T1D အချက်အလက်

Icon

ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ

ကျွန်ုပ်တို့အကြောင်း

အမျိုးအစား ၁ ဆီးချိုရောဂါကို စီမံထိန်းညှိဖို့ လွယ်ကူစေမယ့် ကာဗိုဟိုက်ဒရိတ် တွက်ချက်ခြင်း

တည်းဖြတ်ချက်များ 06.05.2026

Dr.Khaing Thazin Saw

Pediatrician at The 500-bedded Children’s Hospital, Naypyitaw, Myanmar

၁။ အမျိုးအစား ၁ဆီးချိုအတွက် ကာဗိုဟိုက်ဒရိတ်တွက်ချက်ခြင်း ဆိုတာဘာလဲ၊ ဘာကြောင့် အရေးကြီးတာလဲ။

အမျိုးအစား ၁ ဆီးချိုရောဂါကို စီမံထိန်းညှိရတဲ့အခါ အာဟာရက အဓိကအရေးပါတဲ့ကဏ္ဍဖြစ်သလို စားသောက်သမျှ အာဟာရဓာတ်တွေရဲ့ အရေးပါတဲ့အရင်းအမြစ်ဖြစ်တဲ့ ကာဗိုဟိုက်ဒရိတ်ကလည်း အရေးကြီးပါတယ်။

ကာဗိုဟိုက်ဒရိတ်တွက်ချက်ခြင်းက သွေးတွင်းသကြားဓာတ်ပမာဏကို တည်ငြိမ်အောင် ထိန်းသိမ်းဖို့ အကူအညီပေးပါတယ်။ တစ်နေ့တာရဲ့ အနည်းဆုံး ၇၀ ရာခိုင်နှုန်းမှာ ရှိသင့်တဲ့ အသင့်တင့် သွေးတွင်းသကြားဓာတ်ပမာဏက ၇၀ နဲ့ ၈၀ mg/dl (၃.၉ နဲ့ ၁၀.၀ mmol/L) ကြား ဖြစ်ပါတယ်။

နေ့စဉ် ကိုယ်စားသုံးတဲ့ ကာဗိုဟိုက်ဒရိတ်ပမာဏကို မစဉ်းစားမတွက်ချက်ဘူးဆိုရင် သွေးတွင်းသကြားဓာတ်ပမာဏက အန္တရာယ်ရှိတဲ့အဆင့်ထိ မြင့်တက်သွားနိုင်ပါတယ်။

တစ်ဖက်ကပြောရရင်လည်း ကာဗိုဟိုက်ဒရိတ်တွေကို လုံလောက်အောင်မစားသုံးရင် သွေးတွင်းသကြားဓာတ်ပမာဏက အန္တရာယ်ရှိတဲ့အဆင့်ထိ ကျဆင်းသွားနိုင်တယ်။

ကိုယ်စားသုံးတဲ့ ကာဗိုဟိုက်ဒရိတ်တွေကို မျက်ခြည်မပြတ်စောင့်ကြည့်ခြင်းအားဖြင့် သွေးတွင်းသကြားဓာတ်ပမာဏကို ပိုကောင်းကောင်းထိန်းနိုင်ပြီး သွေးတွင်းသကြားဓာတ် အတက်အကျများလွန်းခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေကို ရှောင်ရှားနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ် မြင့်တက်လွန်းတာက ခန္ဓာကိုယ်မှာ မကောင်းတဲ့ရေရှည်သက်ရောက်မှုတွေ ရှိလာစေနိုင်ပါတယ်။

အတွက်အချက် မကျွမ်းတာအတွက်နဲ့ စိတ်ဖိစီးမခံပါနဲ့။ အဖွဲ့မှ ကြိုဆိုပါတယ်။

၂။ အမျိုးအစား ၁ ဆီးချိုရောဂါအတွက် ကာဗိုဟိုက်ဒရိတ်တွက်ချက်ခြင်းရဲ့ အခြေခံအချက်တွေ စတင်ခြင်း

