T1D အချက်အလက်
ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ
ကျွန်ုပ်တို့အကြောင်း
ကျွန်တော်ကတော့ အမျိုးအစား-၁ဆီးချို ဖြစ်နေတဲ့ လူငယ်တစ်ယောက်ပေါ့ဗျာ့
တည်းဖြတ်ချက်များ 23.05.2026
အရင်ဆုံးပြောချင်တာကတော့ အခုမှ စဖြစ်တဲ့ အစ်ကိုတွေ၊ အစ်မတွေ၊ ညီတွေ၊ ညီမတွေ Fighting ပါလို့ ပြောချင်ပါတယ်နော်
ကျွန်တော် ဆီးချိုဖြစ်ခါစ က ကျွန်တော် ၉တန်းနှစ်လောက်ကပေါ့။
၂၀၂၀ ၂၀၂၁ ဝန်းကျင်က စဖြစ်တာပေါ့ဗျာ။ညကျောင်းမှာ ဆီးတေခနခန သွားရတာပေါ့ဗျာ။ ရက်တွေများလာတော့ လူကလည်းပိန်နွမ်းနေရော။ အဲ့ဒါနဲ့ ဆေးခန်းသွားပြတော့မှ ဆီးချိုဖြစ်တာကို သိရတာပေါ့ဗျာ အဲ့မှာသွားပြတုန်းက ဆေးရုံကြီးထဲက ကုတင်၃၀၀ကလေးဆေးရုံအရင်သွားပြရတာပေါ့ဗျာ။ အဲ့ဒီနောက်မှာမှ ခုတင်၅၅၀ကလေးဆေးရုံလွဲလိုက်တာပေါ့ဗျာ။ အဲ့မှာ ဆေးထိုးတတ်ဖို့အရင် သင်ရတာပေါ့ဗျာ။
တကယ် လူကလည်းငယ်သေးတော့ မလုပ်ရဲခဲ့ဘူး ကိုယ့်အသားကို ကိုယ်တိုင်ထိုးရတာကြီးက လုံးဝမလုပ်ရဲခဲ့အရာကြီးပေါ့ဗျာ။ အဲ့ချိန်မှာ ဆေးရုံကဆရာက ဆေးထိုးတတ်မှာ့ ပြန်ရမယ်ဘာညာဆိုတော့ အိစိအရုပ်လေးကိုအထိုးလေးကျင့်ရတာပေါ့ဗျာ။
ဒါပေမဲ့လဲမလုပ်ရဲခဲ့ဘူးပေါ့။
လုံးဝ စိတ်က ကြောက်လည်းကြောက် နဲ့ဝမ်းလည်း ဝမ်းနည်းခဲ့တာပေါ့ဗျာ။
အဲ့တာနဲ့ အမေကထိုးပေးခဲ့တာပေါ့ဗျာနော။
ဆေးရုံမှာ အမေထိုးတာ သေချာပီဆိုမှ ရွာပြန်ရတာပေါ့ဗျာ့နော်။
ရွာရောက်တော့ ကျွန်တော်ကျောင်းကတစ်ဖက် အမေက အလုပ်တစ်ဖက်ဆိုတော့ တစ်ခါတစ်လေ နောက်ကျသွားတာတေရောရှိခဲ့တာပေါ့ဗျာ။ နောက်တော့ အမေရော မေကြီးတို့ကရော ကို့ကိုယ် ထိုးကြည့်ပါလားရအောင်တဲ့ ပြောတာပေါ့။ ကိုယ့်ဖာသာထိုးနိုင်မှ ကိုယ်ဘယ်သွားသွား အဲ့တာမှသွားရမှာပေါ့ တဲ့။ အမေတို့လဲအမြဲထိုးပေးလို့အဆင်မပြေဘူးဆိုပီး ကျွန်တော် အားခဲထိုးခဲ့ရတာပေါ့။ ကို့ယ့်ကို ရအောင်ထိုးမယ်ပေါ့ ကျွန်တော်က ခရီးတွေထွက်ချင်တယ်၊ ခရီးတွေသွားရတာငယ်ကတည်းကြိုက်တော့ ငါရအောင်ထိုးမယ် ဒါမှသွားရမှာဆိုပီး ရအောင်ထိုးခဲ့ရတာပေါ့။ ပထမ ထိုးတော့ အသားကိုကျစ်ကိုင်ပီးထိုးတော့ လုံးဝမနာခဲ့ဘူးပေါ့။ တကယ်ကို မနာခဲ့တော့ အဲ့နေ့မှာ့ အရမ်းလည်းပျော်သွားတယ်။ ငါ ထိုးတတ်သွားပီလို့ အမေကိုတောင် ပျော်ပျော်ကြီး ပြောပြခဲ့တာပေါ့ဗျာ။
ဒီရောဂါရှိတော့ ငါ့ဘဝသွားပြီ။ သူများတွေလို မလုပ်နိုင် ဘူးလို့ အရင်က ထင်ခဲ့တယ်။ အစားအသောက်တွေကအစပေါ့။ စိတ်ဓာတ်တွေလည်း ကျခဲ့ဘူးတယ်။
ဒါပေမဲ့ ငါဘာလို့ မလုပ်နိုင်ရမှာလဲ ဒီရောဂါက ငါကို မတိုတ်ခိုက် ခင် ငါရအောင်တိုက်ခိုက်မယ်လို့ ယုံကြည်အားတင်းလာတာပေါ့ဗျာ
"ညနေတိုင်ဘောလုံးတွေကန်တယ်
ကန်ပြီးတဲ့အခါ သကြားဓာတ်စစ်တယ် ၁၂၀ ၁၃၀ဝန်းကျင်လေးတွေဆို ပျော်နေမိတာပေါ့ဗျာနော"
"နေ့စဉ် အဲ့လိုလေးတွေလုပ်နေတော့ သွေးတွင်းသကြားစစ်တဲ့စက်လေးက ကို့ရဲ့ မိတ်ဆွေလေးကိုဖြစ်လို့ ကိုယ့်ထိုးတဲ့အပ်လေးက ကိုယ့်ရဲ့ကယ်တင်ရှင်ပေါ့ လူငယ်ဆိုတော့ ပျော်ပျော်နေတယ် ဆရာဝန်တေပြောတာလေးတေ စနစ်တကျလုပ်တယ်"
ဒီရောဂါရှိလို့ ငါဘာမှမလုပ်နိုင်ဘူး ငါသူများတတွလိုစာတွေမလိုက်နိုင်ဘူး ငါသူများတွေလို အဝမစားရဘူး ငါသူများတွေလို ပျော်စရာမကောင်ဘူးလို့ မထင်လိုက်ပါနဲ့နော်။
ကျွန်တော်အဲ့လိုတွေ အရမ်းအတွေးများခဲ့တာအရင်က။
အခုဆို ကျွန်တော် ဖုန်းပြုပြင်ရေးသင်တန်းးတစ်ခု တတ်ပီး အလုပ်လုပ်ဖို့ အဆင်သင့်ဖြစ်နေပီ မန္တလေးမှာ ကျွန်တော် တစ်ယောက်ထဲ သွေးတွင်းသကြားဓာတ်လေးတွေ ပုံမှန်ဖြစ်အောင်ကြီုးစားတယ် နောက်ဆက်တွဲပြဿနာတွေ မဖြစ်အောင် သေချာထိန်းထားနိုင်နေပြီ။ကျွန်တော် ထွက်ချင်တဲ့ခရီးတွေ သွားနိုင်နေပါပြီ။
ဒါကြောင့်မို့ ဘာကြောင့်ပဲဖြစ်ဖြစ် အားမလျှော့လိုက်ကြဖို့နဲ့ အကောင်းဆုံးကြိုစားကြဖို့ အားပေးချင်ပါတယ်ဗျာ !