T1D အချက်အလက်
ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ
ကျွန်ုပ်တို့အကြောင်း
အစားအစာနဲ့ လေ့ကျင့်ခန်းအသုံးပြုပြီး အမျိုးအစား ၁ ဆီးချိုရောဂါထိန်းညှိခြင်း
တည်းဖြတ်ချက်များ 06.05.2026
အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ ဘဝကိုပျော်ရွှင်နိုင်ပါ့မလား။ ဘယ်လောက် အဖြစ်များသလဲ။
သင် ဒီအကြောင်းကို နည်းနည်းတော့ တွေးမိဖူးမှာပေါ့။
ဒီမေးခွန်းတွေကို နောက်တစ်ကြိမ်ပြန်ဖတ်မိတော့ ခဏရပ်ပြီး တွေးမိခဲ့တယ်။
၂၀၂၃ ခုနှစ်အထိဆိုရင် အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ နေလာတာ ၂၂ နှစ်ရှိခဲ့ပါပြီ။ ဒီရောဂါမရှိခင်က ကျွန်တော့ဘဝကို ပြန်လွမ်းမိတယ်။ အမျိုးအစား ၁ ဆီးချိုရောဂါနဲ့နေထိုင်ရတာ လှိုင်းစီးနေသလိုပါပဲ။ တစ်ခါတစ်လေ အဆင်ပြေတယ်၊ တစ်ခါတစ်လေ ပင်ပန်းရတယ်။
တချို့ကတော့ "အမျိုးအစား ၁ ဆီးချိုရောဂါ့နဲ့ နေထိုင်ရတာ ဘယ်လိုလုပ်ပျော်စရာကောင်းမှာလဲ"လို့ ပြောကောင်းပြောလိမ့်မယ်။
ကျွန်တော်တို့ စောင့်ကြည့်တာပေါ့။ စိတ်ကိုလျှော့ပြီး ဆက်ဖတ်ကြည့်ပါဦး။
ငယ်ငယ်ကတော့ ဆေးရုံဆေးခန်း သိပ်သွားလေ့မရှိတော့ အမျိုးအစား ၁ ဆီးချိုရောဂါ ဆိုတာ မကြားဖူးမသိဖူးတဲ့ စကားလုံးပါပဲ။ အဲ့ဒီတုန်းက ဗဟုသုတနည်းခဲ့သလောက် ကျွန်တော့အတွက် ဆေးရုံဆိုတာ ချောင်းပေါက်အောင်သွားရမယ့် နေရာဖြစ်လာပါတော့တယ်။
ဆရာဝန်ခန်းထဲ ထိုင်နေရင်း လူကနေလို့မကောင်း၊ အရမ်းအားနည်းလာပြီး မျက်လုံးတွေက ခဏခဏမှိတ်ကျသွားတယ်၊ ပြီးတော့ သတိလစ်ချင်သလို ဖြစ်သွားပါတယ်။
အဲ့အချိန်မှာ သတိလစ်သွားတော့မလိုပဲ။ ဘာတွေဖြစ်နေတာလဲ။ ဆရာဝန်က ကျွန်တော့လက်ကို ခပ်မြန်မြန် အပ်ဖောက်လိုက်တယ်။ စစ်လိုက်တော့ သွေးတွင်းသကြားဓာတ်က အရမ်းတက်နေတာ။
နောက်တစ်ခု သိလိုက်ရတာက ကျွန်တော့ကို ထိုးပေးနေတာ "အင်ဆူလင်"တဲ့။ ဆရာဝန်ကပြောတယ်။ ကျွန်တော်ထပ်မေးလိုက်တယ် "ဒါက ဘာလဲ"ဆရာဝန်က ပြန်ပြောတယ်။ "ခင်ဗျားမှာ အမျိုးအစား ၁ ဆီးချိုရှိတယ်။ ကိုယ့်ကိုယ်ကို အင်ဆူလင် ထိုးရမယ်"။
ဆရာက နောက်နေတာလို့ ကျွန်တော်ထင်လိုက်တယ်။ ဒါပေမယ့် မဟုတ်ဘူး။ ဒါ့ကြောင့် ငြိမ်နေလိုက်ရတယ်။ အမျိုးအစား ၁ ဆီးချိုရောဂါအကြောင်း နားထောင်ရတာ နည်းနည်းပင်ပန်းပြီး စိတ်ဖိစီးရတယ်။ ကျွန်တော် အိမ်အရမ်းပြန်ချင်နေပါပြီ။
