T1D အချက်အလက်

Icon

ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ

ကျွန်ုပ်တို့အကြောင်း

T1D နှင့် များစွာသော နာတာရှည်အခြေအနေများ | "ဘဝက ရှုပ်ထွေးလာတဲ့အခါ (အမျိုးအစား ၁ ဆီးချိုသွေးချိုရောဂါနဲ့ တခြား နာတာရှည်အခြေအနေတွေကို စီမံခန့်ခွဲခြင်း)"

တည်းဖြတ်ချက်များ 01.06.2026

Prof Cho Cho Win

Professor of Pediatrics at the 500-bedded Children’s Hospital, Naypyitaw, Myanmar

"အမျိုးအစား ၁ ဆီးချိုသွေးချိုရောဂါ (T1D) ဖြင့် နေထိုင်ခြင်းဆိုသည်မှာ အချိန်ပြည့် အလုပ်လုပ်နေရခြင်းနှင့် တူပါတယ်။ အခြားနာတာရှည် ရောဂါအခြေအနေများပါ ပါဝင်လာပါက ထိုအရာက ပြောင်းလဲနေသည့် မြေပုံကို အသုံးပြုနေရသလို ဖြစ်လာပါတယ်။

အင်ဒိုနီးရှားမှ Anita မှာမူ ဤလမ်းကြောင်းကို ကောင်းစွာသိပါတယ်။ ရိုးသားမှု၊ သတ္တိရှိမှု၊ ခွန်အားတို့ဖြင့် သူမသည် ချောမွေ့အဆင်ပြေသော ခရီးလမ်းကို လျှောက်လှမ်းနေပါတယ်။"

၁. T1D က ခက်ဲပါတယ်၊ ဒါပေမယ့် မင်းက ပိုကြမ်းတယ်။

အမျိုးအစား ၁ ဆီးချိုသွေးချိုရောဂါတစ်ခုထဲပင် အလွန်ခက်ခဲနေပြီဖြစ်သော်လည်း တစ်ခါတစ်ရံမှာ အခြား autoimmune သူငယ်ချင်းများကိုပါ ယူဆောင်လာပေးတတ်ပါတယ်။

Popoviciu et al. (2023)အရ T1D ရှိသူအများအပြားမှာ ထိုသူတို့ခံစားရပုံ၊ လိုအပ်သောကုသမှုနှင့် ရေရှည်ဘဝကို ထိခိုက်စေလာနိုင်တဲ့ ကိုယ်ခံအားနှင့် ဆက်စပ်ရောဂါအခြေအနေများ များရှိလာပါတယ်။

"အဖြစ်များသော ဥပမာများမှာ ..

- Coeliac အခြေအနေ (gluten ဆိုင်ရာ အစာခြေပြဿနာ)

- Vitiligo (ကိုယ်ခံအား တုံ့ပြန်မှုကြောင့် အရေပြားအရောင် ဆုံးရှုံးခြင်း)

- Autoimmune gastritis (အစာအိမ်နံရံများ ရောင်ရမ်းခြင်း)

- Rheumatic အခြေအနေများ (အဆစ်များ သို့မဟုတ် ကြွက်သားများ နာကျင်ထိခိုက်ခြင်း)

- Parathyroid ချို့ယွင်းခြင်းကဲ့သို့သော ဟော်မုန်းဆိုင်ရာ အခြေအနေများ

၂. အခြေအနေတစ်ခုထက်ပိုရှိနေခြင်းအကြောင်းကို မည်သူမှ မပြောပါ။

သင့်ကိုယ်သင်မေးကြည့်ပါ၊ အမျိုးအစား ၁ ဆီးချိုသွေးချိုရောဂါဖြင့်နေထိုင်ခြင်းက ခက်ခဲပါသည်မဟုတ်လား။

ပြီးတော့ ပန်းနာရင်ကျပ်ရောဂါ၊ celiac ရောဂါနှင့် အဆစ်အမြစ်ကိုက်ခဲခြင်းတို့ကို ပေါင်းထည့်ပါ။ အဲဒါက ပိုခက်တဲ့အဆင့်ပါ။

1998 ခုနှစ်တွင် T1D ရောဂါရှာဖွေတွေ့ရှိခဲ့ပြီး celiac ရောဂါ၊ rheumatoid arthritis နှင့် ပန်းနာရင်ကျပ်ရောဂါတို့ကို ခံနိုင်ရည်ရှိစွာ စီမံတိုက်ထုတ်နေသော Anita Sabidi နှင့်တွေ့ဆုံပါ။

"ဒါတွေအားလုံးကို စီမံနေတယ်ဆိုတာက ငါ့ရဲ့သွေးတွင်းသကြားဓာတ်ကို စစ်ဆေးတာ၊ gluten ကင်းအောင်စားသုံးတာ၊ ရောင်ရမ်းမှုအတွက် ဆေးဝါးတွေသောက်တာ၊ ပန်းနာရင်ကျပ်ရောဂါအတွက် အစီအစဉ်ဆွဲတာတွေကို ပြောတာပါ။ ဒီအခြေအနေတစ်ခုစီကလည်း တခြားသူတွေကို သက်ရောက်မှုရှိနိုင်တဲ့အတွက် မိမိကိုယ်ကို ဂရုစိုက်မှုဟာ အချိန်ပြည့် ဗျူဟာဂိမ်းတစ်ခုလို ခံစားရစေပါတယ်။"

