T1D အချက်အလက်

Icon

ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ

ကျွန်ုပ်တို့အကြောင်း

အမျိုးအစား 1 ဆီးချိုသွေးချိုရောဂါကြောင့် စိတ်ဖိစီးမှုနှင့် သွေးတွင်းသကြားဓာတ်ကို တွန်းလှန်ခြင်း - ကျောင်းနှင့် အလုပ်တွင် လိုက်နာသင့်သော အလေ့အထများ

တည်းဖြတ်ချက်များ 06.05.2026

Prof Cho Cho Win

Professor of Pediatrics at the 500-bedded Children’s Hospital, Naypyitaw, Myanmar

စိတ်ဖိစီးမှုခန့်မှန်းချက် - နေသာနေသောစိတ်ဖိစီးမှု သို့မဟုတ် မုန်တိုင်းထန်သော စိတ်ဒုက္ခ။

ဘယ်သူမဆို စိတ်ဖိစီးမှုကို ခံစားရနိုင်ပြီး သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျွန်ုပ်တို့က သင်နှင့်အတူ ရှိနေပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO၊ 2022) အရ စိတ်ဖိစီးမှုဆိုသည်မှာ စိန်ခေါ်မှုအခြေအနေများကြောင့် ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာ တင်းမာမှု သို့မဟုတ် စိုးရိမ်ပူပန်မှုတစ်ခုဖြစ်ပါတယ်။ ထိုအရာက လူသားတို့ရဲ့ သာမန်တုံ့ပြန်မှုဖြစ်ပြီးတော့ စိတ်ဖိစီးမှုအပေါ် ကျွန်ုပ်တို့ တုံ့ပြန်လိုက်ပုံက ကျွန်ုပ်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဖော်ပြပေးနိုင်ပါတယ်။

အမျိုးအစား 1 ဆီးချိုသွေးချိုရောဂါ (T1D) ဖြင့် နေထိုင်ခြင်းဆိုသည်မှာ အတက်အဆင်း များနဲ့ နေထိုင်ရခြင်းပဲဖြစ်ပါတယ်။ တစ်ချို့နေ့တွေမှာ အားအင်ပြည့်ဝနေသလိုခံစားရပြီး၊ တစ်ချို့ရက်တွေမှာတော့ အားအင်ကုန်ခမ်းနေသလို ခံစားရပါတယ်။ ထို့အပြင် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိခြင်း၊ အင်ဆူလင်ကို ချိန်ညှိခြင်း၊ အစားအသောက်တွေကို စီစဉ်ရခြင်းနှင့် နောက်ဆက်တွဲပြဿနာတွေကို တွေးတောနေရခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိလာရပါတယ်။ ဆီးချိုသွေးချိုရောဂါရဲ့ စိတ်ဒုက္ခက ဆီးချိုသွေးချိုရောဂါစီမံခန့်ခွဲခြင်းနှင့်သာ သက်ဆိုင်တဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်ပါတယ် (Poole & Hackett, 2024)။ ဆီးချိုသွေးချိုရောဂါက စိုးရိမ်စိတ်တွေများပြီး စိတ်ပျက်ခြင်းနဲ့ စိတ်ပင်ပန်းနွမ်းနယ်မှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါဟာ သင် ရှုံးနိမ့်သွားတာမဟုတ်ဘဲ ဆီးချိုသွေးချိုရောဂါက လွန်စွာမှ ခက်ခဲသောကြောင့်ဖြစ်ပါတယ်။

နေ့စဉ်စိတ်ဖိစီးမှုတွေက သင့်ရဲ့ကျန်းမာရေးကို ထိခိုက်စေသော်လည်း ဆီးချိုသွေးချိုရောဂါမှာ ကိုယ်ပိုင် စိန်ခေါ်မှုတွေရှိပါတယ်။ ထိုအရာတွေကို ခွဲခြားသိမြင်နိုင်ပြီး သင့်အလုံးစုံကျန်းမာရေးကို စီမံခန့်ခွဲဖို့အတွက်က အရေးကြီးပါတယ်။

သွေးတွင်းသကြားဓာတ်မြင့်စေနိုင်သော အချက်များကို ကြည့်ရှုလေ့လာခြင်း

စိတ်ဖိစီးမှုအမျိုးမျိုးတို့ရဲ့ လွှမ်းမိုးမှုကြောင့် သွေးတွင်းသကြားဓာတ်အတက်အကျရှိနိုင်ပါတယ်။

