T1D အချက်အလက်
ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ
ကျွန်ုပ်တို့အကြောင်း
အမျိုးအစား ၁ ဆီးချိုရောဂါနှင့်မိဘအုပ်ထိန်းမှုနှင့်ဆက်ဆံရေး
တည်းဖြတ်ချက်များ 06.05.2026
အမျိုးအစား ၁ ဆီးချိုရောဂါ ရှိသူအား ထောက်ပံ့အားပေးခြင်းနှင့် ချစ်ခြင်းသည် မိသားစု၊ သူငယ်ချင်းများ သို့မဟုတ် အချစ်ရေးတွင် ခံစားချက်နှင့် လက်တွေ့ကျသော သက်ရောက်မှုများ ရှိနိုင်သည်။
အမျိုးအစား ၁ ဆီးချိုရောဂါ နှင့် နေထိုင်ရာတွင် မိသားစု၊ သူငယ်ချင်းများ လက်တွဲဖော်နှင့်အတူ စီမံခန့်ခွဲနေထိုင် ခြင်းကတစ်ဦး နဲ့ တစ်ဦး ပိုမိုရင်းနှီးစေပြီး နှောင်ကြိုးများကို လဲခိုင်ခံ့စေပါသည်။
တစ်ဦးနှင့်တစ်ဦး ပံ့ပိုးကူညီနိုင်စေရန် ဆက်ဆံရေးအားလုံးတွင် ပွင့်လင်းစွာ ပြောဆိုဆက်ဆံမှုရှိရန် အရေးကြီးပါသည်။
အမျိုးအစား ၁ ဆီးချိုရောဂါ ရှိသည်ဆိုတဲ့ဖိအားနဲ့အတူ သင့်လူမှုဘ၀ဆက်ဆံရေး နှင့် ဘုံပြဿနာများ ကိုအတူတူရင်ဆိုင်ဖြေရှင်းကြရင်း သင့်အချစ်ရေး ၊ မိသားစုချင်းဆက်ဆံရေးများတွင်
မောင်နှမအချင်းချင်းကြားပြိုင်ဆိုင်ခြင်း
သင့်မှာ အမျိုးအစား ၁ ဆီးချိုရောဂါ ရှိတဲ့ ကလေးတစ်ယောက်ရှိတဲ့အခါ သင့်ရဲ့ တခြားကလေးတွေကို အာရုံစိုက်ဖို့အချိန် နည်းလာပါတယ်။
ပုံမှန်ဆေးရုံရက်ချိန်းများကြောင့် သင့်ကလေး၏ဆေး၊ အစားအသောက်နှင့် လေ့ကျင့်ခန်းများကို အာရုံစိုက်ရခြင်းကြောင့် အခြားမွေးချင်းကလေးမျာက သူတို့အတွက်သင်အချိန်ပိုပေးတာပိုနည်းသွားသည်ဟု ခံစားရစေနိုင်သည်။
သင့် အမျိုးအစား ၁ ဆီးချိုကလေးအနေနှင့် ၎င်းတို့စားသည့်အစာနှင့် အခြားအရာများကို ကောင်းမွန်စွာထိန်းချုပ်စီမံခန့်ခွဲရန် ခက်ခဲသည်။ ဤကဲ့သို့ထိန်းချုပ်ရခြင်းမှာ ချစ်ခြင်းမေတ္တာကြောင့်ဖြစ်ပြီး သူ့အား ကျန်းမာပျော်ရွှင်စွာ နေထိုင်စေလိုခြင်းကြောင့်ဖြစ်ကြောင်း သင့်ကလေးကို အသိပေးကြည့်ပါ။
သင့်မိသားစုအတွင်း မနာလိုစိတ်များ လျော့ပါးစေရန် ကြိုးစားနည်းမှာ အမျိုးအစား ၁ ဆီးချိုရောဂါ စီမံခန့်ခွဲမှုတွင် တစ်မိသားစုလုံး ပါဝင်ပြီး သင်တတ်နိုင်သမျှ မျှဝေရန်ဖြစ်သည်။
HelloType1 ကို သင့်ကလေးအားလုံးနဲ့ မျှဝေခြင်းဖြင့် သူတို့ကို ပညာပေးဖို့နဲ့ အထီးကျန်တယ်လို့ မခံစားမိစေဖို့ ကူညီပေးကြပါစို့ ။ ဘယ်လိုနေထိုင်တယ်ဆိုတာကို တခြားကလေးတွေ နဲ့ HelloType1 မျှဝေပေးခြင်းဖြင့်သူတို့ရဲ့ မွေးချင်းကလေးသည် အမျိုးအစား ၁ ဆီးချိုရောဂါ ဘယ်လိုနေထိုင်နေရသည်ကို ပိုမိုနားလည်လာပါလိမ့်မည်။
