T1D အချက်အလက်

Icon

ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ

ကျွန်ုပ်တို့အကြောင်း

အမျိုးအစား ၁ဆီးချိုရောဂါရှိသူများ အိမ်နဲ့ အလုပ်မှာ တစ်ကိုယ်ရည်အောင်မြင်စေဖို့ နည်းဗျူဟာများ

တည်းဖြတ်ချက်များ 06.05.2026

Prof Cho Cho Win

Professor of Pediatrics at the 500-bedded Children’s Hospital, Naypyitaw, Myanmar

၁။ ဆီးချိုရောဂါ နည်းဗျူဟာ- အလုပ်နဲ့ ကျန်းမာရေး မျှခြေကို ထိန်းသိမ်းခြင်း

အမျိုးအစား ၁ဆီးချိုရောဂါရှိနေတဲ့ ပညာရှင်တစ်ယောက်အနေနဲ့ သင်က အလုပ်နဲ့ ကျန်းမာရေးကြား ထိန်းညှိနိုင်ပါသလား။

သင့်အတွက် ဖွင့်ဟတောင်းဆိုနိုင်သူမှာ သင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

သင်ရဲ့ အခြေအနေကို လက်ခံနိုင်ပြီး ပြည့်ဝပျော်ရွှင်တဲ့ သာမန်ဘဝမှာ နေထိုင်နိုင်မယ်လို့ ယုံကြည်ခြင်းက ပထမအဆင့်ပဲ ဖြစ်ပါတယ်။

အလုပ်မှာ အမျိုးအစား ၁ဆီးချိုရောဂါကို စောင့်ရှောက်တဲ့အခါ သွေးတွင်းသကြားဓာတ် စစ်ဆေးခြင်း (သွေးတွင်းသကြားဓာတ်)၊ အင်ဆူလင်ထိုးခြင်းနဲ့ ကျွန်တော်တို့ စားသမျှကို မှတ်သားရခြင်းက ကိုင်တွယ်က ခက်ခဲတယ်လို့ ထင်စရာရှိနိုင်ပါတယ်။ ဒါပေမဲ့ သင့်တော်တဲ့ ဆီးချိုရောဂါ နည်းဗျူဟာတစ်ခု ဖန်တီးထားမယ်ဆိုရင် ဒီအလုပ်တွေ အကုန်လုံးအပြင် ပိုပြီးတော့တောင် လုပ်ဆောင်နိုင်မှာပါ။

အောက်မှ ပြထားတာက သင်ကြိုးစားကြည့်နိုင်တဲ့ အမျိုးအစား ၁ဆီးချိုရောဂါနဲ့ သက်ဆိုင်တဲ့ နည်းလမ်းများ ဖြစ်ပါတယ်။ တခြားသူများနဲ့ စကားပြောခြင်း၊ ကြိုတင်စီမံခြင်းအားဖြင့် အလုပ်မှာရော ကိုယ်ပိုင်ဘဝမှာပါ ကောင်းမွန်တဲ့ သမမျှတမှုကို ရှာတွေ့မှာပါ။

၂။ စီစဉ်ပါ၊ အရေးကြီးတာကို ဦးစားပါ

အမျိုးအစား ၁ဆီးချိုရောဂါရှိနေတာက သင်လုပ်ရမယ့် ကိစ္စတွေ အားလုံးကို စဉ်းစားလိုက်တာနဲ့တင် စိတ်ဖိစီးမှု ဖြစ်စေမှာပါ။

ဆီးချိုရောဂါ နည်းဗျူဟာကို စတင်ဖို့ နည်းလမ်းတစ်ခုက‌တော့ ကိစ္စတွေနဲ့ နေသားကျအောင် ဖြည်းဖြည်းဆီ စတင်ပြီး အချိန်ကြာလာတာနဲ့အမျှ ပိုမိုလွယ်ကူလာအောင် လုပ်တာပါပဲ။