ဤဆောင်းပါးတွင် ကျွန်ုပ်တို့က ထိုကဲ့သို့ အစပျိုးမှုတွေကို 'Sugar shakers'၊ သွေးတွင်းသကြားဓာတ်ကို လှုပ်ခတ်စေသော နေ့စဉ်စိတ်ဖိစီးမှုများဟုခေါ်ပါတယ်။ ဤသည်မှာ ဆေးဘက်ဆိုင်ရာအသုံးအနှုန်းတော့မဟုတ်ပေ၊ စိတ်ဖိစီးမှုက ဆီးချိုရောဂါကို မည်ကဲ့သို့အကျိုးသက်ရောက်နိုင်ကြောင်း ရှင်းပြရန် လွယ်ကူသောခေါ်ဆိုမှုတစ်ခုသာ ဖြစ်ပါတယ်။ လူတိုင်းတွင် မတူညီသောတုံ့ပြန်မှုများရှိသော်လည်း၊ ဤအစပျိုးမှုများကို သိရှိခြင်းက သင့်အားကြိုတင်ပြင်ဆင်နိုင်စေရန် ကူညီပေးနိုင်ပါတယ်။

ယေဘူယျအားဖြင့် သွေးတွင်းသကြားဓာတ်ကို ထိခိုက်စေသော အချက် (၇) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

အဓိက ဖိအား

"စိတ်ဖိစီးမှုများက နေ့စဉ် စိတ်ပိုင်းဆိုင်ရာ တင်းမာမှုကို အထောက်အကူပြုစေပါတယ်။ စိုးရိမ်သောက သို့မဟုတ် ဖိအားများ ကျရောက်လာသောအခါ သင့်ခန္ဓာကိုယ်က သွေးတွင်းသကြားဓာတ်ကို မြှင့်တင်ပေးနိုင်တဲ့ cortisol ကဲ့သို့သော စိတ်ဖိစီးမှုဟော်မုန်းများကို ထုတ်လွှတ်ပေးပါတယ် (Surwit et al., 1992)။

သူ့အပေါင်းအဖော်ကရော? သင်ကစနစ်တကျ လိုက်နာနေချိန်မှာတောင်မှ သင့်ရဲ့ခန္ဓာကိုယ်က အင်ဆူလင်ကို တုံ့ပြန်မှုနည်းစေမယ့် Insulin Blocker ဖြစ်ပါတယ်။"

အိပ်စက်ခြင်း အနှောင့်အယှက်

အိပ်ရေးပျက်တာက သင့်ခန္ဓာကိုယ်က အင်ဆူလင်ကို သုံးစွဲဖို့ ခက်ခဲစေပြီး နောက်ရက်တွေမှာ သွေးတွင်းသကြားဓာတ်ကို မြင့်မားစေပြီး စွမ်းအင်နည်းစေပါတယ်။

သေးငယ်သောဗိုင်းရပ်စ်

အအေးမိခြင်း သို့မဟုတ် ရောဂါပိုးဝင်ခြင်းကဲ့သို့ သေးငယ်သောရောဂါများသည်ပင် သင့်ခန္ဓာကိုယ်မှပိုးမွှားများကို တိုက်ထုတ်နိုင်သောကြောင့် သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။

စိတ်အပြောင်းအလဲမြန်သော မိန်းမလှ

အပျိုဖော်ဝင်စ၊ ရာသီစက်ဝန်းဖြစ်ပေါ်နေချိန် သို့မဟုတ် သွေးဆုံးချိန် (သွေးမဆုံးခင်နှင့် သွေးဆုံးပြီး) ကဲ့သို့သော ဟော်မုန်းအပြောင်းအလဲများက သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်မားခြင်း သို့မဟုတ် နိမ့်ကျခြင်းကို ဖြစ်စေနိုင်ပါတယ် (Chaudhari et al., 2024)။ ဤအပြောင်းအလဲတွေက ခန့်မှန်းရခက်သည်ဟု ခံစားရနိုင်သော်လည်း ၎င်းတို့က ခန္ဓာကိုယ်ရဲ့ သဘာဝစည်းချက်တွေ ဖြစ်ပါတယ်။

