T1D အချက်အလက်
ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ
ကျွန်ုပ်တို့အကြောင်း
သွေးတွင်းအချိုဓာတ်ကို ဘာလို့ပုံမှန်စစ်သင့်တာလဲ?
တည်းဖြတ်ချက်များ 06.05.2026
သွေးတွင်းအချိုဓာတ်ဆိုတာ သွေးထဲမှာရှိတဲ့ ဂလူးကို့စ်(သကြား) ပမာဏဖြစ်ပါတယ်။ ဂလူးကို့စ်ကို အစားအသောက်ကနေရရှိသလို အသည်းနှင့်ကြွက်သားတွေမှာမှာသိုလှောင်ထားတဲ့ ဂလူးကို့စ်တွေကိုလည်း ခန္ဓာကိုယ်က ထုတ်လွှတ်ပေးပါသေးတယ်။ ဂလူးကို့စ်ဟာ ခန္ဓာကိုယ်တစ်ခုလုံးက ဆဲလ်တွေအလုပ်လုပ်ဖို့ အဓိကစွမ်းအင်ရင်းမြစ်ဖြစ်ပြီးတော့ ဂလူးကို့စ်ဓါတ် ဆဲလ်တိုင်းကိုရောက်ဖို့ သွေးကသယ်ဆောင်ပေးပါတယ်။
သွေးတွင်းအချိုဓာတ်နေ့စဥ်စစ်ဆေးတယ်ဆိုတာ ဆီးချိုရောဂါထိန်းချုပ်ခြင်းနဲ့ နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်ရာမှာ အရေးပါလှတဲ့စစ်ဆေးမှုဖြစ်ပါတယ်။ မိမိရဲ့သွေးတစ်စက်ထဲမှာသွေးတွင်းအချိုဓာတ်ပမာဏကို ဂလူကိုမီတာ (glucometer) လို့ခေါ်တဲ့ ကိရိယာထဲကို လက်ချောင်းကသွေးအနည်းငယ်ထည့်လိုက်ရုံနဲ့ စက်မျက်နှာပြင်မှာဖော်ပြတဲ့အဖြေကိုဖတ်ခြင်းအားဖြင့် မိမိတို့အိမ်/ကျောင်းမှာတင် စမ်းသပ်စစ်ဆေးနိုင်ပါတယ်။
"အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေအတွက်တော့ သွေးတွင်းအချိုဓာတ်စစ်ဆေးတာဟာ နေ့စဉ်လိုအပ်တဲ့ အင်ဆူလင်ပမာဏ၊ စားသုံးနေတဲ့အစားအစာနဲ့ မိမိရဲ့နေထိုင်မှုဘဝပုံစံတွေကို ဟန်ချက်ညီအောင် ဘယ်လိုထိန်းညှိနေသလဲဆိုတာကိုသိရှိနိုင်တဲ့ အကောင်းဆုံးနည်းပဲ ဖြစ်ပါတယ်။
"
- မိမိထိုးလိုက်တဲ့ အင်ဆူလင် အလုပ်လုပ်/မလုပ် စောင့်ကြည့်စစ်ဆေးဖို့
- မိမိရဲ့ သွေးချို တက်နေလား/ကျနေလား သိဖို့
- အစားအသောက်နဲ့ လေ့ကျင့်ခန်းတို့ရဲ့ သွေးတွင်းအချိုဓာတ်အပေါ်သက်ရောက်ပုံတွေကို နားလည်ဖို့
- နေထိုင်မကောင်းဖြစ်တဲ့အခါ ဒါမှမဟုတ် စိတ်ဖိစီးမှုများတဲ့အခါ သွေးတွင်းအချိုဓာတ်အပေါ်သက်ရောက်မှုရှိတယ်ဆိုတာ နားလည်ဖို့ပဲ ဖြစ်ပါတယ်။
သွေးတွင်းအချိုဓာတ်တွေကို ကောင်းကောင်းမထိန်းချုပ်နိုင်တဲ့အခါ ရေတိုပြသနာဖြစ်တဲ့ သွေးတွင်းအချိုဓါတ်ကျဆင်းခြင်း (ဟိုက်ပို)အပြင် သွေးတွင်းအချိုဓါတ်လွန်ကဲစွာတက်ခြင်းကြောင့် ဆီးချိုဆိပ်တက်ခြင်းနဲ့ ဆီးချိုရောဂါကြောင့် သတိလစ်မေ့မြောခြင်းတို့အထိဖြစ်ပွားနိုင်ပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်ပါတယ်။
ဆီးချိုရောဂါကိုကောင်းကောင်းကုသထိန်းချုပ်မှုမပြုလုပ်ရင် ရေရှည်မှာ နှလုံး၊ ကျောက်ကပ်၊ မျက်လုံးနဲ့ အာရုံကြောတို့လို ခန္ဓာကိုယ်ရဲ့အရေးပါတဲ့အင်္ဂါတွေကို ထိခိုက်စေနိုင်ပြီး ရုတ်တရက်နှလုံးထိခိုက်ခြင်း၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ပျက်ခြင်း၊ မျက်စိကွယ်ခြင်းနဲ့ အာရုံကြောပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။
နေထိုင်မကောင်းဖြစ်ခြင်းက ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့ အင်ဆူလင်ပမာဏအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ မိမိရဲ့ သွေးချိုပမာဏကို မှန်မှန်စစ်ဆေးခြင်းက ဆီးချိုကုထုံးကို ပြောင်းဖို့ လိုမလို (ဥပမာ - အင်ဆူလင် အတိုးအလျှော့ လုပ်ဖို့ လို မလို) ကို ဆရာဝန်ကဆုံးဖြတ်တဲ့နေရာမှာ အကူအညီပေးနိုင်ပါလိမ့်မယ်။
အသက်ကြီးလာတာနဲ့အမျှ မိမိရောဂါအတွက် အုပ်ထိန်းသူမိဘတွေကို အားမကိုးဘဲ ဆရာဝန်ရဲ့လမ်းညွှန်ချက်နဲ့အညီ မိမိကိုယ်တိုင် လိုက်နာလုပ်ဆောင်နိုင်အောင်လေ့လာသင်ယူဖို့က အရေးကြီးပါတယ်။
နောက်ထပ်ဆောင်းပါးများကိုရှာဖွေပါ
So sánh tiểu đường tuýp 1 với tiểu đường tuýp 2: Phân biệt đúng để tránh điều trị sai
Duy trì mức glucose trong máu khi điều trị tiểu đường type 1: Cách kiểm soát insulin trong vùng an toàn
အမျိုးအစား ၁ ဆီးချိုသွေးချိုရောဂါ (T1D) ကိုကျော်ဖြတ်ခြင်း။ "ရောဂါရှာဖွေခြင်းထက်ပိုသော- အမျိုးအစား 1 ဆီးချိုသွေးချိုရောဂါကို ကောင်းမွန်စွာ ကျော်ဖြတ်နေထိုင်ခြင်း"