သင်လုပ်နိုင်တဲ့ ပထမဆုံးအချက်ကတော့ ကြိုတင်ပြင်ဆင်တာပါပဲ။ အစားအသောက်‌ေတွကို ကြိုတင်ပြင်ဆင်ထားတာ၊ သွေးတွင်းသကြားဓာတ်ကျသွားတဲ့အခါ အလွယ်တကူ လက်လှမ်းမီနိုင်တဲ့နေရာမှာ အဆာပြေစာတွေ သို့မဟုတ် သကြားလုံးတွေ ထားထားတာမျိုးပါ။

သင့်အလုပ်အချိန်ဇယားပေါ် မူတည်ပြီး ဘယ်အချိန်မှာ အင်ဆူလင်ထိုးရမလဲဆိုတာကို ကြိုတင်ပြင်ဆင်တာကလည်း တစ်နေ့တာလုံးမှာ သွေးတွင်းသကြားဓာတ် တည်ငြိမ်စေနိုင်ပါတယ်။

ဒါပေမဲ့ ဘဝဆိုတာ အလျင်အမြန်ပြောင်းလဲနိုင်တယ်ဆိုတာကို လူတိုင်းသိထားပြီးသားပါ။ ဒါကြောင့် အစီအစဉ်တွေကို ညှိနှိုင်းပြီး ဆီးချိုရောဂါကို ကောင်းမွန်စွာ ထိန်းချုပ်ထားသင့်ပါတယ်။

တကယ်လို့ သင့်ရဲ့ သွေးတွင်းသကြားဓာတ်တွေက ကောင်းမနေဘူးဆိုရင် သင့်ကျန်းမာရေး လမ်းမှန်ပေါ် ပြန်ရောက်လာစေဖို့ အလုပ်မှာ ပြုပြင်ပြောင်းလဲလို့ လိုတာတွေ သို့မဟုတ် အနားယူတာတွေ လုပ်ဖို့ မကြောက်ပါနဲ့။

ဒါကြောင့် သင်နဲ့ သင့်ကျန်းမာရေးကို ပထမဦးစားပေး နေရာမှာထားဖို့ အရေးကြီးပါတယ်။

ကျွန်တော်တို့ရဲ့ အလုပ်က ခက်ခဲပေမယ့် ဆရာဝန် ပြောတဲ့အတိုင်း ဆေးသောက်ဖို့၊ မကြာခဏ သွေးတွင်းသကြားဓာတ် စစ်ဆေးဖို့နဲ့ ကျန်းမာရေးစစ်ဆေးဖို့ ကျန်းမာရေးအဖွဲ့ဆီ သွားရောက်ဖို့ စတာတွေကို သတိရနေဖို့ အရေးကြီးပါတယ်။

အနားယူပြီး လေ့ကျင့်ခန်းလုပ်ပါ။ ဒါက သင့်ရဲ့ ခန္ဓာကိုယ်၊ မိတ်ဆွေတွေနဲ့ သင့်ရဲ့ ခံစားချက်ကို ကောင်းမွန်စေပါတယ်။

၃။ အားလုံးပါဝင်ဖို့နဲ့ မတူညီကွဲပြားမှုတွေကို ပါဝင်ခွင့်ပေးဖို့ အားပေးကူညီပါ

သင့်ရဲ့ဆီးချိုရောဂါ နည်းဗျုဟာအတွက် နောက်ထပ်အဆင့်ကတော့ အလုပ်မှာ သင့်ရဲ့ပန်းတိုင်တွေနဲ့ လိုအပ်ချက်တွေကို ဘယ်လိုအကောင်းဆုံး ပြည့်မီမလဲဆိုတာ ဆန်းစစ်ဖို့ပါ။

ဆိုလိုတာက သင့်စားပွဲမှာ သကြားလုံး၊ အင်ဆူလင်၊ သွေးတွင်းသကြားဓာတ် စစ်ဆေးတဲ့စက်နဲ့ စစ်ဆေးတဲ့ စမ်းသပ်ပြားတို့အတွက် နေရာဖယ်ထားဖို့ပါ။

အလုပ်ချိန်မှာ အင်ဆူလင်ထိုးဖို့ လိုအပ်တယ်ဆိုရင် သက်သောင့်သက်သာ ဖြစ်တဲ့နေရာ ဖြစ်ဖို့ လိုပါတယ်။