အဓိက ဖြစ်ရပ်များ

မိသားစုပြဿနာများ၊ ကျောင်းဖိအားများ သို့မဟုတ် ကိုယ်ရေးကိုယ်တာ ရုန်းကန်မှုများကဲ့သို့သော ဘဝနှင့်ချီသော ဖြစ်ရပ်တွေဟာ စိတ်ခံစားမှုများနဲ့ သွေးတွင်းသကြားဓာတ်တွေကို ရှုပ်ထွေးသွားစေနိုင်ပါတယ်။

မုန့်သူခိုး

စိတ်ဖိစီးမှုက အစာစားချိန်ကျော်လွန်ခြင်း သို့မဟုတ် သကြားများသော သရေစာများကို စားစေနိုင်ပြီး ရုတ်တရက် သွေးတွင်းသကြားဓာတ် ထိုးတက်ခြင်း၊ ကျဆင်းခြင်းများဖြစ်စေနိုင်ပါတယ်။

လေ့ကျင့်ခန်း မမှန်မကန်လုပ်ခြင်း

လေ့ကျင့်ခန်း အလွန်အကျွံ သို့မဟုတ် နည်းပါးလွန်းခြင်းက သင့်သွေးတွင်းသကြားဓာတ်ကို အတက်အကျ ဖြစ်စေနိုင်ပါတယ်။

ယခုဆိုလျှင် ကျွန်ုပ်တို့သည် အဓိကစိတ်ဖိစီးမှုဖြစ်စေသောအချက်များကို ဖော်ထုတ်လိုက်ပြီဖြစ်သောကြောင့်၊ စိတ်ဖိစီးတစ်ခုထဲကပဲ မကောင်းသောအရာမဟုတ်ကြောင်း သတိပြုမိရန် အရေးကြီးပါတယ်။

ဆန်းကျယ်သောအရာ

စိတ်ဖိစီးမှုက ပဋိပက္ခများ၊ ဝမ်းနည်းပူဆွေးမှုများ သို့မဟုတ် စိတ်ပင်ပန်းမှုကဲ့သို့သော ခက်ခဲသောဖြစ်ရပ်များနှင့် မကြာခဏ ဆက်စပ်နေသော်လည်း ကောလိပ်ကျောင်းတက်ခြင်း၊ အလုပ်အကိုင်တစ်ခုအစပြုခြင်း သို့မဟုတ် ချစ်မြတ်နိုးခြင်းကဲ့သို့သော ကောင်းမွန်သောပြောင်းလဲမှုများမှလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။

ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ စိတ်ဖိစီးမှုသည် တစ်နေ့တာလုပ်ရိုးလုပ်စဉ်တွေကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုက တစ်ချို့လူတွေကို ဆုတ်ယုတ်စေပြီ တစ်ချို့သူတွေကို အားတက်စေနိင်ပါတယ်။ လူတိုင်းကတော့ တုံ့ပြန်ပုံချင်းမတူပါဘူး။

ယဉ်ကျေးမှုဆိုင်ရာ အချက်တွေကလည်း အရေးကြီးပါတယ်။ ဥပမာအားဖြင့် ထမင်းကဲ့သို့သော ကာဗိုဟိုက်ဒရိတ်ကြွယ်ဝသောအစားအစာများက အာရှယဉ်ကျေးမှုအချို့တွင် ဆီးချိုရောဂါကို စိန်ခေါ်လျက်ရှိပါတယ်။ အခြားရွေးချယ်စားသောက်နိုင်သော စားစရာများကိုရှာဖွေခြင်းသည် သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေပြီး အစားအသောက်ရွေးချယ်မှုဆိုင်ရာ စိတ်ဖိစီးမှုကိုလည်း လျှော့ချနိုင်ပါတယ်။

အချိန်ကြာလာတာနဲ့အမျှ သွေးတွင်းသကြားဓာတ် ပိုဆိုးလာတဲ့ အမျိုးအစား ၁ ဆီးချိုသွေးချိုရောဂါရှိသူတွေဟာ မကောင်းတဲ့စိတ်ဖိစီးမှု ဖြစ်နိုင်ခြေပိုများကြောင်း လေ့လာမှုတစ်ခုက တွေ့ရှိခဲ့ပါတယ်။ ပိုမိုကောင်းမွန်တဲ့ သွေးတွင်းသကြားစီမံခန့်ခွဲမှုရှိသူများကတော့ ကောင်းမွန်စွာ စိတ်ဖိစီးမှုကိုကျော်လွှားလေ့ရှိပါတယ် (Lloyd et al., 2005)။

