T1D အချက်အလက်
ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ
ကျွန်ုပ်တို့အကြောင်း
အမျိုးအစား ၁ ဆီးချိုသွေးချိုရောဂါကြောင့်ဖြစ်တဲ့ ပင်ပန်းနွမ်းနယ်မှုကို တိုက်ဖျက်ခြင်း- အဘယ်ကြောင့် စိတ်ကျန်းမာရေးသည် ဆီးချိုသွေးချိုရောဂါအတွက် အရေးကြီးသနည်း။
တည်းဖြတ်ချက်များ 29.05.2026
မကြတာသေးမီက ကျွန်ုပ် စိတ်ရောဂါကုဆောင်သို့ သွားရောက်ခဲ့ပြီး သတ်သေရန် ကြိုးပမ်းခဲ့ဖူးတဲ့ အမျိုးအစား 1 ဆီးချိုသွေးချိုရောဂါသည် အမျိုးသမီးငယ်တစ်ဦးအား တွေ့ဆုံခဲ့ပါတယ်။ သူမရဲ့သွေးတွင်းသကြားဓာတ်မြင့်မားသော်လည်းဂလူးကိုမီတာပေါ်ရှိနံပါတ်တွေကတော့ ပုံပြင်တစ်ပုဒ်မျှသာဖြစ်နေပါတယ်။ အဲ့တောတွေရဲ့နောက်ကွယ်မှာ ရှိနေတဲ့အရာတွေက နှစ်ပေါင်းများစွာ အပြစ်တင်ခြင်း၊ အရှက်ရနေခြင်း၊ မိသားစုမှ နားလည်မှု မရနေခြင်းနှင့် ဆီးချိုရောဂါကို တစ်ယောက်တည်း ထိန်းချုပ်ရန် ကြိုးစားခြင်းတို့တွေပဲရှိနေပါတယ်။
အမျိုးအစား 1 ဆီးချိုသွေးချိုရောဂါရှိတဲ့ လူငယ်များစွာကဲ့သို့ပင် သူမဟာလည်း 24/7 အာရုံစူးစိုက်မှု လိုအပ်တဲ့ အခြေအနေမှာရှိနေပါတယ်။ ဒါပေမယ့် သူမဟာ ပိုမိုနက်ရှိုင်းတဲ့ အရာတစ်ခုဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ အထီးကျန်မှုကိုလည်း ကိုင်တွယ်နေရပါတယ်။ ဆီးချိုရောဂါသည် ရုပ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးမျှသာမဟုတ်ဘဲ သင်လုပ်နေသောအရာကို “မှား” ကြောင်းအပြောခံရတဲ့အခါ ထိုအရာက ကြံ့ခိုင်နေသောစိတ်ဓာတ်များကိုပင် ပျက်စီးသွားစေနိုင်ပါတယ်။
သူမဟာ ချိုတဲ့အစားအစာတွေကို နှစ်သက်ပါတယ်။ ကျွန်ုပ်ကတော့ အဲ့တာကအဆင်ပြေပါတယ်လို့ပြောခဲ့ပါတယ်။ ဆီးချိုရောဂါကြောင့် ပျော်ရွှင်မှုကို တားမြစ်ရတာမဟုတ်ပါဘူး။ ကျွန်ုပ်တို့နှစ်သက်တဲ့အရာကို လုပ်ဆောင်လို့ရပါသေးတယ်။ ထမင်းကို အစားထိုးတာတို့၊ အင်ဆူလင်နှင့် ဟန်ချက်ညီအောင်၊ ကာဗိုဟိုက်ဒရိတ်ရေတွက်ခြင်းအကြောင်းကို လေ့လာခိုင်းပါတယ်။ ဒါပေမယ့် ဒီအချက်ကတော့ ဘယ်သူမှ သူ့ကို မပြောဖူးပါဘူး။ အင်ဆူလင်မှ ကာဗိုဟိုက်ဒရိတ်အချိုးများ မည်သို့အလုပ်လုပ်သည်ကို သူမ အပြည့်အဝနားမလည်ပါ။ ဘယ်သူကမှ ရှင်းပြဖို့ အချိန်မယူခဲ့ပါဘူး။