ပြောပြပေးလာတဲ့ အမျိုးအစား ၁ ဆီးချိုရောဂါအကြောင်း အချက်အလက်တွေအားလုံးကို နားမထောင်နိုင်တော့တာကြောင့် အိမ်ပြန်ရဖို့ကိုပဲ စိတ်လှုပ်ရှားနေခဲ့ပါတယ်။ ဆရာဝန်က ကျွန်တော့ကို အပ်တွေ၊ သွေးစစ် strip တွေနဲ့ ဆေးစာတွေပါတဲ့ အိတ်တစ်လုံးပေးလိုက်တယ်။ "ဒါဟာ ကျောင်းပရောဂျက် နောက်တစ်ခုပါပဲ"လို့ တွေးလိုက်တယ်။ ဒီတစ်ခါတော့ ကျွန်တော်က ဇာတ်လိုက်ပေါ့။
အမျိုးအစား ၁ ဆီးချိုရောဂါရှိနေတော့ အင်ဆူလင်ထိုးရတာကနေ ပြေးမလွတ်ပါဘူး။
Genie ကို အမြဲမေးနေတဲ့ မေးခွန်းက "ဆေးထိုးတာ ဘယ်တော့ရပ်ရမလဲ။ အပ်တွေကတော့ ပိုပိုသေးလာပေမယ့် အမျိုးအစား ၁ ဆီးချိုရောဂါက ပျောက်ရောပျောက်သွားနိုင်မလား"ဆိုတာပါ။
Mr. GENIE လည်း မှော်အစွမ်းနဲ့ မလုပ်ပေးနိုင်ခဲ့ပါဘူး။ သူငယ်ချင်းတွေနဲ့ မတူသလို ခံစားနေရတာကြောင့် အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ အမြဲရှိနေတော့မှာကို စိတ်ညစ်နေမိတယ်။ ကျွန်တော်က အမျိုးအစား ၁ ဆီးချိုရောဂါရှိတဲ့ တစ်ဦးတည်းသော ကျောင်းသားဖြစ်နေတော့ အထီးကျန်ပြီး အံဝင်ခွင်ကျမဖြစ်သလို ခံစားခဲ့ရတယ်။
တစ်ခါတစ်လေ အင်ဆူလင်ကို အတန်းထဲမှာ ထိုးရမလား၊ အိမ်သာထဲမှာ ထိုးရမလား ရွေးရသေးတယ်။ ကျွန်တော်က လှေကားနဲ့ ကျောင်းစင်္ကြံကို တက်လိုက်ဆင်းလိုက်နဲ့ အိမ်သာကို သွားရတာ မကြိုက်လို့ ဘယ်နေရာဖြစ်ဖြစ် ကိုယ်ရောက်တဲ့နေရာမှာပဲ အပ်ဖောက်ပြီး ဆေးထိုးလိုက်တယ်။
လူကြားထဲမှာ ဆေးထိုးတာကို ကျင့်သားရလာပြီး ဒါ့ကြောင့်ပဲ "စိတ်မကောင်းလိုက်တာ၊ သနားလိုက်တာ"ဆိုတဲ့ အမူအရာတွေကိုလည်း ကြုံခဲ့ရဖူးတယ်။ ရိုးရိုးသားသားပြောရရင် ဒီလိုမှတ်ချက်တွေကို ကြားရတာ ကျွန်တော် မကြိုက်ပါဘူး။
သူများတွေပြောတဲ့စကားကြောင့် စိတ်မကောင်းဖြစ်ရတယ်။ အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ နေထိုင်ဖို့ကို ရုန်းကန်ကြိုးစားလာခဲ့ရပြီး သူများသနားတာခံနေရတယ်။ ပျောက်ကင်းအောင်ကုသနိုင်တာလည်း မဟုတ်တော့ အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ တစ်သက်တာနေရဖို့ တွေးတောင် မတွေးကြည့်ချင်ပါဘူး။ အပ်က ရှည်တာတိုတာ အရေးမကြီးသလို အင်ဆူလင်ထိုးတာကလည်း ပြဿနာမဟုတ်သေးပါဘူး။ ဒါပေမယ့် အမျိုးအစား ၁ ဆီးချိုရောဂါကို စိတ်ဒဏ်ရာတွေနဲ့ လေးလံတဲ့ဝန်ထုပ်ဝန်ပိုးတစ်ခုလို ကြားလိုက်ရကတည်းက အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ တစ်သက်တာ အဆင်ပြေပြေနေနိုင်ဖို့ ဘယ်လိုစိန်ခေါ်မှုရှိမလဲဆိုတာ တွေးကြည့်ခဲ့ပါတယ်။
