T1D အချက်အလက်
ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ
ကျွန်ုပ်တို့အကြောင်း
#ဆီးချိုစိတ်ဒဏ်ရာအဆုံးသတ်ရေး- ဆီးချိုရှိသူတွေအတွက် အားလုံးပါဝင်နိုင်တဲ့ စကားလုံးတွေ အသုံးပြုခြင်း
တည်းဖြတ်ချက်များ 06.05.2026
ဆီးချိုရောဂါနဲ့ နေထိုင်သူတွေ (PwD) အတွက်တော့ နေ့တိုင်းက ခဲရာခဲဆစ်ဖြစ်နိုင်သလို ဆီးချိုရောဂါမရှိသူတွေအတွက်လည်း ဒီရောဂါက ဘယ်လောက်ရှုပ်ထွေးတယ်၊ သူ့ကို စီမံထိန်းညှိဖို့ ဘယ်လောက်စိန်ခေါ်မှုများတယ်ဆိုတာ နားလည်ဖို့ မလွယ်ပါဘူး။ အထူးသဖြင့် သတင်းအချက်အလက်မှားတွေ အများကြီးရှိတဲ့အပြင် ဆီးချိုစိတ်ဒဏ်ရာကလည်း ရှိနေတဲ့အချိန်မှာပေါ့။
PwD ကိုထောက်ကူပေးခြင်းရဲ့ အဓိကကျတဲ့အပိုင်းကတော့ နားလည်မှု၊ စာနာမှုနဲ့ စိတ်ဒဏ်ရာကင်းစင်တဲ့ ပပတ်ဝန်းကျင်တစ်ခု တည်ဆောက်ပေးနိုင်တဲ့ အားလုံးပါဝင်နိုင်သော၊ ဝေဖန်သုံးသပ်ခြင်းမရှိသော၊ အားပေးသော စကားလုံးတွေ အသုံးပြုတာပဲဖြစ်ပါတယ်။
"""လိုက်နာ""ဒါမှမဟုတ် ""မလိုက်နာ""လိုမျိုး အမည်တံဆိပ်ကပ်တဲ့ စကားလုံးတွေ သုံးတဲ့အခါ PwD တစ်ဦးကို အပြစ်ရှိစိတ်၊ စိုးရိမ်ကြောက်ရွံ့စိတ်နဲ့ ရှက်စိတ်တွေ ခံစားရစေတာကြောင့် အထောက်အကူ မဖြစ်ပါဘူး။"
ကျွန်တော်တို့ ချဉ်းကပ်သင့်တဲ့ ပိုကောင်းတဲ့နည်းလမ်းကတော့ သူတို့ ဘာကြောင့်လုပ်တာလဲ ဆိုတာနဲ့ ဘာတွေ လုပ်နေတာလဲဆိုတာကို နားလည်ပေးဖို့ပါ။ ဒီအတွက် သူတို့ရဲ့ ယုံကြည်မှုတွေ၊ ကြောက်ရွံ့မှုတွေ၊ စိတ်ဝင်စားမှုနဲ့ သူတို့ရဲ့ကုထုံးကို သင်စီစဉ်နေတဲ့အချိန်အတွင်း ဖြစ်လာသမျှ ကိစ္စရပ်တိုင်းနဲ့ပတ်သက်ပြီး သူတို့နဲ့ စကားပြောကြည့်ဖို့ လိုပါလိမ့်မယ်။
ဒါမှသာ ပန်းတိုင်တွေ သတ်မှတ်တဲ့အခါ လက်တွေ့ဆန်ဆန်နဲ့ လုပ်ဆောင်လို့ အဆင်ပြေနိုင်ပြီး ရေရှည်ခံနိုင်မှာဖြစ်ပါတယ်။ အပြန်အလှန်ဆက်သွယ်မှုရှိတာက ပိုကောင်းတဲ့ ရလဒ်တွေပေးနိုင်သလို PwD တစ်ဦးအတွက် ကျန်းမာကြံ့ခိုင်မှု ပိုတိုးတက်လာစေပါတယ်။
