာကိုယ်တစ်ခုလုံးတွင် ရောင်ရမ်းမှုကို ဖြစ်စေနိုင်သည်။ (Pussinen and Salomaa, 2018) ထိုရောဂါသည် နှလုံး၊ ကျောက်ကပ်နှင့် အခြားအင်္ဂါများဆိုင်ရာ ရောဂါများဖြစ်နိုင်ခြေကိုလည်း မြင့်တက်စေနိုင်သည်။ ဆီးချိုသွေးချိုရောဂါကို ကောင်းစွာမထိန်းနိုင်သောအခါ သွားဖုံးရောဂါကို ပိုဆိုးစေသည့် ရောဂါပိုးများကို တိုက်ဖျက်ရန်နှင့် ကုသရန် ခန္ဓာကိုယ်အတွက် ခက်ခဲစေနိုင်ပါတယ်.
Jyotsana Rangeen ၏ T1D ဖြင့် ၉ နှစ်ကြာနေထိုင်သည့်ခရီးကို လေ့လာကြပါစို့။ရှိသူများသည် ညဘက်တွင် hypoglycemia ဟုခေါ်သော သွေးတွင်းသကြားဓာတ်နည်းခြင်းဖြစ်တတ်ပါတယ်။ သကြားလုံး သို့မဟုတ် ဖျော်ရည်ကဲ့သို့ သကြားဓာတ်များ စားသုံးခြင်း သို့မဟုတ် သောက်သုံးခြင်းဖြင့် သွေးတွင်းသကြားဓာတ်ကိုအမြန်ပြန်မြှင့်တင်နိုင်ပါတယ်။ ဒါပေမယ့် ထိုနောက်ပိုင်းမှာ သွားနဲ့ခံတွင်း စောင့်ရှောက်မှုကို မေ့သွားတတ်ကြပါတယ်။
သွေးတွင်းသကြားဓာတ်နည်းခြင်းအတွက် အချိုစားပြီးနောက် သို့မဟုတ် အက်စစ်ဓာတ်ကုသမှုများကို ခံယူပြီးနောက် ခံတွင်းရှိ pH (အက်ဆစ်ဓာတ်ကို တိုင်းတာသည့်) ပုံမှန်ပြန်မဖြစ်သောအခါ၊ ထိုအရာများက သင့်ရဲ့သွားကြွေလွှာကို ထိခိုက်စေနိုင်ပါတယ်။ သကြားက သင့်ပါးစပ်မှာရှိတဲ့ ဘက်တီးရီးယားတွေကို ပိုမိုပေါက်ပွားစေပြီး သွားကြွေလွှာကို အားနည်းစေတဲ့ အက်ဆစ်ကို ထုတ်လုပ်ပါတယ်။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းသည် သွားပိုးပေါက်များ၊ သွားဖုံးရောဂါနှင့် အခြားသော သွားနှင့်ခံတွင်းဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်ပါတယ်။
Jyotsana Rangeen ၏ အမျိုးအစား 1 ဆီးချိုသွေးချိုရောဂါ (T1D) ဖြင့် ၉ နှစ်ကြာနေထိုင်နေသည်ကို လေ့လာကြပါစို့။
"သန်းခေါင်ယံအချိန်တွေဟာ T1D ရဲ့ လျှို့ဝှက်စိန်ခေါ်မှုတွေထဲက တစ်ခုပါ - အထူးသဖြင့် သင် အိပ်ငိုက်နေတဲ့အချိန်မှာ အချိုရည် ဒါမှမဟုတ် သကြားလုံးတွေကို စားမိပြီး သွားသေချာပြန်မတိုက်ဘူးဆိုရင် သွားကျန်းမာရေးကို ထိခိုက်စေတာကို သတိပြုမိပါတယ်။
သွားကြွေလွှာပျက်စီးခြင်းရဲ့ အစောပိုင်း လက္ခဏာတွေကို တွေ့လိုက်ရတဲ့အခါမှာ ညဘက် သွားကျန်းမာရေးကို ပိုပြီး ဂရုစိုက်လာခဲ့ပါတယ်။ အခုတော့ နူးညံ့တဲ့ သွားတိုက်တံနဲ့ သွားတိုက်ဆေးကို အိပ်ရာဘေးမှာ ထားလိုက်တယ်။ ဒီသေးငယ်တဲ့အလေ့အကျင့်လေးတွေက ကြီးမားတဲ့ခြားနားမှုကို ဖြစ်စေပါတယ်။ အမျိုးအစား 1 ဆီးချိုသွေးချိုရောဂါကို တိုက်ခိုက်နေရချိန်မှာတောင် ငါ့ရဲ့ယုံကြည်မှုရှိတဲ့အပြုံးက စိတ်သက်သာရာရစေပါတယ်။ ဒီခရီးက ငါ့ကို နေ့တိုင်းသင်ပေးတဲ့ သင်ခန်းစာတွေအတွက် ငါတကယ်ကျေးဇူးတင်တယ်။"