ကျွန်တော့မှာ အမျိုးအစား ၁ ဆီးချိုရောဂါ ရှိတာသိရတဲ့အပတ်က ကျွန်တော်တို့မီးဖိုချောင်မှာ ဘယ်လောက်မြန်မြန်ပြောင်းလဲသွားလဲဆိုတာ မယုံနိုင်လောက်အောင်ပါပဲ။
ကျွန်တော်စားနေကျ သရေစာမုန့်တွေ ဘယ်မှာလဲ။ ဒီစားစရာအသစ်တွေက ဘာတွေလဲ။ အင်္ဂါဂြိုဟ်ပေါ် ရောက်နေတာလား။ အိမ်မှာပဲ အမြဲစားမယ့်အစား အပြင်ထွက်စားလို့ရလားဆိုပြီး မိဘတွေကို မေးရတယ်
နောက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ အာဟာရဗေဒပညာရှင်နဲ့ ရက်ချိန်းယူထားရတယ်။ အဲဒီဂဏန်းတွေနဲ့ တိုင်းတာခွက်တွေအားလုံးကို မြင်လိုက်တဲ့အခါ ခေါင်းပါကြီးသွားတယ်။ အိုး…မဖြစ်ဘူး၊ ဒါငါနေသွားရမယ့် ဘဝအသစ်လား။
ကျွန်တော်တော့ အမီမလိုက်နိုင်တော့ဘူး။ လုပ်ရမယ့်စာရင်းတသီတတန်းကို ကြည့်လိုက်တယ်။ ဘာကိုအရင်လုပ်ရမလဲ။ ဘာစားရမယ်ကို တွေးရမယ်၊ တွက်ချက်စားရမယ်၊ ကိုယ့်ကိုယ်ကို ဆေးထိုးရမယ်။ ဒါမှမဟုတ် သွေးတွင်းသကြားဓာတ်ကို အရင်ဆုံးစစ်ကြည့်ရမှလား၊ ပြီးတော့ရော…။
သရေစာမုန့်စားဖို့ လစ်ထွက်တဲ့အခါ ကိုယ့်ကိုယ်ကို အင်ဆူလင်ဘယ်လောက်ထိုးရမယ်ဆိုတာ တကယ်မသိဘူး။ အဲဒါကြောင့် ကျွန်တော့သွေးတွင်းသကြားဓာတ်ကလည်း တက်သွားလိမ့်မယ်။ ပြီးရင် စိတ်ကလည်း ပြောင်းလဲသွားလိမ့်မယ်။
ဒီတော့သေချာတာက သွေးတွင်းသကြားဓာတ် အတက်အကျကို စီမံထိန်းညှိနိုင်ဖို့ ကာဗိုဟိုက်ဒရိတ်တွက်ချက်ခြင်းကို နည်းနည်းလေ့လာဖို့လိုတယ်။ သွေးတွင်းသကြားဓာတ်ကို အရမ်းတက်တာ ဒါမှမဟုတ် အရမ်းကျတာ မဖြစ်ရအောင် အကိုးအကားနည်းနည်းလိုပါတယ်။
အားကစားလုပ်ရတာ တကယ်သဘောကျပါတယ်။ ဒါပေမယ့် အားကစားလုပ်တဲ့အခါ သွေးတွင်းသကြားဓာတ်က မြန်မြန်ကျသွားလို့ ဒုက္ခရောက်ရပါတယ်။
လေ့ကျင့်ခန်းလုပ်ရတာနဲ့ပတ်သက်ပြီး မကြိုက်တာက ဗိုက်မဆာလည်း ဆီးချိုအတွက်နဲ့ စားရတာကိုပဲ။ သွေးတွင်းသကြားဓာတ် ကျသွားတဲ့အခါ ရင်တုန်တာများ ခန္ဓာကိုယ်ထဲမှာ ငလျင်လှုပ်နေသလိုပဲ။ ကိုယ့်ကမ္ဘာကြီးကပဲ ကွဲထွက်တော့မလို ခံစားရပါတယ်။
သွေးတွင်းသကြားဓာတ် အရမ်းကျသွားရင် နောက်တစ်ကြိမ် ထပ်စားရတော့ ကိုယ်အလေးချိန်ကိုထိန်းဖို့လည်း အခက်အခဲဖြစ်ရတယ်။