တစ်ဦးတစ်ယောက်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အဓိကထားတဲ့ 'စီမံထိန်းညှိ'၊ 'ဘေးကင်း/ဘေးမကင်း'စတဲ့ စကားလုံးတွေအသုံးပြုပြီး ဝေဖန်သုံးသပ်ခြင်းကင်းတဲ့ စကားစပ်ကို တည်ဆောက်တာက အကောင်းဆုံးပါ။ 'မကောင်း'၊ 'ထိန်းချုပ်'၊ 'လိုက်နာစောင့်ထိန်း'တို့လို နာမဝိသေသနတွေ အသုံးပြုတာက ဝေဖန်သုံးသပ်ရာရောက်ပြီး စိတ်ခွန်အားကျဆင်းစေနိုင်ပါတယ်။
"""မင်းရဲ့ ဆီးချိုရောဂါက အခြေအနေမကောင်းဘူးနော်။ လိုက်နာစောင့်ထိန်းမှုလည်း မရှိဘူး""လို့ PwD တစ်ဦးကို ပြောလိုက်တာက အားပေးရာမရောက်နိုင်ပါဘူး။ ဒီလိုပြောမယ့်အစား ""မင်းရဲ့ သွေးတွင်းသကြားဓာတ်ကို ကောင်းကောင်း မစီမံနိုင်ရင် ရေရှည်ကျန်းမာရေးအတွက် ဘေးကင်းနိုင်မှာမဟုတ်ဘူး"" လို့ပြောပေးပါ။"
တစ်စုံတစ်ယောက်ဟာ ဆီးချိုရောဂါရှိနေလို့ ဝေဖန်ခံရတယ်၊ ခွဲခြားဆက်ဆံခံရတယ် ဒါမှမဟုတ် ဆိုးဆိုးဝါးဝါး ဆက်ဆံခံရတယ်ဆိုရင် ဒါကို ဆီးချိုစိတ်ဒဏ်ရာလို့ ခေါ်ပါတယ်။ တချို့ဖြစ်ရပ်တွေမှာ ဆီးချိုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်မှားတွေကြောင့်လည်း ဒီလိုဖြစ်တတ်တဲ့အတွက် တခြားသူတွေကို အသိပညာပေးထားတာ ကောင်းပါတယ်။
အမျိုးအစား ၁ ဆီးချိုရောဂါ ရှိတဲ့အခါ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစားစနစ်က အင်ဆူလင်ထုတ်ပေးတဲ့ ပန်ကရိယဆဲလ်တွေကို တိုက်ခိုက်ပါတယ်၊ ဆိုလိုတာက ပန်ကရိယက အင်ဆူလင် မထုတ်နိုင်တော့ပါဘူး။
အမျိုးအစား ၂ ဆီးချိုရောဂါရှိသူတွေအတွက်တော့ ပန်ကရိယက အရင်လောက် အင်ဆူလင်များများမထုတ်နိုင်တော့ဘဲ ခန္ဓာကိုယ်က အင်ဆူလင်အာနိသင်ကို ခုခံနိုင်လာပါတယ်။
ကိုယ်ဝန်ဆောင်ဆီးချိုကတော့ နောက်အမျိုးအစားတစ်မျိုးပါ။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ခန္ဓာကိုယ်က အင်ဆူလင် အလုံအလောက် မထုတ်ပေးနိုင်တဲ့အခါ ဖြစ်လာတတ်ပါတယ်။
အမျိုးအစား ၁ ရော၊ အမျိုးအစား ၂ နဲ့ပါ မတူတဲ့ ရှားပါးဆီးချိုရောဂါတစ်မျိုးဖြစ်တဲ့ Maturity-Onset Diabetes of the Young (MODY) ဆိုတာလည်း ရှိပါတယ်။ သူက မိသားစုမျိုးရိုးလိုက်လေ့ရှိပါတယ်။