ကိုယ့်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့၊ အထူးသဖြင့် အာဟာရဗေဒပညာရှင်၊ စားသောက်ပုံအာဟာရပညာရှင် ဒါမှမဟုတ် ဒီလုပ်ငန်းစဉ်ကနေ ကိုယ့်ကိုကူညီပေးနိုင်မယ့် ဆီးချိုဆိုင်ရာ အသိပညာပေးသူတစ်ဦးနဲ့အတူ လုပ်ငန်းစပါ။

သူတို့က ကိုယ်လိုချင်တဲ့ နေထိုင်မှုပုံစံနဲ့ အကိုက်ညီဆုံးဖြစ်မယ့် အကြံဉာဏ်ကို ပေးပါလိမ့်မယ်။ ဒီလိုကျွမ်းကျင်သူတွေဆီကနေ ဆီးချိုရောဂါအတွက် ကာဗိုဟိုက်ဒရိတ်တွက်ချက်မှုအခြေခံတွေကို လေ့လာသင်ယူနိုင်မှာပါ။ စစချင်းတော့ သင်ယူရမှာ အများကြီးလို့ ထင်ရနိုင်ပေမယ့် ဒီအတွက် အထောက်အကူဖြစ်စေနိုင်တဲ့ ကိရိယာတွေ အများကြီးရှိနေပါတယ်။

ကာဗိုဟိုက်ဒရိတ်အမျိုးအစားတွေနဲ့ သွေးတွင်းသကြားဓာတ်ပမာဏအပေါ် သူတို့ရဲ့သက်ရောက်မှုကို နားလည်ထားဖို့ အရေးကြီးပါတယ်။ ရိုးရိုးနဲ့ အရော ဆိုတဲ့ ကာဗိုဟိုက်ဒရိတ် အခြေခံအမျိုးအစားနှစ်မျိုး ရှိပါတယ်။

သကြားလုံးတွေနဲ့ အချိုများတဲ့သောက်စရာတွေမှာ တွေ့ရတတ်တဲ့ ကာဗိုဟိုက်ဒရိတ်ရိုးရိုးတွေက သွေးတွင်းသကြားဓာတ်ကို မြန်မြန်မြင့်တက်စေနိုင်တယ်။

ဒါပေမယ့် ဂျုံကြမ်းအစားအစာတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ပဲတွေက သွေးတွင်းသကြားဓာတ်ပမာဏအပေါ် ဖြည်းညင်းတဲ့ သက်ရောက်မှုရှိသော ကာဗိုဟိုက်ဒရိတ်အရောတွေ ဖြစ်ပါတယ်။

ဒီကွာခြားချက်တွေကို ​လေ့လာထားတာက စျေးဆိုင်မှာ ကျန်းမာရေးနဲ့ပိုညီတဲ့ ရွေးစရာတွေကို ရွေးယူဖို့ ပိုလွယ်စေနိုင်ပါမယ်။

၃။ အမြင်အားဖြင့် ခန့်မှန်းတွက်ချက်ပြီး အာဟာရဆိုင်ရာ ဖော်ပြချက်တွေကို ဖတ်ရှုခြင်း

ပမာဏအရွယ်အစားတွေနဲ့ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုကို ခန့်မှန်းတွက်ချက်တဲ့အခါ အမြင်ဆိုင်ရာ ကိရိယာတွေက သိပ်ကို အကူအညီဖြစ်စေနိုင်ပါတယ်။

အသီးတစ်လုံးရဲ့အရွယ်အစားကို လက်နဲ့မှန်းဆတာ ဒါမှမဟုတ် ပါစတာပမာဏကို ချင်ခွက်နဲ့ ခန့်မှန်းတွက်ချက်နိုင်ပါတယ်။