ယေဘူယျအားဖြင့် သင်မည်သို့တုံ့ပြန်ပုံကသာလျှင် အရေးကြီးပါတယ်။ သင့်ရဲ့ကိုယ်ရေးကိုယ်တာနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဖိစီးမှုများကို နားလည်ခြင်းက သင့်ဘဝအတွက် အံဝင်ခွင်ကျဖြစ်ပြီးတော့ အကောင်းဆုံးဖြစ်စေမယ့် အစီအစဉ်တစ်ခုကို တည်ဆောက်ရန် ကူညီပေးပါတယ်။

တကယ့်အကြောင်းအရာ

အထူးသဖြင့် နေ့စဥ်တာဝန်များနှင့် ဆီးချိုသွေးချိုရောဂါ စောင့်ရှောက်မှုကို ကိုင်တွယ်ရာတွင် စိတ်ဖိစီးမှုများကို စီမံခန့်ခွဲရန် မလွယ်ကူပါ။ သို့သော် ဆရာဝန်များနှင့် ကုသနေကြသောသူများ အပါအဝင် အမျိုးအစား ၁ ဆီးချိုသွေးချိုရောဂါရှိသူအများအပြားတို့က အဆိုပါစိန်ခေါ်မှုတွေကို ကိုင်တွယ်ရန် နည်းလမ်းတွေကို ရှာဖွေခဲ့ကြပါတယ်။

စိတ်ဖိစီးမှုတွေကို ထိန်းချုပ်နေရင်း သူတို့ရဲ့ ပရော်ဖက်ရှင်နယ်ဘဝနဲ့ ဆီးချိုသွေးချိုရောဂါ စောင့်ရှောက်မှုကြား ကျန်းမာမျှတအောင် ဘယ်လိုထိန်းသိမ်းကြမလဲဆိုတဲ့ ဆွေးနွေးချက်တချို့ကို နားထောင်ကြည့်ရအောင်။

ပထမဦးစွာ၊ ဆေးဘက်ဆိုင်ရာသုတေသန (နှလုံးသွေးကြောဆိုင်ရာဆေးဝါးနှင့်ဆီးချိုရောဂါလေ့လာမှု) တွင်အထူးပြုသောကျန်းမာရေးစောင့်ရှောက်မှုပညာရှင်ဒေါက်တာ Nkiruka Okoro နှင့်တွေ့ဆုံရအောင်။ နိုင်ဂျီးရီးယားတွင် မွေးဖွားပြီး ယခုအခါ စကော့တလန်တွင် အခြေစိုက်ပြီး သူမသည် မိခင်တစ်ယောက်၊ သုတေသီနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်တစ်ဦးအဖြစ် နေ့စဉ် အမျိုးအစား ၁ ဆီးချိုသွေးချိုရောဂါကို စီမံခန့်ခွဲနေပါတယ်။

အလုပ်များတဲ့နေ့တွေမှာ တည်ငြိမ်ပြီး စမတ်ကျနေစေဖို့ သူမရဲ့ အဓိက အလေ့အကျင့် (၆) ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁. ဦးစားပေးပြီး စီစဉ်ပါ - အချိန်စီမံခန့်ခွဲမှု

"ကျွန်မက ထိရောက်သောအချိန်စီမံခန့်ခွဲမှုကို အလေးထားပါတယ်။ ကျွန်မရဲ့အလုပ်၊ လေ့လာမှုများနဲ့ ဆီးချိုရောဂါစောင့်ရှောက်မှုတို့နှင့်အတူ လုပ်ဆောင်နိုင်သော လုပ်ရိုးလုပ်စဉ်တစ်ခုကို ဖန်တီးပါတယ်။ ကျွန်မရဲ့ သွေးတွင်းသကြားဓာတ်ကို စစ်ဆေးခြင်း၊ အစားအသောက်စီစဉ်ခြင်း နှင့် ကိုယ်လက်လှုပ်ရှားမှုတို့ကိုကို အချိန်ဇယားဆွဲထားပါတယ်။ ကြိုတင်စီစဉ်ခြင်းက ကျွန်မကို စိတ်တည်ငြိမ်စေပါတယ်။"

၂. မှန်ကန်စွာ အာဟာရဖြည့်ခြင်း - စားခြင်းနှင့် ရေဓာတ်ဖြည့်ပေးခြင်း။

"ကျွန်မရဲ့ အစားအစာတွေက မျှတပြီး အမြဲတမ်းလက်လှမ်းမီအောင် ထားပါတယ်။ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းတွေ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ၊ သစ်သီးတွေနဲ့ အသီးအနှံတွေကို ရောနှောစားပါတယ်။ ရေဓာတ်လည်း ပြည့်ဝနေတာကြောင့် သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင် ကူညီပေးပါတယ်။"