သင်နဲ့အတူ အလုပ်လုပ်နေတဲ့ သူတွေအပေါ်မှာ ရိုးသားပါ။ ဒါက သင့်ကို စိတ်ချရစေပြီး သက်သောင့်သက်သာ ဖြစ်စေနိုင်ပါတယ်။

သင်လိုအပ်တာတွေ၊ သင်ဘယ်လိုခံစားရလဲ၊ ဘာတေွဖြစ်လာနိုင်လဲဆိုတာတွေကို လုပ်ဖော်ကိုင်ဖက်များနဲ့ မျှဝေတာက သူတို့ကို အမျိုးအစား ၁ ဆီးချိုရောဂါအ‌ကြောင်း ပိုမိုနားလည်စေပြီး သူတို့မေးခွန်းတွေကို ပြန်လည်ဖြေကြားမိစေပါတယ်။

ဒီလိုနည်းနဲ့ အလုပ်မှာ ပိုပြီး ပွင့်လင်းမှုတွေ၊ မတူကွဲပြားမှုတွေနဲ့ အားလုံးပါဝင်မှုတွေ ရရှိစေပါတယ်။

၄။ သင့်ရဲ့ စိတ်ကျန်းမာရေးကို ဂရုစိုက်ပါ

နာတာရှည်ရောဂါနဲ့ ယှဉ်တွဲနေထိုင်ရတဲ့ စိတ်ဒုက္ခက အမှန်ပဲ ဖြစ်ပြီး သင့်ရဲ့ ဆီးချိုရောဂါ နည်းဗျူဟာထဲမှာ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။

သင့်ရဲ့ စိတ်ကျန်းမာရေးက ကိုယ်ကျန်းမာရေးလိုပဲ အရေးကြီးတာကြောင့် သင်စိတ်ဓာတ်ကျတဲ့အခါ၊ စိတ်ဖိစီးတဲ့အခါ သို့မဟုတ် စိုးရိမ်ပူပန်မှုတွေများတဲ့အခါ သင့်ကိုယ်သင် ဂရုစိုက်ဖို့ လိုပါတယ်။

ရောဂါမရှိသလို ဟန်မဆောင်ဘဲ သင်လက်ရှိ ခံစားနေရတာတွေကို နားလည်ပြီး လက်ခံနိုင်အောင် ကြိုးစားပါ။

ဒါက အဓိကပြဿနာနဲ့ ရင်ဆိုင်တဲ့အခါ သင့်ကို မြန်မြန်ဆန်ဆန် ကောင်းမွန်စေပြီး ဒုက္ခနည်းစေပါတယ်။ ကျွန်တော်တို့က တကယ့်ပြဿနာကို ဂရုမစိုက်ရင် သင့်ကျန်းမာရေးနဲ့ စိတ်ဖိစီးမှုက အချိန်ကြာလာလေလေ ပိုဆိုးလာလေလေ ဖြစ်မှာပါ။

သင့်ခံစားချက်တွေ အားလုံးကို လက်ခံပြီး လေ့ကျင့်ခန်းလုပ်တာ၊ တရားမှတ်တာ၊ သီချင်းနားထောင်တာ သို့မဟုတ် အချိန်ခဏပေးပြီး အနားယူတာလိုမျိုး ကျန်းမာရေးနဲ့အညီ ရင်ဆိုင်သင့်ပါတယ်။

အရာအားလုံးက သင့်အပေါ် ဝန်ပိလာရင် အကူအညီတောင်းဖို့ မကြောက်ပါနဲ့။ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ သူငယ်ချင်းတွေနဲ့ မိသားစုက သင့်ကို စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့ပေးဖို့ ရှိနေပါတယ်။