ဥပမာ လက်တစ်ခုပ်စာပမာဏက ထမင်း ဒါမှမဟုတ် ပါစတာပမာဏဘယ်လောက် ပန်းကန်ထဲထည့်လိုက်သလဲဆိုတာ မြင်သာစေဖို့ အထောက်အကူပြုနိုင်ပါတယ်။

ဒီနည်းက အမြင်ပိုင်းအကိုးအကားတစ်ခု ရစေပြီး အစားအသောက်ထဲက ကာဗိုဟိုက်ဒရိတ်ကို ပိုပြီးတိတိကျကျ ခန့်မှန်းနိုင်စေပါတယ်။

ပြန်လည်ထုပ်ပိုးထားတဲ့ အစားအသောက်အများစုရဲ့ အာဟာရဆိုင်ရာ ဖော်ပြချက်ပေါ်မှာ ကာဗိုဟိုက်ဒရိတ်ဘယ်လောက်များများကို "ကာဗိုဟိုက်ဒရိတ်"အဖြစ် ဖော်ပြထားသလဲဆိုတာနဲ့ ဘယ်လောက်ဂရမ် ပါသလဲဆိုတာ မြင်တွေ့နိုင်ပါတယ်။ အမျိုးအစား ၁ဆီးချိုရောဂါအတွက် ကာဗိုဟိုက်ဒရိတ်တွက်ချက်တဲ့အခါ ကာဗိုဟိုက်ဒရိတ်ဘယ်လောက်များများ ကိုယ်စားသုံးနေသလဲဆိုတာ မျက်ခြည်မပြတ်စောင့်ကြည့်ဖို့ လွယ်ကူစေပါတယ်။

ကိုယ်က အမြဲအလုပ်များနေတာ ဒါမှမဟုတ် ချက်ပြုတ်ဖို့ အချိန်မရှိဘူးဆိုရင် ဒီရွေးချယ်မှုက အထောက်အကူဖြစ်စေနိုင်ပါတယ်။

၄။ အစားအသောက် ဒိုင်ယာရီ ဒါမှမဟုတ် ကာဗိုဟိုက်ဒရိတ်ကို တွက်ချက်ပေးတဲ့ အက်ပ်တစ်ခု အသုံးပြုခြင်း

ကိုယ်စားထားသမျှကို အစားအသောက်ဒိုင်ယာရီထဲ ချရေးခြင်း ဒါမှမဟုတ် အက်ပ်တစ်ခု အသုံးပြုခြင်းအားဖြင့် အမျိုးအစား ၁ဆီးချိုရောဂါအတွက် ကာဗိုတွက်ချက်ရာမှာ ကိုယ့်ရဲ့တိုးတက်မှုကို မျက်ခြည်မပြတ်စောင့်ကြည့်နိုင်ပါတယ်။

ဒါဟာ ကိုယ်စားတဲ့ ပုံစံတွေကို မြင်လာဖို့နဲ့ လိုအပ်လာရင် စားသောက်မှုအစီအစဉ်နဲ့ အင်ဆူလင်အချိန်ဇယားကို အပြောင်းအလဲလုပ်ဖို့လည်း လွယ်ကူစေပါတယ်။

အစားအသောက်အက်ပ်တွေကို အသုံးပြုခြင်းအားဖြင့် ကာဗိုဟိုက်ဒရိတ်တွက်ချက်ရတာ ပိုလွယ်စေမယ်၊ အထူးသဖြင့် အစားအစာအသစ်တွေစားတဲ့အခါ ဒါမှမဟုတ် အပြင်ထွက်စားတဲ့အခါမျိုးမှာပါ။

အစားအသောက်အက်ပ်အများစုက ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီဓာတ်တွေနဲ့ အမျှင်ဓာတ်တွေ ဘယ်လောက်ဂရမ်ပါဝင်သလဲဆိုတာ ပြပေးနိုင်တာကြောင့် ကိုယ်တိုင်တွက်ချက်စရာမလိုပါဘူး။