၃. အကူအညီတောင်းပါ - ပွင့်လင်းစွာ ဆက်ဆံခြင်း

"ကျွန်မရဲ့ မိသားစု၊ သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များနဲ့ အမြဲတမ်း ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံပါတယ်။လုပ်ငန်းခွင်မှာလည်း ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေက ကျွန်မရဲ့ကျန်းမာရေးကို အထောက်အကူဖြစ်စေကြောင်း အသိပေးထားပါတယ်။ ဒီလိုပံ့ပိုးကူညီမှုတွေက စိတ်ပိုင်းဆိုင်ရာကို ကောင်းစွာ အထောက်အကူဖြစ်စေပါတယ်။

၄။ သေးငယ်သောအောင်မြင်မှုများကို ဂုဏ်ပြုပါ - မိမိကိုယ်ကို အသိအမှတ်ပြုပါ။

"အောင်ပွဲသေးသေးလေးမှာတောင် အရေးပါပါတယ်။ အဲ့တာတွေက ငါကောင်းကောင်းလုပ်နေပြီး ငါ့ရဲ့ယုံကြည်မှုကိုတည်ဆောက်ဖို့ ကူညီပေးတယ်ဆိုတာကို သတိပေးတယ်။"

၅။ ဝါသနာကို ရှာဖွေပါ။

"ချက်ပြုတ်တာ၊ မုန့်ဖုတ်တာ၊ ရုပ်ရှင်ကြည့်တာ၊ စာဖတ်တာတွေနဲ့ အပင်လေးတွေစိုက်ပြီး စိတ်ကို အပန်းပြေစေပါတယ်။ အဲ့ဒီ့အခိုက်အတန့်တွေက ကျွန်မရဲ့ စိတ်ခံစားချက်တွေကို ပြန်လည်ကောင်းမွန်အောင် ကူညီပေးပါတယ်။"

၆။ စဥ်ဆက်မပြတ် သင်ယူလေ့လာပါ။

"ဆီးချိုသွေးချိုရောဂါ စောင့်ရှောက်မှုနဲ့ပတ်သက်ပြီး ကျွန်မအမြဲ လေ့လာနေပါတယ်။ အသိပညာတိုးပွားခြင်းက ကျွန်မကို လိုက်လျောညီထွေဖြစ်စေပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချမှတ်နိုင်အောင် စွမ်းအင်တွေပေးပါတယ်။"

ကျောင်းနဲ့ အလုပ်မှာ အမျိုးအစား 1 ဆီးချိုသွေးချိုရောဂါနဲ့ ဟန်ချက်ညီပုံက ဘယ်လိုလဲ။

Bianca Valimento က 14 နှစ်ကြာ အမျိုးအစား 1 ဆီးချိုသွေးချိုရောဂါ ခံစားနေရသော ဖိလစ်ပိုင်နိုင်ငံမှ ကောလိပ်အားကစားသမားတစ်ဦးဖြစ်ပါတယ်။

"ကျွန်တော် အသက် 6 နှစ်မှာ ရောဂါရှာဖွေတွေ့ရှိခဲ့တယ်။ ဒါကြောင့် အမျိုးအစား 1 ဆီးချိုသွေးချိုရောဂါ ကို စီမံခန့်ခွဲခြင်းက ကျွန်တော့်ရဲ့ ဒုတိယဘဝဖြစ်လာခဲ့ပါတယ်။ အားကစားသိပ္ပံကိုလေ့လာနေတဲ့ ကောလိပ်အားကစားသမားတစ်ယောက်အနေနဲ့ လေ့ကျင့်ရေးမှာ အစားအသောက်၊ သွေးတွင်းသကြားဓာတ်နဲ့ ကျန်းမာရေးတစ်ခုလုံးကို ဟန်ချက်ညီအောင် သင်ယူခဲ့ပါတယ်။ သွေးတွင်းသကြားဓာတ်စစ်ဆေးခြင်း၊ အိပ်ရာမဝင်မီ အဆာပြေစားခြင်းနဲ့ လက်ရှိဘဝမှာနေထိုင်ခြင်းစတဲ့ အလေ့အထတွေကို စောစောစီးစီးပြုလုပ်ခဲ့ပါတယ်။ ကျွန်တော့်ဘဝအမှန်တကယ်ပြောင်းလဲသွားတာက ဘာများဖြစ်မလဲ။ ကျွန်တော့အတွက် တကယ့်အပြောင်းအလဲကတော့ T1D က ငါ့ကို ပုံဖော်နေတယ်ဆိုတဲ့ အတွေးကို စွန့်လွှတ်လိုက်တာပဲဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်ဘယ်သူလဲဆိုတာရဲ့ အစိတ်အပိုင်းတစ်ခုပဲ”