အကြိမ်ပေါင်းများစွာ ကြိုးစားရင်း၊ အမှားလုပ်မိရင်းနဲ့ပဲ ဘာမှမလုပ်ခင် သွေးတွင်းသကြားဓာတ်ကို အရင်စစ်ဆေးတာက သကြားဓာတ်တက်လွန်းတာနဲ့ ကျလွန်းတာကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းဆိုတာ သိသွားခဲ့တယ်။
အချိန်အများစုမှာတော့ လေ့ကျင့်ခန်းလုပ်တာက စိတ်ချမ်းသာစေတယ်။ ခန္ဓာကိုယ်ထဲက ဆဲလ်တွေအားလုံး လှုပ်ရှားနေသလိုပဲ။ စိတ်ရော လူရော နေလို့ကောင်းတယ်။
လေ့ကျင့်ခန်းလုပ်တဲ့အခါ မလုပ်တဲ့နေ့တွေမှာထက် အင်ဆူလင်လိုအပ်တာလည်း ပိုနည်းတယ်။
အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ပတ်သက်တဲ့ စမ်းသပ်တာ၊ အမှားလုပ်မိတာတွေက ဘယ်နှကြိမ်မှန်းတောင် မသိတော့ပါဘူး။ ဒီနေ့က မနေ့ကနဲ့လည်း မတူပါဘူး။ ဒီနေ့က အရမ်းကောင်းတယ်ဆိုရင် မနက်ဖြန်က ပိုကောင်းနေနိုင်တယ်။
ကျွန်တော်သိတာက ကာဗိုဟိုက်ဒရိတ်တွက်ချက်ခြင်းကြောင့် ကိုယ့်ကိုယ်ကို အင်ဆူလင်ဘယ်လောက်ထိုးရမယ်ဆိုတာ သိနိုင်တာမို့လို့ သွေးတွင်းသကြားဓာတ် အပြောင်းအလဲတွေကို ပိုပြီးကောင်းကောင်း ကိုင်တွယ်ဖြေရှင်းနိုင်စေပါတယ်။
လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့အခါ နေလို့ကောင်းတယ်။ အမျိုးအစား ၁ ဆီးချိုရောဂါရှိတဲ့သူတိုင်းက မတူကြပေမယ့် အကောင်းဆုံးရလဒ်ကို ရနိုင်မယ့် အကောင်းဆုံးနည်းလမ်းက ကိုယ့်လိုအပ်ချက်တွေနဲ့ကိုက်ညီမယ့် ကုသစောင့်ရှောက်မှုကို ဖန်တီးနိုင်ဖို့ပါ။
လူကြားထဲမှာ ဆေးထိုးရတာလည်း ပြဿနာမရှိပါဘူး။ လူ့အဖွဲ့အစည်းက ဘာပဲပြောပြော ကျွန်တော့ရဲ့ အမျိုးအစား ၁ ဆီးချိုရောဂါအတွက် ကုသစောင့်ရှောက်မှုကို တန်ဖိုးထားပါတယ်။
အမျိုးအစား ၁ ဆီးချိုရောဂါ ရှိနေတာက ကျွန်တော့ကို ဒီလောက်ရင့်ကျက်လာစေခဲ့တဲ့အတွက် ကျွန်တော့ဘဝရဲ့ ထူးခြားတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ကျွန်တော်တို့တွေဟာ ပင်လယ်သမုဒ္ဒရာလှိုင်းလုံးကြီးတွေလို ခွန်အားရှိနေရပါမယ်။ ကျွန်တော်တို့ ကို အနိုင်ယူခံရနိုင်တဲ့ အခိုက်အတန့်တွေ ရှိလာနိုင်ပေမယ့် နောက်တစ်ကြိမ် ပြန်တက်နိုင်ပါတယ်။
ဟုတ်ပါတယ်။ ကျွန်တော်တို့ အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ဘဝကို ပျော်ပျော်နေနိုင်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ လုပ်နိုင်စွမ်းရှိတာမို့ပါ။