ကွဲကွာနေသော မိဘများ
ခွဲခွာရခြင်းသည် အကြောင်းအမျိုးမျိုးကြောင့် နာကျင်ရနိုင်သည်။
သင့်တွင်အမျိုးအစား၁ဆီးချိုရောဂါရှိသောကလေးတစ်ဦးရှိသောအခါ မိဘနှစ်ပါလုံးနှင့် ၎င်းတို့ရဲ့ အိမ်များက ဆီးချိုရောဂါကိုကောင်းစွာထိန်းချုပ်ကုသတတ်ရန်အရေးကြီးသည်။
မည်မျှပင်ခက်ခဲပါစေ၊ သင့်ကလေး၏ အမျိုးအစား ၁ ဆီးချိုရောဂါအကြောင်း နှင့် ပတ်သက်ပြီး ကောင်းမွန်စွာ ဆက်သွယ် ပြောဆိုဆက်ဆံရန် အရေးကြီးပါသည်။
သင့်ကလေး၏ ကုသမှုနှင့် လုပ်ရိုးလုပ်စဉ်များနှင့် ပတ်သက်သည့် နောက်ဆုံးအခြေအနေများကို တစ်ယောက်နှင့် တစ်ယောက် အကြောင်းကြားနိုင်ဖို့ စီစဉ်ထားရန် အရေးကြီးပါသည်။
လက်တွဲဖော်အသစ်များနှင့် မိသားစုဝင်များ မည်သို့ပါဝင်ရမည်ကို သင်လည်း စဉ်းစားရပေမည်။
တစ်ကိုယ်ရေမိဘများ
တစ်ဦးတည်းသောမိဘအနေဖြင့် သင့်မှာ ဖိအားများရှိနေသကဲ့သို့ ခံစားရနိုင်သောအခက်အခဲများနှင့် ရင်ဆိုင်ရနိုင်သည်။
သင့်ပတ်ဝန်းကျင်တွင် သင်နှင့် သင့်ကလေးများကို ပံ့ပိုးကူညီရန် မည်သူရှိသည်ကို ရှာဖွေပါ။ သူတို့ရဲ့အကူအညီကို လက်ခံပါ။
အရေးပေါ်အခြေအနေများ၊ ကလေးကို ပြုစုစောင့်ရှောက်ရန် သို့မဟုတ် ရင်ဖွင့်ရန် အတွက် ကူညီပံ့ပိုးပေးနိုင်သော လူမှုကွန်ရက် သို့မဟုတ် မိသားစုကဲ့သို့ ရင်းနှီးသောသူ ရှိရန် အရေးကြီးပါသည်။
သင့်အမျိုးအစား ၁ ဆီးချိုကလေး T1D ၏စောင့်ရှောက်မှုတွင် ညီအစ်ကိုမောင်နှမများပါ၀င်ကူညီနိုင်သော်လည်း ၎င်းတို့ကို တာဝန်အလွန်အကျွံမပေးမိစေရန် သတိထားပါ။
အဖိုးအဖွား အဒေါ် ဦးလေး
တို့ပါဝင်သောမိသားစု
သင့်ကလေးတွင် အမျိုးအစား ၁ ဆီးချိုရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိသောအခါ အဘိုးအဘွားများ၊ အဒေါ်များ၊ ဦးလေးများ စသည်တို့သည် သင်ကဲ့သို့ပင် စိတ်ရှုပ်ကြ စိတ်ပူနေကြသည်မှာ သဘာဝပင်ဖြစ်သည်။
အချို့သော မိသားစုဝင်များသည် ဆီးချိုအမျိုးအစား ၁ က ဘာလဲ၊ အထူးသဖြင့် မတူညီသော မျိုးဆက်/ယဉ်ကျေးမှုများရှိပါက ၎င်းသည် အဘယ်အရာဆိုသည်ကို နားမလည်နိုင်ဖြစ်တတ်ကြသည်။
HelloType1 ဝဘ်ဆိုက်နှင့် Facebook စာမျက်နှာကို ၎င်းတို့နှင့် မျှဝေပါ။ ထို့နောက် အမျိုးအစား ၁ ဆီးချို သည် သင်နှင့် သင့်ကလေးအတွက် ဘာကိုဆိုလိုသည်ကို ၎င်းတို့ ဖတ်ရှုခြင်း သို့မဟုတ် နားထောင်ခြင်းဖြင့် လေ့လာနိုင်သည်။