ဖိလစ်ပိုင်နိုင်ငံမှ ဘာသာစကားဗေဒပညာရှင် Francesca Yu က အမျိုးအစား 1 ဆီးချိုသွေးချိုရောဂါ ခံစားနေရသည်မှာ ၂၃ နှစ်ရှိပြီဖြစ်ပါတယ်။

"အလုပ်တွေ များလာတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ခေတ္တအနားယူပါတယ်။ အသက်ရှူသွင်း၊ ရှူထုတ်ပြီး ခေါင်းထဲမှာ အေးဆေးတည်ငြိမ်တဲ့ သီချင်းဖြစ်တဲ့ Can’t Help Falling in Love ကို နားထောင်ဖြစ်ပါတယ်။ စိတ်တွေ ပေါ့ပါးသွားတဲ့အထိ 5-10 ကြိမ်လောက် နားထောင်နေခဲ့တယ်။ တစ်ခုခုကို ရိုက်ချိုးချနေသလို မခံစားရတော့တဲ့အခါ အဆင်ပြေသွားပြီဆိုတာ သိလိုက်ရတယ်။"

အခုဆိုရင် အခြားသူတို့၏အလုပ်များသောဘ၀တွင် အမျိုးအစား 1 ဆီးချိုသွေးချိုရောဂါကိုမည်သို့စီမံခန့်ခွဲသည်ကိုကျွန်ုပ်တို့ကြားသိရပြီးဖြစ်ပါတယ်။ အားလုံးကို လိုက်မလုပ်နိုင်ရင်တောင်မှ မှတ်သားထားရန်အရေးကြီးပါတယ်။

စိတ်မပူပါနဲ့ "Hakuna Matata"

စိတ်ဖိစီးမှုက စိတ်နဲ့ကိုယ်ကို ထိခိုက်စေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းရခက်စေပါတယ်။ ကောင်းစွာအနားယူပြီး တစ်နေ့တာပင်ပန်းနွမ်းနယ်မှုကနေ ပြန်လည်ကောင်းမွန်လာဖို့ လိုအပ်ပါတယ်။

အချက်တိုင်းကို သင်မထိန်းချုပ်နိုင်သော်လည်း တုံ့ပြန်ပုံနှင့် ကိုယ့်ကိုယ်ကို ဂရုစိုက်ပုံတို့ကိုမူ ရွေးချယ်နိုင်ပါတယ်။ အကူအညီတောင်းတာပဲဖြစ်ဖြစ်၊ အသေးအမွှားလေးတွေမှာ ပျော်ရွှင်မှုရှာတာပဲဖြစ်ဖြစ်၊ ဒီနေ့ပဲ သင့်စိတ်ကို တည်ငြိမ်စေမယ့် အရာတစ်ခုကို ရွေးချယ်လိုက်ပါနော်။

အမျိုးအစား 1 ဆီးချိုသွေးချိုရောဂါဖြင့်နေထိုင်ခြင်းသည် ပြီးပြည့်စုံရန်မလိုအပ်ပါဘူး။ ကြိုတင်ပြင်ဆင်မှုရှိပြီး ပံ့ပိုးကူညီမှုနဲ့ မိမိကိုယ်ကို သနားကြင်နာမှုပြသခြင်သာ လိုအပ်ပါတယ်။

အနိုင်ရမှုများကို ဂုဏ်ပြုလိုက်ပါ။ အခက်အခဲတွေကြားထဲမှာ အသက်ရှင်နေထိုင်ပါ။

ယနေ့အတွက် လုံလောက်ပါပြီ။ မနက်ဖြန်တိုင်းဟာ မျှော်လင့်ချက်တွေနဲ့ နေ့ရက်သစ်တွေဖြစ်ပါတယ်။

Icon ရှင်းလင်းချက်