နောက်ထပ် Latent Autoimmune Diabetes of Adults (LADA) ဆိုတာက ကိုယ်ခံအားစနစ်ပြန်လည်တိုက်ခိုက်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အရွယ်ရောက်ချိန်မှာ စတင်ဖြစ်လာကာ ရောဂါတွေ့ရှိပြီးနောက် အနည်းဆုံး ခြောက်လအတွင်း အင်ဆူလင် မလိုအပ်တဲ့ ပါ။
ဒါပေမယ့် လူတော်တော်များများမှာ မှားယွင်းတဲ့ ယုံကြည်မှုတွေ၊ ပုံသေကားကျပုံစံတွေ အများကြီး ရှိနေနေဆဲပါ။ ဥပမာ မတူညီတဲ့ ဆီးချိုရောဂါအမျိုးအစားတွေကို ရောထွေးနေကြတာ ဒါမှမဟုတ် ရောဂါရှိသူကို အပြစ်တင်တာမျိုး။
ဒီလို ဆီးချိုစိတ်ဒဏ်ရာတွေက PwD တွေကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေပြီး သူတို့ရောဂါအကြောင်းကို မပြောမိအောင် တားလိုက်သလိုပါပဲ။ လူတွေက ကိုယ့်ရဲ့ဆီးချိုရောဂါကို ဖုံးကွယ်လိုက်ပြီး ဆီးချိုရောဂါ ကုသစောင့်ရှောက်မှုမှာ သိပ်မပါဝင်ဖြစ်တော့တာမျိုး ဖြစ်လာစေနိုင်ပါတယ်။
ဆီးချိုရောဂါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ပြောဆိုပုံက သူတို့တွေ ဘယ်လိုခံစားသွားမလဲ၊ ကိုယ့်ရောဂါကိုယ် ဘယ်လိုတွေးမြင်သလဲဆိုတဲ့အပေါ် သက်ရောက်မှုကြီးမားပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်မှာ နဲ့/သို့မဟုတ် ပြုစုစောင့်ရှောက်သူအဖြစ် အလုပ်လုပ်သူတွေမှာ နားလည်မှု၊ အကောင်းမြင်မှုနဲ့ ထိရောက်တဲ့ စီမံထိန်းညှိမှုကို ဖြစ်စေတဲ့ ဝန်းကျင်တစ်ခု ဖန်တီးမယ်ဆိုရင် PwD တွေနဲ့ ပိုမိုကောင်းမွန်တဲ့ ချိတ်ဆက်မှုနဲ့ ရလဒ်တွေ ရှိလာစေနိုင်ပါတယ်။
သူတို့ရဲ့ အတွေး၊ ခံစားချက်နဲ့ စိန်ခေါ်မှုတွေကို သင်က လေးစားပေးလိုက်တဲ့အခါ PwD တွေအနေနဲ့ ကိုယ့်ရဲ့စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ခံစားချက်ပိုကောင်းလာပါတယ်။
ဆီးချိုရောဂါရှိသူတွေကို ပိုနားလည်ပြီး ထိရောက်စွာ ထောက်ပံ့ပေးနိုင်စေဖို့ ဆီးချိုရောဂါအကြောင်းကို လေ့လာဖို့ အရေးကြီးပါတယ်။
တစ်နည်းက ဆေးဝါးတွေ၊ သူတို့လိုအပ်တဲ့ စက်ပစ္စည်းတွေအပါအဝင် PwD တွေ နေ့စဉ်ဖြတ်သန်းနေထိုင်သမျှတွေနဲ့ သူတို့ရင်ဆိုင်ရတဲ့ ပြဿနာတွေကို ရှာဖွေတာဖြစ်ပါတယ်။