၃. Anita ၏ တစ်နေ့တာ : ဘယ်အချိန်၊ ဘယ်ဟာ၊ ဘယ်လို စီစဥ်‌ဆောင်ရွက်သလဲ။

ပန်းနာရင်ကျပ်ဆေးက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေတဲ့အခါ၊

"ကျွန်မရဲ့ ပန်းနာရင်ကျပ်ဆေးတွေမှာ သွေးတွင်းသကြားဓာတ်ကို မြှင့်တင်ပေးတဲ့ steroids တွေ ပါဝင်ပါတယ်။ သွေးတွင်းသကြားဓာတ်တွေ တက်လာတဲ့အခါ ကျွန်မရဲ့ ကိုယ်ခံအားစနစ်က အားနည်းလာပါတယ်။ ရောဂါပိုးမွှားတွေ အလွယ်တကူ ရတတ်ပါတယ်။ တစ်ခါတလေ အသက်ရှုဖို့တောင်တစ်နေ့လုံး အောက်ဆီဂျင်ဘူးကို သုံးရပါမယ်။"

ဆရာဝန်တွေက အဖွဲ့လိုက်တိုင်ပင်ကြတဲ့အခါ

"T1D က ကျွန်မအတွက် အဓိကရောဂါဖြစ်သောကြောင့် ကျွန်မရဲ့ endocrinologist (ဟော်မုန်းဆိုင်ရာအထူးကု) က အခြားအထူးကုဆရာဝန်များနဲ့အတူ ညှိနှိုင်းပြီးကုသပေးပါတယ်။ ကျွန်မရဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့ကို ကျွန်မနှစ်သက်ပါတယ်။ သူတို့က ဆေးရုံတစ်ခုထဲမှာ ရှိနေတာကြောင့် ဆက်သွယ်ရ ပိုမိုလွယ်ကူပါတယ်။

သူမကို ဘာကဆက်ပြီးခွန်အားပေးနေတာလဲ။

စိန်ခေါ်မှုတွေအားလုံးနဲ့တောင်မှ ငါ့ခန္ဓာကိုယ်ကို ပိုမိုထိန်းချုပ်နိုင်စေပြီး ပိုသန်မာလာစေပါတယ်"

Autoimmune နှင့် နာတာရှည်အခြေအနေများသည် သွေးတွင်းသကြားဓာတ်အပေါ် မဘယ်လို အကျိုးသက်ရောက်စေသလဲ။

"ရိုးရိုးသားသားပြောရရင် သူတို့ကသက်ရောက်စေပါတယ်။ ပန်းနာရင်ကျပ် ဒါမှမဟုတ် အဆစ်အမြစ်နာကျင်ခြင်းအတွက် ဆေးဝါးတွေ၊ အထူးသဖြင့် စတီးရွိုက်ဆေးတွေဟာ သွေးတွင်းသကြားဓာတ်ကို မြင့်မားစေနိုင်ပါတယ်။ ငါ T1D ကို ကောင်းကောင်းထိန်းထားရင်တောင် ဒီလိုတခြားအခြေအနေကနေ တစ်ခုခုမှားယွင်းခဲ့ရင် အရာအားလုံးကို ရပ်တန့်သွားစေနိုင်ပါတယ်။ အဲ့တော့ ချိန်ညှိတာ၊ မှတ်သားတာနဲ့ ကိုယ့်ခန္ဓာကိုယ်ကို စောင့်ကြည့်တာတွေက နေ့စဉ်လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်လာပါတယ်။"

သူမက ဆေးတွေကို ဘယ်လို အချိန်ကိုက်သောက်သုံးနေတာလဲ။

"အဲ့တာက နေ့စဉ်အချိန်ဇယားကို စီမံခန့်ခွဲရသလိုပါပဲ။ ဆေးဝါးတိုင်းမှာ သူတို့တွေရဲ့ကိုယ်ပိုင်အချိန်ဇယား လိုအပ်ချက်တွေရှိပါတယ်။ တချို့က အစာနဲ့ တွဲသောက်ဖို့ လိုပါတယ်၊ တချို့ကတော့မလိုပါဘူး။ အချို့က ကျွန်မရဲ့ သွေးတွင်းသကြားဓာတ်ကို ထိခိုက်စေနိုင်ပြီး အချို့မှာ လုံးဝမဖြစ်စေပါဘူး။ အရာအားလုံးကို ဟန်ချက်ညီအောင် ထိန်းထားနိုင်ဖို့က ကျွန်မရဲ့ ဆရာဝန်၊ ဆေးဝါးပညာရှင်နဲ့အတူတကွ အလုပ်လုပ်ရပါတယ်။"