တစ်ခါတစ်ရံတွင် လူတိုင်းကို ပညာပေးရန် ပင်ပန်းသည်ဟု ခံစားရနိုင်ပြီး ၎င်းကိုကူညီရန် HelloType1 ကို အသုံးပြုနိုင်သည်။
အချစ်ရေး
အမျိုးအစား ၁ ဆီးချို ရှိခြင်းသည် ရိုမန်တစ်ဆန်သော ဆက်ဆံရေးကို မရရှိနိုင်ဟု မဆိုလိုပါ။
အမျိုးအစား ၁ ဆီးချို ရှိသည့် သင့်ကလေးအား ၎င်းတို့၏ လက်တွဲဖော်ကို ၎င်းတို့၏ အခြေအနေနှင့် ပတ်သက်၍ ရိုးသားစွာအသိပေးရန် အားပေးပါ။
အမျိုးအစား ၁ ဆီးချို အကြောင်း လေ့လာရန် ပွင့်လင်းပြီး နားလည်မှုပေးနိုင်သော ၊ အမျိုးအစား ၁ ဆီးချိုရောဂါ စီမံခန့်ခွဲမှု ကို ပံ့ပိုးပေးနိုင်သော လက်တွဲဖော်ကို ရှာဖွေသင့်သည်။ HelloType1 ကို မျှဝေပါ။
ဆေးရုံရက်ချိန်းများသွားပြရာတွင် ၎င်းတို့၏လက်တွဲဖော်ကို ဖိတ်ခေါ်နိုင်ပါသည်။
အမျိုးအစား ၁ ဆီးချိုရောဂါ ရှိသူတစ်ဦးသည် အခြားသူများကဲ့သို့ပင် အိမ်ထောင်ပြုလိုပါက ပြုနိုင်ပါသည်။
သူငယ်ချင်းများ
အမျိုးအစား ၁ ဆီးချိုရောဂါရှိခြင်းကြောင့် သင့်ကလေးတွင် သူငယ်ချင်းများနှင့် ပျော်ရွှင်စရာ လူမှုရေးပွဲများနှင့် လှုပ်ရှားမှုများတွင် မပါဝင်နိုင်ဟု မဆိုလိုပါ။
အမျိုးအစား ၁ ဆီးချိုရောဂါရှိသောသင့်ကလေးကို တိုက်တွန်းသင့်သည်မှာ သူငယ်ချင်းများကို မိမိအကြောင်းရိုးသားစွာပြောပြရန် နှင့် ထိုသူငယ်ချင်းများ၏ တုံ့ပြန်မှုက ၎င်းတို့သည် သူငယ်ချင်းကောင်းများဟုတ်မဟုတ်ပြောပြပေးလိမ့်မည်။
အမျိုးအစား ၁ ဆီးချိုရောဂါ စီမံခန့်ခွဲမှုတွင် ၎င်းတို့၏ရင်းနှီးသောမိတ်ဆွေများပါ၀င်ရန် အားပေးပါ။ တစ်ယောက်ကိုတစ်ယောက်ကူညီကြည့်ရှုရန်အားပေးပါ။
HelloType1 ကို မျှဝေပြီး အမျိုးအစား ၁ ဆီးချိုရောဂါစီမံခန့်ခွဲမှုတွင် ပညာပေးရန်နှင့် သူငယ်ချင်းများပူးပေါင်းပါဝင်ရန် သင့်ကလေးကို အားပေးပါ။
သင့်ကလေးတွင် အမျိုးအစား ၁ ဆီးချိုရောဂါရှိသော်လည်း၊ ၎င်းတို့သည် သင်၊ မိသားစု၊ သူငယ်ချင်းများနှင့် အချစ်ရေးတွင် လက်တွဲဖော်များနှင့် ကျန်းမာပျော်ရွှင်ပြီး ချစ်ဖွယ်ကောင်းသော ဆက်ဆံရေးများ ရရှိနိုင်ပါသည်။
သင်ဧ။်ချစ်ခင်ရသူများနှင့် ဆေးဘက်ဆိုင်ရာအဖွဲ့များထံမှ အကူအညီတောင်းခံရန်နှင့် လက်ခံရန် မမေ့ပါနှင့်။ သို့မှသာ စိတ်ဖိစီးမှုကို လျှော့ချနိုင်ပြီး မိမိရဲ့ဝန်ထုပ်ဝန်ပိုးကို မျှဝေနိုင်ပါသည်။ သင်ဟာတစ်ယောက်တည်းမဟုတ်ပါဘူး။