၅။ သင်နဲ့ တူညီတဲ့သူတွေကို ရှာပါ၊ အဖွဲ့အစည်းနဲ့ ဆက်သွယ်ပါ

အမျိုးအစား ၁ဆီးချိုရောဂါနဲ့ ယှဉ်တွဲနေထိုင်ရသူတွေမှာ ဆက်တိုက်အားထုတ်မှုနဲ့ စီစဉ်မှုတွေ လုပ်ရတာကြောင့် ကိုယ်စိတ်ချုံးချုံးကျပြီး ဆီးချိုရောဂါကို စီမံဖို့ ခက်ခဲနိုင်ပါတယ်။

ဒါကြောင့် စိတ်အေးအေးထားပြီး အမျိုးအစား ၁ဆီးချိုရောဂါရှင်များ အဖွဲ့အစည်းနဲ့ ဆက်သွယ်ပြီး ထောက်ပံ့မှု ရယူပါ။

သင့်လိုမျိုး ဖြတ်သန်းခဲ့ရတဲ့ သူတွေကို ရှာဖွေဆက်သွယ်တာက သင့်ကို ပိုပြီး သက်သောင့်သက်သာ ဖြစ်စေပြီး အဖွဲ့အစည်းရဲ့ အစိတ်အပိုင်း ဖြစ်စေပါလိမ့်မယ်။

သင်ခံစားနေရတာကို နားလည်ပြီး သင့်ကို စိတ်သက်သာရာရစေမယ့် သူတွေကို ရှာဖွေတာက အချိန်ကုန်ရကျိုးနပ်ပါတယ်။ သင်နဲ့ တူတဲ့သူတွေကို ရှာဖွေပြီး သူတို့ကို ချစ်မြတ်နိုးပါ။

၆။ သင့်တန်ဖိုးကို သိပါ

နောက်ဆုံးအနေနဲ့ သင်က လေးစားမှုနဲ့ ဂုဏ်သိက္ခာရှိမှုတို့နဲ့ ထိုက်တန်တဲ့ လူသားတစ်ယောက်ဆိုတာ မမေ့လိုက်ပါနဲ့။ သင်က အလုပ်ထဲက တခြားသူတွေလိုပဲ တန်းတူအခွင့်အရေးရသင့်ပါတယ်။

သင့်အနေနဲ့ ထပ်ဆောင်းအထောက်အကူတွေ လိုအပ်ကြောင်းပြသဖို့ စာရွက်စာတမ်းတွေ လိုလာခဲ့ရင် သင့်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ကို အစီအစဉ်တစ်ခု ပြင်ဆင်ပေးဖို့ ဆက်သွယ်ပါ။

သင့်မှာ အမျိုးအစား ၁ဆီးချိုရောဂါရှိတဲ့အခါ သင့်လိုအပ်တာတွေ ရရှိပြီး မျှတစွာဆက်ဆံခံရေးအတွက် သင့်ကိုယ်တိုင် ဖွင့်ဟပြောဆိုဖို့ နိုင်ငံပေါင်းများစွာကခွင့်ပြုထားပါတယ်။

အလုပ်ထဲမှာဖြစ်နေရင်တောင် သင့်ရဲ့ တစ်ကိုယ်ရည်မျှော်မှန်းချက်၊ အစီအစဉ်၊ ဦးစားပေးသတ်မှတ်ခြင်းနဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်မှုတွေကို နားလည်ပေးပြီး တန်ဖိုးထားပေးဖို့က သင့်ဆီးချိုရောဂါ နည်းဗျူဟာရဲ့တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်။

သင်က ထူးခြားပြီး အမျိုးအစား ၁ဆီးချိုရောဂါ ခရီးစဉ်က သင့်ကို ပိုပြီး ကောင်းမွန်စေတယ်ဆိုတာကို သတိရပါ။ သင့်ရဲ့ ယင်နဲ့ ယန်ကို ရှာဖွေပြီး ဘဝမှာ မျှတအောင် နေထိုင်ပါ။

ဒါတွေကို အတင်းတိုက်ခိုက်ဖို့ မကြိုးစားဘဲ သမုဒ္ဒရာ လှိုင်းလုံးများနဲ့ စီးမျောသလို ဘဝနဲ့ အလိုက်သင့်လေး စီးမျောလိုက်ပါ။

Icon ရှင်းလင်းချက်