ဒီအက်ပ်တွေက တစ်နေ့တာမှာ ကာဗိုဟိုက်ဒရိတ်ပမာဏ ဘယ်လောက်စားမိထားလဲဆိုတာ အသိပေးနိုင်သလို ဘယ်အချိန်မှာ သွေးတွင်းသကြားဓာတ် စစ်ဆေးကြည့်ဖို့လိုမလဲဆိုတာ ပြောပြနိုင်ပါတယ်။

ဘယ်အစားအသောက်က သက်ရောက်မှုအရှိဆုံးဖြစ်ပြီး အပြောင်းအလဲဖြစ်စေလဲဆိုတာကို သိနိုင်မှာဖြစ်လို့ မျက်ခြည်မပြတ်စောင့်ကြည့်ဖို့က အရေးကြီးပါတယ်။ ဒါက သင့်တင့်တဲ့ သွေးတွင်းသကြားဓာတ်ပမာဏ ၇၀ နဲ့ ၈၀ mg/dl ဒါမှမဟုတ် ၃.၉ နဲ့ ၁၀.၀ mmol/L ကြားအတိုင်းအတာအတွင်း ရှိနေနိုင်ဖို့ကိုလည်း အထောက်အကူပေးပါတယ်။

၅။ အမျိုးအစား ၁ဆီးချိုရောဂါအတွက် ကာဗိုဟိုက်ဒရိတ်တွက်ချက်ခြင်းကို လက်တွေ့လုပ်တဲ့အခါ စိတ်ရှည်ပါ

အချိန်ကြာလာတာနဲ့အမျှ လက်တွေ့အလေ့အကျင့်လုပ်မယ်ဆိုရင် စားသုံးနေကျ အစားအသောက်တွေထဲမှာ ကာဗိုဟိုက်ဒရိတ် ဘယ်လောက်ပါသလဲဆိုတဲ့ ဖော်ပြချက်တွေ၊ တိုင်းတာမှု ကိရိယာတွေသိပ်မသုံးဘဲ ခန့်မှန်းတွက်ချက်နိုင်ဖို့ သင်ယူလေ့လာနိုင်ပါတယ်။

တစ်စုံတစ်ခုကို အတိအကျ တိုင်းတာလို့မရတဲ့အခါမျိုးမှာ ဒီအရည်အချင်းက လက်တွေ့ အသုံးဝင်လာပါတယ်။

ကာဗိုဟိုက်ဒရိတ်တွက်ချက်ခြင်းဟာ ကိုယ်သင်ယူလေ့လာလို့ရပြီး အချိန်ကြာလာတာနဲ့အမျှ လက်တွေ့အလေ့အကျင့်နဲ့အတူ ကောင်းကောင်းပိုလုပ်နိုင်လာမယ့် တခြားအရည်အချင်းတစ်ခုလို့ တွေးလိုက်ပါ။

ကိုယ့်ကိုယ်ကိုယ် စိတ်ရှည်ပေးပြီး သင်ယူလေ့လာချင်စိတ်ကို ထားပါ။ တစ်နေ့ချင်းစီက ကွာခြားလာပါတယ်။ ကိုယ့်ခန္ဓာကိုယ်ရဲ့တုံ့ပြန်ပုံကို သိနေခြင်းက အခြေအနေတစ်ရပ်လုံးကိုပြောင်းလဲပစ်လိုက်နိုင်တဲ့ အဓိကအရာပါပဲ။

ခန့်မှန်းတွက်ချက်နိုင်စွမ်းနဲ့ ကာဗိုဟိုက်ဒရိတ်တွက်ချက်မှုကို ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ အသုံးပြုနိုင်စွမ်းက လက်တွေ့အလေ့အကျင့်နဲ့အတူ တိုးတက်လာပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ၊ သင်လုပ်နိုင်ပါတယ်။

