T1D အချက်အလက်

Icon

ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ

ကျွန်ုပ်တို့အကြောင်း

COVID-19 နဲ့ အမျိုးအစား ၁ ဆီးချိုရောဂါ

တည်းဖြတ်ချက်များ 06.05.2026

Dr.Khaing Thazin Saw

Pediatrician at The 500-bedded Children’s Hospital, Naypyitaw, Myanmar

COVID နဲ့ အမျိုးအစား ၁ ဆီးချိုရောဂါအကြောင်း သိထားသင့်တဲ့အရာများ

အမျိုးအစား ၁ ဆီးချိုရောဂါရှိနေတာက COVID-19 ကူးစက်ခံရဖို့ ပိုလွယ်ကူစေတာ မဟုတ်ပါဘူး။ ဒါက COVID နဲ့ အမျိုးအစား ၁ ဆီးချိုရောဂါအကြောင်း အတွေ့ရများတဲ့ အယူအဆအမှားတစ်ခုဖြစ်ပါတယ်။

လက်ရှိသိပ္ပံနည်းကျ သုတေသနတွေအရ အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေက COVID-19 ကူးစက်ခံရနိုင်တဲ့အန္တရာယ်ပိုများတယ်ဆိုတဲ့ အထောက်အထား မရှိပါဘူး။

"COVID-19 ရောဂါကို ဘယ်သူမဆို ကူးစက်ခံရနိုင်ပြီး ကိုယ့်ရဲ့သက်ဆိုင်ရာဆေးဘက်ဆိုင်ရာ အသင်းအဖွဲ့တွေနဲ့ အစိုးရက အကြံပြုထားတဲ့အတိုင်း ကြိုတင်သတိပေးချက်တွေကို လိုက်နာသင့်ပါတယ်။ အဲဒီထဲမှာ ကာကွယ်ဆေးတွေကို လမ်းညွှန်ချက်အတိုင်းထိုးဖို့နဲ့ လိုအပ်တဲ့အခါ နှာခေါင်းစည်းတပ်ဖို့ ပါဝင်ပါတယ်။

ခန္ဓာကိုယ်ဆဲလ်တွေထဲကို သကြားဓာတ်ရောက်ရှိအောင် ကူညီပေးမယ့် အင်ဆူလင်လို့ခေါ်တဲ့ ဟော်မုန်းကို ပန်ကရိယက ထုတ်ပေးပါတယ်။ အသက်ရှင်သန်ဖို့ ခန္ဓာကိုယ်မှာလိုအပ်တဲ့ ခွန်အားကို ဒီလိုနည်းနဲ့ ပေးတာဖြစ်ပါတယ်။"

ဒီဗိုင်းရပ်စ်က သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိရခက်စေနိုင်တဲ့အတွက် diabetic ketoacidosisလို့ခေါ်တဲ့ ဆီးချိုဆိပ်တက်တဲ့အန္တရာယ်ကို ဖြစ်‌စေနိုင်ပါတယ်။

အောက်ပါလက္ခဏာတွေ ဖြစ်လာရင် သင့်ဆရာဝန်ကို ဆက်သွယ်ပါ -

"- ပျို့အန်ခြင်း

- ၆ နာရီကျော် ကြာအောင် ဝမ်းလျှောခြင်း

- အသက်ရှူမဝဖြစ်ခြင်း

- ရက်ပိုင်း‌လောက်ကြာတဲ့အထိ အဖျားမကျသေးခြင်း

- သွေးတွင်းသကြားဓာတ်ကျဆင်းခြင်း"

သင့်မှာ အမျိုးအစား ၁ဆီးချိုရောဂါရှိနေပြီး COVID ကူးစက်ခံရရင် ဘာတွေဖြစ်လာမလဲ။

- သွေးတွင်းသကြားဓာတ်ကို ပုံမှန်ထက်ပိုပြီး သတိထားစောင့်ကြည့်ပါ။ ၄ နာရီတစ်ကြိမ်လောက် မကြာခဏ စစ်ကြည့်ပါ။ COVID နဲ့ ဆီးချိုဟာ ခန္ဓာကိုယ်ကို တစ်ပြိုင်နက်တည်း ထိခိုက်စေတာကြောင့် သွေးတွင်းသကြားဓာတ်ပမာဏကို ပိုပြီးသတိရှိဖို့လိုပါတယ်။

- ဆီးချိုဆိပ်တက်လာတဲ့ လက္ခဏာတွေကို သတိပြုပါ။

- ပျို့အန်တယ်ဆိုရင် ဆရာဝန်ကိုဆက်သွယ်ပြီး ဆေးရုံကို အမြန်ဆုံး သွားပါ။

- အင်ဆူလင်ကို မရပ်လိုက်ပါနဲ့။

- ရေလုံလောက်အောင် သောက်ပါ။

COVID-19 ရဲ့ ရောဂါလက္ခဏာတွေအတွက် သောက်သုံးနေရတဲ့ဆေးဝါးတွေက သွေးတွင်းသကြားဓာတ်ပမာဏကို သက်ရောက်စေတာကြောင့် သတိထားပါ။