သူမဟာ သူမရဲံဆီးချိုရောဂါကို ထိန်းချုပ်ရန် ပျက်ကွက်နေသလို ခံစားခဲ့ရပါတယ်။ ဒါပေမယ့် တကယ့်အမှန်တရားကတော့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်က သူမကို ပျက်ကွက်ခဲ့တာပဲဖြစ်ပါတယ်။
ဒါတောင် သူမက တောက်ပနေပါတယ်။ သူမက အားကစားကို နှစ်သက်ပါတယ် - အထူးသဖြင့် အားကစားသမားဟောင်းဖခင်နဲ့ အတူတူ ကစားရတဲ့ အပြေးနှင့် ကြက်တောင်ကိုပိုနှစ်သက်ပါတယ်။ ပြီးတော့ သူမမှာ အိပ်မက်တွေရှိပါတယ်။ သူမက သူမအတွက် ပိုသင့်တော်တယ်ဟု ခံစားရတဲ့ ဘာသာရပ်တစ်ခုကိုပြောင်းပြီး လေ့လာရန် စီစဉ်နေကြောင်း ပြောပြခဲ့ပါတယ်။ သူမမှာ ရှေ့ဆက်လျှောက်လှမ်းမယ့် မျှော်လင့်ချက်တွေ အစီအစဉ်တွေရှိပါတယ်။
ဒါပေမယ့် မျှော်လင့်ချက်တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။
စိတ်ကျန်းမာရေးက ဆီးချိုသွေးချိုရောဂါစောင့်ရှောက်မှုရဲ့ အဓိကအစိတ်အပိုင်းဖြစ်ရပါမယ်။ ကျွန်ုပ်တို့ဟာ HbA1c နှင့် အင်ဆူလင်ပမာဏများအကြောင်းကို မိမိကိုယ်ကို ရှက်ခြင်း၊ အပြစ်ရှိခြင်း၊ စိုးရိမ်ပူပန်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းအကြောင်းတို့ကိုဖော်ပြဘဲ မပြောပြနိုင်ပါ။ ဆီးချိုရောဂါရှိသူဟာ လူနာတစ်ဦးထက်ပိုပါတယ် - ထိုသူတို့ဟာ နေ့စဉ်မမြင်နိုင်သောကိုယ်အလေးချိန်ကို ထိန်းထားရင်း ဘဝကို အပြည့်အဝနေထိုင်ရန် ကြိုးစားနေသူများဖြစ်ကြပါတယ်။
ပိုမိုကောင်းမွန်အောင်လုပ်ရပါမယ်။
ဝေဖန်သူများမဟုတ်ဘဲ မဟာမိတ်များဖြစ်လာစေရန် မိသားစုများကို ပညာပေးပါ။
စိတ်ကျန်းမာရေးပုံမှန်စစ်ဆေးပေးရန် ကျန်းမာရေးစောင့်ရှောက်မှုကျွမ်းကျင်သူများကို လေ့ကျင့်ပေးပါ။
ဆီးချိုရောဂါရှိသူများအတွက် ဝေဖန်ခံရမှာကို မကြောက်ရွံ့ဘဲ လွတ်လပ်စွာပြောဆိုနိုင်တဲ့ လုံခြုံသောနေရာများကို ဖန်တီးပေးပါ။
“စီမံခန့်ခွဲနိုင်သောအခြေအနေ” အောက်မှာ နစ်မြုပ်နေသလိုခံစားရသူတိုင်းအတွက် - သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ သင့်ရဲ့ဇာတ်လမ်းက အရေးကြီးပါတယ်။ ကုသခြင်းဆိုတာက အင်ဆူလင်တစ်ခုထဲက လာတာမဟုတ်ဘဲ နားလည်ပေးမှု၊ ချိတ်ဆက်နိုင်မှုနဲ့ ဂရုစိုက်မှုတို့မှလည်း လာပါတယ်။
အမျိုးအစား 1 ဆီးချိုသွေးချိုရောဂါကို မည်သူမျှ တိတ်တိတ်ဆိတ်ဆိတ် မခံစားရတဲ့ ကမ္ဘာဆီသို့ လျှောက်လှမ်းကြပါစို့။