ကမ္ဘာ့ကျန်းမာရေးအဖွဲ့, WHO (2017) နှင့် 2015 Global Burden of Disease Study အရ သွားပိုးစားခြင်းက ကမ္ဘာတစ်ဝှမ်းတွင် အဖြစ်အများဆုံး ကျန်းမာရေးပြဿနာများထဲမှ တစ်ခုဖြစ်ပါတယ်။ လူတွေက သကြားအလွန်အကျွံစားသုံးပြီး သွားတွေကို ကောင်းကောင်းမသန့်ရှင်းတဲ့အခါမှာ အဖြစ်များတတ်ကြပါတယ်။ မကုသဘဲထားပါက နာကျင်ခြင်း၊ ရောဂါပိုးဝင်ခြင်းတို့ကိုဖြစ်စေပြီး အစာစားတာနဲ့အိပ်စက်တာကိုလည်း ခက်ခဲစေပြီး ခန္ဓာကိုယ်ကြီးထွားမှုနှင့် ကျန်းမာရေးကိုပင် ထိခိုက်စေနိုင်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုနည်းသောနေရာများတွင် သွားနှင့်ခံတွင်းဝန်ဆောင်မှုများမရှိခြင်းကြောင့် လူအများအပြားက သွားတွေကို နှုတ်ယူဖယ်ရှားနေကြရပါတယ်။
၇ နှစ်ကြာ အမျိုးအစား 1 ဆီးချိုသွေးချိုရောဂါရှိနေသော ပိုလန်နိုင်ငံမှ သွားဆရာဝန် Dr. Dominika Antoniszczak က သူမ၏ သုတေသနတွင် “ကျွန်မက မနက် ၃ နာရီထိုးပြီးနောက် သွားတိုက်တယ်လို့ ထင်လား” လို့ မေးခဲ့ပါတယ်။ သူမ၏ လေ့လာမှုသည် အမျိုးအစား 1 ဆီးချိုသွေးချိုရောဂါရှိနေသူများ ခံတွင်းကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်၍ ကြုံတွေ့နေရသောအခက်အခဲများကို ဖော်ပြထားပါတယ်။
ဤသည်မှာ အမျိုးအစား 1 ဆီးချိုသွေးချိုရောဂါရှိနေသူများထံမှ အချက်အလက်များဖြစ်ပါတယ်။ (D. M. V. Antoniszczak et al., 2022)။
အမျိုးအစား 1 ဆီးချိုသွေးချိုရောဂါ ၁၉ နှစ်ကြာရှိနေသော အမျိုးသား - "ကျွန်တော် အသက် 29 နှစ်အရွယ်မှာ သွားဖုံးရောဂါရှိခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ သွေးတွင်းသကြားဓာတ်ထိန်းနိုင်မှု အားနည်းတာကြောင့် ပိုဆိုးလာခဲ့ပါတယ်။ အခုဆို ကျွန်တော်ရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်လာပါတယ်။"
အမျိုးအစား 1 ဆီးချိုသွေးချိုရောဂါ ၂၅ နှစ်ကြာရှိနေသော အမျိုးသမီး - "ကျွန်မက အက်စစ်ဓာတ်ပါပြီး သွားပိုးစားစေတဲ့ အသီးဖျော်ရည်တွေကို ရှောင်ပါတယ်။ ဒါပေမယ့် အဲ့ဒီဖျော်ရည်တွေက သွေးတင်းသကြားဓာတ်နည်းခြင်းအတွက် အကောင်းဆုံးလည်း ဖြစ်ပါတယ်။"