- အင်ဆူလင်အပြင် ဆေးစာမလိုသော ဆေးဝါးအတော်များများကလည်း သွေးတွင်းသကြားဓာတ်ပမာဏကို သက်ရောက်မှုရှိနိုင်ပါတယ်။

- သတိပြုရန် - စျေးကွက်မှာရှိတဲ့ ချောင်းဆိုးပျောက်ဆေးရည် အများစုမှာ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်တဲ့ သကြားတွေပါဝင်ပါတယ်။ သကြားမပါတဲ့ ဆေးရည် ဒါမှမဟုတ် သောက်ဆေးနဲ့ အစားထိုးပါ။

- နှာစေး နှာပိတ်သက်သာစေတဲ့ ဆေးဝါးတွေကလည်း သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။

- အက်စပရင် (အကိုက်အခဲပျောက်ဆေး) လို ဆေးဝါးတွေကို များများသောက်ခြင်းတဲ့အခါ သွေးတွင်းသကြားဓာတ်ပမာဏကို ကျဆင်းစေနိုင်ပြီး အိုင်ဗျူပရိုဖန် (အရောင်ကျဆေး) ကလည်း အင်ဆူလင်ရဲ့ သွေးတွင်းသကြားဓာတ်ကျဆင်းစေနိုင်စွမ်းကို တိုးမြှင့်ပေးနိုင်တာကြောင့် သတိနဲ့သောက်သုံးသင့်ပါတယ်။

အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ နာဖျားတဲ့နေ့ရက်ကို ဘယ်လိုစီမံမလဲဆိုတာ ဒီနေရာမှာ ဆက်လက်ဖတ်ရှုပါ။

COVID နဲ့ အမျိုးအစား ၁ဆီးချိုရှိနေရင် ဘယ်အချိန် ဆေးရုံကိုသွားသင့်သလဲ။

COVID-19 ကြောင့် အရမ်းကို နေထိုင်မကောင်းဖြစ်လာရင် -

COVID-19 ဖြစ်တဲ့အခါ အသက်ရှူရခက်လာရင်၊ ရင်ဘတ်မှာ အောင့်တာ ဒါမှမဟုတ် ဖိထားခံရသလို ကြာရှည်ခံစားရရင်၊ စိတ်အာရုံရှုပ်ထွေးလာရင် ဒါမှမဟုတ် သတိမရှိတော့ရင် ဒါမှမဟုတ် နှုတ်ခမ်း သို့မဟုတ် မျက်နှာ ပြာနှမ်းလာရင် အကူအညီတောင်းဖို့ ဆရာဝန်တွေက တိုက်တွန်းထားပါတယ်။

သွေးတွင်းသကြားဓာတ်မြင့်တက်လာခြင်းက COVID-19 ကူးစက်ခံရသူတွေအတွက် မကောင်းတဲ့ ကျန်းမာရေးရလဒ်တွေကို ဖြစ်စေတာကြောင့် သတိပြုပြီး သွေးတွင်းသကြားဓာတ်ပမာဏကို ပုံမှန်အတိုင်းအတာတစ်ခုအတွင်း ထိန်းထားပါ။

အရေးပေါ်ခန်းကို ရောက်လာခဲ့တယ်ဆိုရင်တော့ သင့်မှာ အမျိုးအစား ၁ ဆီးချိုရောဂါ ရှိကြောင်းကို ထည့်ပြောဖို့အရေးကြီးပါတယ်။

သင်က ဆီးချိုဆိပ်တက်နေတယ်လို့ ထင်ရင် -

သင့်မှာ ဆီးချိုဆိပ်တက်တဲ့ လက္ခဏာတွေ ပြလာတာ ဖြစ်နိုင်တယ်လို့ စိုးရိမ်နေတယ်ဆိုရင် တုံ့ဆိုင်းမနေဘဲ ချက်ချင်းအကူအညီတောင်းခံပါ။

- ဆီးချိုဆိပ်တက်တဲ့ လက္ခဏာတွေကတော့ ရေအရမ်းငတ်ပြီး ဆီးမကြာခဏသွားခြင်း၊ နာမကျန်းဖြစ်ခြင်း၊ ဗိုက်အောင့်ဗိုက်နာခြင်း၊ ခံတွင်းနံ့က မွှေးအီအီနဲ့ အသီးနံ့ထွက်ခြင်း၊ အသက်ရှူမြန်ခြင်း၊ အိပ်ငိုက်ခြင်း သို့မဟုတ် စိတ်အာရုံရှုပ်ထွေးခြင်းနဲ့ သတိလစ်ခြင်းတို့ ဖြစ်ပါတယ်။

- မကုသဘဲထားရင် diabetic ketoacidosis က သေဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။

Icon ရှင်းလင်းချက်