T1D အချက်အလက်
ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ
ကျွန်ုပ်တို့အကြောင်း
Ricky Manchanda: ထိုင်းနိုင်ငံမှ အမျိုးအစား ၁ဆီးချိုရောဂါနှင့်ပတ်သက်ပြီး ဘဝနေထိုင်မှုကို လမ်းပြခြင်း
တည်းဖြတ်ချက်များ 06.05.2026
"အမျိုးအစား ၁ဆီးချိုရောဂါရှိခြင်းက သင့်ဘဝကို ကြိုးကြိုးစားစားဖြတ်သန်းရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒါကို အမျိုးအစား ၁ဆီးချိုရောဂါရှိသူတွေသာ သိကြပါတယ်။"- Ricky Manchanda
အမျိုးအစား ၁ဆီးချိူရောဂါနှင့် ၂၃နှစ်ကြာ ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများကို ထိုင်းနိုင်ငံ အရှေ့တောင်ပိုင်းတွေ နေထိုင်သည့် Ricky Manchandaမှ မျှဝေခဲ့ပါသည်။ ကြံ့ကြံ့ခိုင်ပြီး ကြိုတင်ပြင်ဆင်စီမံမှုတွေနဲ့အတူ သွေးတွင်းသကြားဓာတ်တက်ခြင်း သို့မဟုတ် သွေးတွင်းသကြားဓာတ်ကျဆင်းခြင်း စိန်ခေါ်မှုများကို ထိန်းချုပ်ခဲ့ပါသည်။
သွေးတွင်းသကြားဓာတ်တက်ခြင်းနှင့် သွေးတွင်းသကြားဓာတ်ကျဆင်းခြင်းတို့က Rickyကို မကြာခဏစိုးရိမ်မှုတွေ ဖြစ်စေပြီး သတိကြီးကြီးနှင့် ကြိုတင်ပြင်ဆင်စီမံမှုတွေ လိုအပ်စေပါသည်။ "ကျွန်တော် ညစာကို များများစားလိုက်ရင်ဖြစ်ဖြစ် ဒါမှမဟုတ် သွေးတွင်းသကြားဓာတ်ကျတာကို ပြုပြင်လိုက်ရင်ဖြစ်ဖြစ် သွေးတွင်းသကြားဓာတ်တက်လာတဲ့ ပြဿနာကို ကြုံရပါတယ်။" "ကျွန်တော်တို့ရဲ့ သွေးတွင်းသကြားဓာတ်က ရှိသင့်တဲ့ပမာဏထဲမှာပဲ ရှိသင့်ပါတယ်။" ဟု သူကရှင်းပြခဲ့ပါသည်။
အသိပညာနှင့် ကြိုတင်ပြင်ဆင်ခြင်းတွေက Ricky၏ ဗျူဟာမြောက် စီမံခန့်ခွဲမှုအတွက် မရှိမဖြစ်အရေးပါသော အစိတ်အပိုင်းများ ဖြစ်ပါသည်။ " ဆီးချိုအဖွဲ့တွေမှာ ပါဝင်တာ၊ အမျိုးအစား ၁ဆီးချိုရောဂါရဲ့ အခြေခံနှင့် ပတ်သက်ပြီး အုတ်မြစ်ခိုင်ခိုင်မာမာ ရှိတာတွေက အင်မတန် အကူအညီဖြစ်ပါတယ်။"ဟု Rickyက အလေးပေးပြောကြားခဲ့ပါသည်။
အင်ဆူလင်နှင့် ဆီးချိုတိုင်းကိရိယာတွေကို ရရှိခြင်းက သူ့ကျန်းမာရေးကို စီမံရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းက အရေးကြီးကြောင်း စိတ်ဖိစီးနေသည့် Rickyအတွက် အင်မတန် အရေးပါပါသည်။ "တစ်နေ့မှာတော့ ကျွန်တော်တို့က ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင်ဂရုစိုက်ရမှာပါပဲ။" ဟု Rickyက အခိုင်အမာပြောကြားခဲ့ပါသည်။
အစားအသောက်ရွေးချယ်မှုနှင့် ဘဝနေထိုင်မှုပုံစံများတွင်မူ Rickyသည် ကျန်းမာရေးကို ဦးစားပေးသည့် ဆုံးဖြတ်ချက်များ၊ ကာဘိုဟိုက်ဒရိတ်ပါဝင်မှု နည်းသည့် အစားအစာများကို ရွေးချယ်ခြင်းနှင့် ကျန်းမာရေးကောင်းမွန်စေရန် ထောက်ကူပေးနိုင်သော အချိန်ပိုင်းအစာဖြတ်ခြင်းနည်းများကို ဦးစားပေးခဲ့ပါသည်။
အမျိုးအစား ၁ဆီးချိုရောဂါနှင့် ရှင်သန်နိုင်ရန် ကြံ့ကြံ့ခိုင်နိုင်စွမ်းနှင့် လိုက်လျောညီထွေလုပ်နိုင်စွမ်းက လိုအပ်ကြောင်း Ricky၏ ဖြတ်သန်းမှုက ဥပမာပေးခဲ့ပါသည်။ သူ၏ ဘဝစိန်ခေါ်မှုများကို ကြိုတင်ပြင်ဆင်တတ်သည့် စီမံမှုနှင့် အထောက်အပံ့ဖြစ်စေသည့် လူမှုအသိုင်းအဝိုင်းမှတဆင့် ဆုံးဖြတ်ချက်ခိုင်မာစွာ အကောင်းမြင်စိတ်နှင့်အတူ ရင်ဆိုင်ခဲ့ပါသည်။