T1D အချက်အလက်

Icon

ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ

ကျွန်ုပ်တို့အကြောင်း

Le Khuong: ဗီယက်နမ်မှ အမျိုးအစား ၁ဆီးချိုရောဂါ စိန်ခေါ်မှုများကို ကျော်လွှားခြင်း

တည်းဖြတ်ချက်များ 06.05.2026

Johanah Co

Type 1 Diabetes Advocate

"ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို လိုက်နာပြီး အင်ဆူလင်ဘယ်လောက်ထိုးရမလဲဆိုတာနဲ့ သွေးတွင်းသကြားဓာတ်ကို ဘယ်လိုစစ်ဆေးရမလဲဆိုတာကို ကိုယ်တိုင်သင်ကြားရတဲ့အတွက် အမျိုးအစား ၁ဆီးချိုရောဂါစရှိပြီး လအနည်းငယ်လောက်ထိက ကျွန်တော်အတွက် ခက်ခဲခဲ့ပါတယ်။"- Le Khuong

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့(HCMC)တွင် နေထိုင်သူ Le Khuongသည် သူ့အသက် ၂၀နှောင်းပိုင်းတွင် အမျိုးအစား ၁ဆီးချိုရောဂါရှိကြောင်း သိရှိခဲ့ရပါသည်။ စိန်ခေါ်မှုများ ရှိသော်လည်း သူ၏ ခရီးစဉ်ကို အကျိုးရှိရှိ ဖြတ်သန်းနိုင်စေရန် အသိပညာနှင့် အထောက်အပံ့များကို ရယူခဲ့ပါတယ်။

Le Khuongက သူ့မိသားစုနှင့် သူ့သူငယ်ချင်းများထံမှ ရရှိခဲ့သည့် အထောက်အပံ့များကို အသိအမှတ်ပြုကြောင်း "ကျွန်တော်ရဲ့ မေမေက ကျွန်တော်အတွက် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေကို ရှာဖွေဖို့ ခက်ခဲခဲ့ပြီး စိတ်ဖိစီးမှုတွေ များခဲ့ရတယ်'ဟု ဖော်ပြထားပါသည်။ ကနဦးတွင် စိန်ခေါ်မှုများရှိသော်လည်း သူက အသိပညာနှင် အထောာက်အပံ့များ၏ အရေးကြီးမှုကို "အမျိုးအစား ၁ဆီးချိုရောဂါအကြောင်း လေ့လာထားတာက ကျွန်တော့်ရဲ့ အခြေအနေကို ဘယ်လိုထိန်းရမလဲဆိုတာအတွက် အစီအစဉ်ချမှတ်နိုင်အောင် ကူညီပေးနိုင်ပါတယ်"ဟု အလေးပေး‌ပြောကြားခဲ့ပါသည်။

Le Khuong၏ ဆီးချိုစီမံမှုမှာ ပုံမှန်စစ်ဆေးခြင်းနှင့် ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်း အလေ့အကျင့်တွေက အ‌ရေးပါတဲ့ ကဏ္ဍမှာ ပါဝင်ခဲ့ပါသည်။ "သုံးလတစ်ကြိမ် ဆေးစစ်ခြင်းက အကူအညီဖြစ်ပါတယ်"ဟု သူက ပြောကြားခဲ့ပါသည်။ "မိဘများအနေနဲ့ ကလေးနဲ့အတူ လေ့လာသင့်ပြီး သူတို့တွေအတွက် ဆီးချိုသူငယ်ချင်းများ ဖြစ်လာနိုင်ပါတယ်။"

Le Khuong၏ ခရီးစဉ်မှာ လက်ခံလိုက်ခြင်းနှင့် လိုက်လျောညီထွေနေထိုင်ခြင်းသည် အဓိကကျပါသည်။ "နောက်ဆုံးမှာတော့ ကျွန်တော့်ရဲ့ စိတ်ခံစားချက်တွေကို တာဝန်ယူပြီး ကိုယ်တိုင်သက်သာအောင် လုပ်ဆောင်သင့်တယ်လို့ သင်ယူလိုက်ရပါတယ်။" ဟု မျှဝေခဲ့ပါသည်။ "အရာအားလုံးက အဆင်ပြေတယ်ဆိုရင် ကျွန်တော်တို့ ဒီအတိုင်း မှန်မှန်ဆက်လုပ်ရုံပါပဲ။"

Action4Diabetesတွင် Le Khuongသည် သူ၏ ထောက်ခံအားထုတ်မှုနှင့် အခြားသူများကို ကူညီပြီး လူမှုဝန်းကျင်ကို ကောင်းကျိုးပြုရန် ရည်ရွယ်ချက်ကောင်းကို တွေ့ရှိခဲ့ပါသည်။ လက်ခံလိုက်ခြင်းနှင့် တက်တက်ကြွကြွ စံမံခြင်းက အဓိပ္ပာယ်ရှိသော ဘဝအတွက် အရေးပါသည်ဟု ယုံကြည်ပြီး အမျိုးအစား ၁ဆီးချိုရောဂါနှင့်အတူ ပါလာမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို လက်ခံရန် တစ်ယောက်ခြင်းဆီကို ၄င်းက တိုက်တွန်းခဲ့ပါသည်။

Icon ရှင်းလင်းချက်