အများစုက ဆီးချိုရောဂါကို တလွဲနားလည်ကြပြီး ဆီးချိုရောဂါတွေအားလုံး အတူတူပဲလို့ ထင်ကြပါတယ်။ ဆီးချိုရောဂါရှိသူတွေမှာ မတူညီတဲ့ အတွေ့အကြုံတွေ ရှိကြတာမို့ အပေါ်ယံသုံးသပ်ပြီး ဒီအတွေ့အကြုံတွေကို ပစ်ပယ်တာတွေ မလုပ်ဖို့ အရေးကြီးပါတယ်။
"""ဆီးချိုရောဂါရှိရင် အချိုမစားရဘူး""လို့ပြောမယ့်အစား ""PwD တွေက ကာဗိုဟိုက်ဒရိတ်စားသောက်ပုံကို စီမံထိန်းညှိဖို့လိုတယ်၊ ဒါပေမယ့် ထိုက်သင့်သလောက် ကောင်းကောင်းစားလို့ ရပါသေးတယ်""လို့ ပြောနိုင်ပါတယ်။"
အပေါ်ယံကောက်ချက်ချတာတွေမလုပ်ဘဲ လူကိုပဲ အာရုံထားပေးမယ်ဆိုရင် PwD တွေအနေနဲ့ ပိုပြီးနားလည်လာမယ်၊ စွမ်းဆောင်ရည်မြင့်လာပြီး တန်ဖိုးထားတတ်လာပါမယ်။
လူကိုအဓိကထားတဲ့ စကားလုံးတွေဆိုတာ သူတို့ရဲ့ ရောဂါထက် လူပုဂ္ဂိုလ်အပေါ် အဓိကထားတာ ဖြစ်ပါတယ်။ "ဆီးချိုရောဂါရှိသူ"လို့ ပြောတဲ့အခါ သတိထားပါ။
ပိုပြီးလေးလေးစားစား ဖြစ်ချင်တယ်ဆိုရင် "ဆီးချိုရောဂါနဲ့ ယှဉ်တွဲနေထိုင်သူ"လို့ ပြောတာပိုအကျုံးဝင်ပါတယ်။ တချို့က ဘာမှမဖြစ်ပေမယ့် တချို့က တစ်မျိုးခံစားသွားရနိုင်ပါတယ်။
ဒီနည်းလမ်းက လူတစ်ယောက်ရဲ့ ရောဂါက လူကို မသတ်မှတ်စေနိုင်ဘူးဆိုတဲ့အချက်ကို မြှင့်တင်ပေးပါတယ်။ ဒီနည်းက ဆီးချိုစိတ်ဒဏ်ရာကို လျော့နည်းစေနိုင်ပါတယ်။
ဆီးချိုရောဂါရှိသူ တစ်ယောက်နဲ့ ဆက်သွယ်နိုင်မယ့် နည်းလမ်းကောင်းတစ်ခုက သူတို့ဘယ်လိုခံစားနေရသလဲဆိုတဲ့ လွတ်လပ်တဲ့မေးခွန်းတွေ မေးတာပါပဲ။
"""သောက်ရမယ့် ဆေးဝါးအစီအစဉ်ကို လိုက်နာပြီး စားသောက်ပုံနဲ့ လေ့ကျင့်ခန်းနဲ့ ဆီးချိုထိန်းညှိခဲ့ပါသလား""လို့ မေးမယ့်အစား""ဒီနေ့ဘယ်လိုခံစားရလဲ။ ရောက်လာပေးတာ ကျေးဇူးတင်ပါတယ်။ လတ်တလော လေ့ကျင့်ခန်းလုပ်တာ ဘယ်လိုနေလဲ။""လို့ မေးကြည့်ပါ။"
ဒီနည်းက အားပေးတဲ့ လေသံနဲ့ ပွင့်လင်းတဲ့ဆက်သွယ်မှုကို မြှင့်တင်ပေးပါတယ်။
ဆီးချိုရောဂါကို ဂရုစိုက်တယ်ဆိုတာ အဆက်မပြတ် အားစိုက်၊ အာရုံစိုက်ထားရတာပါ။ ဆီးချိုရောဂါ မရှိသူတွေအနေနဲ့ ဆီးချိုရောဂါရှိတဲ့ သူငယ်ချင်းတွေ ဒါမှမဟုတ် မိသားစုမှာ ဖြတ်သန်းနေရတဲ့ နေ့စဉ်ရုန်းကန်မှုတွေနဲ့ အားထုတ်ရတာတွေကို အသိအမှတ်ပြုပေးပြီး ထောက်ပံ့ပေးနိုင်ပါတယ်။