အမျိုးအစား 1 ဆီးချိုသွေးချိုရောဂါ နှစ် ၄၀ ကြာရှိနေသော အမျိုးသား - "စဉ်ဆက်မပြတ်ဂလူးကို့စ်တိုင်းတာခြင်း (CGM) ကိုအသုံးမပြုမီ၊ ကျွန်ုပ်တွင်ညဘက် hypos များတာနဲ့ သွားနှင့်ခံတွင်းဆိုင်ရာပြဿနာများပိုရှိခဲ့ပါတယ်။ CGM အသုံးပြုပြီးသည့်နောက် ညဘက်တွင် hypos မရှိသလောက်နည်းပါးသွားပြီး သွားတွေလည်းအဆင်ပြေလာပါတယ်။"
အောက်ဖော်ပြပါအချက်တွေကတော့ ညအချိန် သွေးတွင်းသကြားဓာတ်ကျခြင်းအတွက် အထူးသဖြင့် ခံတွင်းကျန်းမာရေးကိုလိုက်စားနေသောသူများအတွက် ဒေါက်တာ Dominika မှ အကြံပြုချက်များ ဖြစ်ပါသည် ။
ညအိပ်ယာမဝင်ခင်မှာ ပါးစပ်ကို ရေ ဒါမှမဟုတ် mouthwash တစ်ခုခုဖြင့် ပါးစပ်ဆေးကြောတဲ့အလေ့အကျင့်ကို တည်ဆောက်ပါ။
ဖလိုရိုက်သွားတိုက်ဆေးသုံးပါ (မှန်ကန်သောဖလိုရိုက်ပမာဏအကြောင်း သင့်သွားဆရာဝန်ကိုမေးပါ)။ သွားပွတ်ကြိုးနှင့်လည်း ပုံမှန်ပွတ်ပေးပါ။
သွားနှင့်ခံတွင်းအထူးကု ဆရာဝန်၊ သွားဆရာဝန်ထံ စနစ်တကျ ကုသမှုခံယူပါ။
သွေးတွင်းသကြားဓာတ်ပမာဏကို 70-180 mg/dL (3.9–10 mmol/L) အတွင်း တစ်နေ့တာ၏ အနည်းဆုံး 70% (16 နာရီခန့်) ထားရှိခြင်းသည် သွားနှင့်ခံတွင်းကျန်းမာရေးကို အားကောင်းစေပါတယ်။ သို့သော် ရည်ရွယ်ချက်များကွဲပြားနိုင်သဖြင့် သင့်ဆီးချိုသွေးချိုရောဂါစောင့်ရှောက်မှုအဖွဲ့နှင့် ပုံမှန်ဆွေးနွေးတိုင်ပင်ပါ။
မင်းရဲ့အပြုံးကိုရှာဖွေပါ။ လိုအပ်ပါက သွားဆရာဝန်ထံ ခြောက်လတစ်ကြိမ် သို့မဟုတ် မကြာခဏ သွားရောက်ပြသပါ။ ပုံမှန်စစ်ဆေးခြင်းက ရောဂါများကို စောစီးစွာသိရှိနိုင်ပြီး သွားပိုးစားခြင်းနှင့် သွားဖုံးရောဂါများကို ကာကွယ်နိုင်ပါတယ်။
သတင်းကောင်းလား။ ရှိပါတယ်။ ဒီလိုသေးငယ်တဲ့ နေ့စဉ်အလေ့အထတွေက ကြီးမားတဲ့ခြားနားမှုကို ဖြစ်စေပါတယ်။ သွားတိုက်ခြင်း၊ သွားကြိုးပွတ်တိုက်ပေးခြင်း နှင့် သွားဆရာဝန်နှင့် ပုံမှန်ပြသခြင်းသည် သင့်ခံတွင်းနှင့် သင့်ခန္ဓာကိုယ်ကို ကာကွယ်ပေးပါသည်။ ကျန်းမာသောခံတွင်းသည် အထူးသဖြင့် အမျိုးအစား 1 ဆီးချိုသွေးချိုရောဂါဖြင့် ကျန်းမာသောဘဝကို ပံ့ပိုးပေးသည်။
လမ်းညွှန်? သင်၏ သွားနှင့်ခံတွင်းဆေးခန်းသွားမပြခင် ကြိုတင်ပြင်ဆင်ခြင်းကို ဤတွင် ကိုးကားနိုင်ပါတယ်။ (D. Antoniszczak & Periodontitis-Diabetes Hub, n.d.)
မှတ်သားရန်- သေးငယ်သောခြေလှမ်းများဟာ အရေးကြီးပါတယ်။ အချိန်မှန်မှန် သတိဝရိယဖြင့် ဂရုစိုက်ပါခြင်းဖြင့် သင်၏အပြုံးကိုတောက်ပစေပြီး သင့်ကျန်းမာရေးကို ရေရှည်တွင် ထိန်းထားနိုင်ပါတယ်။
နောက်ထပ်ဆောင်းပါးများကိုရှာဖွေပါ