ကာဗိုဟိုက်ဒရိတ်တွက်ချက်ခြင်းဆိုတာ လုပ်လို့ရနိုင်ပါတယ်။ သင့်ရဲ့ အမျိုးအစား ၁ဆီးချိုရောဂါ စီမံထိန်းညှိမှုမှာ ကာဗိုဟိုက်ဒရိတ်တွက်ချက်ခြင်းအကူအညီရယူလိုက်ပါ။

ကာဗိုဟိုက်ဒရိတ်တွက်ချက်မှုဆိုတာ ဆီးချိုအတွက် သွေးတွင်းသကြားဓာတ်ကို ကောင်းကောင်းထိန်းထားနိုင်စေမယ့် အသုံးဝင်တဲ့အရည်အချင်းတစ်ခုဖြစ်တယ်ဆိုတာ အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေက သိထားပြီးသား ဖြစ်နေနိုင်ပါတယ်။

ဒီအစီအစဉ်ကို သိလာလေလေ ကိုယ့်ရဲ့ အမျိုးအစား ၁ဆီးချိုရောဂါကို ကောင်းကောင်းတာဝန်ယူ ထိန်းညှိနိုင်လေ ဖြစ်လာပါလိမ့်မယ်။ ကာဗိုဟိုက်ဒရိတ်တွက်ချက်မှုကို တစ်နေ့တည်းနဲ့ မကျွမ်းကျင်နိုင်ဘူးဆိုတာ သိထားပါ။ မတူညီတဲ့အရာတွေကို ရှာဖွေပြီး ဘယ်တစ်ခုက အဆင်ပြေဆုံးဖြစ်မလဲဆိုတာ သိနိုင်ဖို့ အချိန်ယူရပါတယ်။ တစ်ကြိမ်မှာ တစ်ခုပဲ ပြောင်းလဲဖို့ကြိုးစားပြီး အပြောင်းအလဲတစ်ခုချင်းစီက သွေးတွင်းသကြားဓာတ်ကို ဘယ်လိုသက်ရောက်စေနိုင်လဲဆိုတာ သိနိုင်ပါတယ်။

အကူအညီတောင်းဖို့ စိုးရွံ့မနေပါနဲ့။ အနီးအနားမှာ ကူညီတတ်သူတွေ ရှိပါတယ်။

Facebook ပေါ်က HelloType1 လို လူ့အသိုက်အဝန်းအဖွဲ့တွေမှာ ချိတ်ဆက်ပါဝင်ပြီး သင်ယူလေ့လာနိုင်ပြီး အွန်လိုင်းမှာ ဆောင်းပါးတွေလည်း အများကြီးရှိပါတယ်။

ကာဗိုဟိုက်ဒရိတ်ပမာဏ ဘယ်လောက် စားမိနေလဲဆိုတာ မစောင့်ကြည့်နေဘဲ ကိုယ့်ရဲ့သွေးတွင်းသကြားဓာတ်ပမာဏကို စီမံထိန်းညှိဖို့ မလွယ်ကူနိုင်ဘူးဆိုတာ သတိရပါ။ ဒါက မကောင်းတဲ့ပြဿနာတွေကိုပဲ ဖြစ်လာစေနိုင်ပါလိမ့်မယ်။

ကာဗိုဟိုက်ဒရိတ်တွက်ချက်ခြင်းကို ကိုယ့်ရဲ့နေ့စဉ်ဘဝလုပ်ဆောင်စရာတွေမှာ ထည့်သွင်းပြီး အမျိုးအစား ၁ဆီးချိုရောဂါကို စီမံဖြေရှင်းရေးမှာ တာဝန်ယူလိုက်လို့ရနိုင်ပါတယ်။

အစာအာဟာရနဲ့ ပတ်သက်တဲ့ ဉာဏ်စမ်းမေးခွန်းတွေကို အခုပဲ ဖြေဆိုလိုက်ပါ။

Icon ရှင်းလင်းချက်