"""ဆီးချိုရောဂါထိန်းညှိဖို့ ကြိုးစားနေတာကို လေးစားတယ်""ဒါမှမဟုတ် ""မလွယ်ဘူးဆိုတာ သိပေမယ့် မင်းက တကယ်ကြိုးစားနေတာပဲ""ဆိုတာတွေပြောပြီး သူတို့စိတ်ခံစားချက်ပိုကောင်းအောင် ကူညီပေးနိုင်ပါတယ်။"
သူတို့ဘက်က မတောင်းဆိုဘဲနဲ့ PwD တွေအတွက် အကြံပြုချက်တွေ မပေးပါနဲ့။
ဆီးချိုရောဂါမရှိသူ အတော်များများက ရည်ရွယ်ချက် ကောင်းရင်ကောင်းနိုင်ပေမယ့် သူတို့ရဲ့ စကားတွေက ထိခိုက်နာကျင်ရပြီး နှိမ့်ချတတ်ပါတယ်။
အဲဒီအစား ထောက်ပံ့အားပေးလိုက်ပါ။ သူတို့က အကူအညီတောင်းလာခဲ့ရင် မှန်ကန်တဲ့အကြံဉာဏ်ကိုပေးပြီး သင်ဟာ ဆေးပညာပရော်ဖက်ရှင်နယ်တစ်ဦး မဟုတ်ကြောင်း သူတို့ကို သတိပေးပါ။
ဒီအတွက် အကူအညီဖြစ်မယ့် နည်းလမ်းတစ်ခုက ဆီးချိုရောဂါရှိသူတိုင်းကို မျှမျှတတ ဆက်ဆံခံရစေဖို့ သေချာစေမယ့် နည်းလမ်းတွေ၊ မူဝါဒတွေနဲ့ ဥပဒေတွေ ထောက်ပံ့ပေးဖို့ပါ။ ဥပမာ www.enddiabetesstigma.org မှာ ကတိပြုပေးနိုင်ပါတယ်။
ချစ်ခင်ရသူတစ်ဦးကို ဂရုစိုက်ထောက်ပံ့ပေးသူတွေဟာ ဆီးချိုစိတ်ဒဏ်ရာကို လျော့နည်းစေနိုင်ပြီး ခွန်အားကိုအခြေခံတဲ့၊ အားလုံးပါဝင်နိုင်တဲ့၊ အားပေးတဲ့ စကားလုံးတွေသုံးပြီး ဆီးချိုရောဂါရှိသူတွေနဲ့ အဓိပ္ပာယ်ရှိတဲ့ ဆက်သွယ်မှုတွေ လုပ်ဆောင်နိုင်ပါတယ်။
PwD တွေဟာ ဆီးချိုရှိတာအတွက်နဲ့ ဝေဖန်ခံရဖို့၊ အပြစ်တင်ခံရဖို့ ဒါမှမဟုတ် အရှက်ရစေဖို့ အကြောင်းမရှိပါဘူး။ ဒါဟာ သူတို့အမှား မဟုတ်ပါ။
အဲဒီအစား ကျွန်တော်တို့တွေက ဆီးချိုရောဂါအကြောင်းကို လေ့လာတာ၊
ထင်မြင်ယူဆချက်တွေမလုပ်တာ၊ လူပုဂ္ဂိုလ်အဓိကထားတဲ့နည်းလမ်းနဲ့ စကားပြောတာနဲ့ PwD တွေရဲ့ အားထုတ်မှုနဲ့ တိုးတက်မှုကို အသိအမှတ်ပြုတာတွေနဲ့ လူ့အဖွဲ့အစည်းက ပိုနားလည်လက်ခံလာအောင် လုပ်နိုင်ပါတယ်။
ဒီလိုစကားလုံးအပြောင်းအလဲက PwD တွေရဲ့ဘဝမှာ ကြီးမားတဲ့ကွာခြားချက် ရှိစေနိုင်ပြီး လူ့အသိုက်အဝန်းမှာ ပိုလက်ခံလာပြီး ဂရုစိုက်လာအောင် ကူညီပေးပါတယ်။