အင်ဒိုနီးရှားတွင် မကြာခဏဆိုသလိုပင် အခြေခံကျန်းမာရေးစောင့်ရှောက်မှုစင်တာ သွားလို့ရမယ့် အထူးကုများထံ အကန့်အသတ်ဖြင့်သာ သွားရောက်ကြည့်ရှုလို့ရပါတယ်။ အဲဒီကနေ ကုသမှုခံယူဖို့ အမျိုးအစား A သို့မဟုတ် B ဆေးရုံကို ပြန်အညွှန်းခံရပါတယ်။

အရေးကြီးဆုံး ကဏ္ဍက ဘာလဲ။ "ကျွန်မရဲ့ ခန္ဓာကိုယ်က 'အရမ်းပင်ပန်းနေတယ်' လို့ အချက်ပြတဲ့အခါ သေချာအာရုံစူးစိုက်ပါတယ်။ ဒီအချိန်က လုပ်နေတာတွေ ခဏရပ်ပြီး ပြန်အကဲဖြတ်ရမယ့် အချက်ပါ။"

သူရဲကောင်းတွေတောင်မှ ကန့်သတ်ချက်တွေရှိပါတယ်။ ခံစားချက်တွေ အရမ်းများလာတဲ့အခါ Anita က ဒီလိုလုပ်ပါတယ်။

၄. အရမ်းပင်ပန်းလာတဲ့အခါ

"ငါတို့အားလုံး အဲဒီအချက်ကို ရောက်ပြီးသွားပါပြီ။ ဒီလိုဖြစ်လာရင် ငါဟာ အရင်က ပထမအခြေခံတွေဆီ ပြန်သွားပါတယ်။ ပြီးပြည့်စုံမှု မဟုတ်ပါဘူး၊ လက်တွေ့ကျကျနဲ့ ကိုယ့်ကိုကိုယ် ကရုဏာထားရုံပါပဲ"

ဤသည်မှာ သူမက "ပထမအခြေခံများဆီသို့ ပြန်သွားပုံများ" ဖြစ်ပါတယ်။

- သွေးတွင်းသကြားဓာတ် တည်ငြိမ်ရန် လိုအပ်သည့်အခါ ကာဗိုဟိုက်ဒရိတ်လျှော့စားပါ။

- လေထုညစ်ညမ်းမှု မြင့်မားသောနေ့များတွင် အဆုတ်ကို ကာကွယ်ရန် အိမ်ထဲတွင်နေပါ။

- အသက်ရှူရခက်ခဲလာတဲ့အခါ အောက်ဆီဂျင်ဘူးကို အသုံးပြုပါ။

- အဆစ်အမြစ်ကိုက်ခဲလာသောအခါ လမ်းလျှောက်တုတ် သို့မဟုတ် ဘီးတပ်ကုလားထိုင်ကို အားကိုးပါ။

- ရိုးရှင်းသော၊ အိမ်တွင်ချက်ပြုတ်ထားသော၊ အာရှအစားအစာများဖြစ်သော ပဲပုတ်ကြော် သို့မဟုတ် တို့ဟူးနှင့်ဟင်းသီးဟင်းရွက်ပေါင်းများ၊ သို့မဟုတ် ငါးစွပ်ပြုတ်ကဲ့သို့ စားသုံးပါ။

- အစားအစာများကို နူးညံ့သိမ်မွေ့ပြီးအာဟာရဖြစ်စေရန်အတွက် ကြည်လင်သောဟင်းရည်၊ ရှီရာတာကီခေါက်ဆွဲ သို့မဟုတ် Glycaemic အညွှန်းကိန်းနိမ့်ဆန်ကို ရွေးချယ်ပါ။ အချို့က ဂျပန်ခေါက်ဆွဲ သို့မဟုတ် ဆန်လုံးညိုကို အသုံးပြုကြပါတယ်။

အမှားအယွင်းတွေကြားထဲကမှ Anita ဟာ ခက်ခဲတဲ့နေ့ရက်တွေမှာတောင် သူမကို တည်ငြိမ်စေမယ့် အလေ့အကျင့်ကောင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

၅. အကူအညီဖြစ်စေသောနမူနာလုပ်ရိုးလုပ်စဉ်တစ်ခု

ဤအရာတွေက သူမအတွက် အဆင်ပြေစေခဲ့ပါတယ်။

- လုံလောက်သော အိပ်စက်ခြင်းကို ရယူပါ။

- ရေများများသောက်ပါ။

- သင့်ခန္ဓာကိုယ်ကို ဘေးကင်းပြီး အကျိုးရှိစေမယ့် နည်းလမ်းတွေနဲ့ လှုပ်ရှားပါ။

- စိတ်ဖိစီးမှုကို အတတ်နိုင်ဆုံး ထိန်းပါ။

- ရိုးရှင်းပြီး အာဟာရရှိသော အစားအစာများကို ရွေးချယ်ပါ။

- ဆေးဝါးများနှင့် စစ်ဆေးမှုများနှင့် ပုံမှန်လုပ်ပါ။

ဤနေ့စဉ်အလေ့အကျင့်များက ငွေကုန်ကြေးကျများသောကုသမှုများမလိုအပ်ဘဲ ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကိုတည်ဆောက်ပေးပါတယ်။

ဘဝက ဤအခြေအနေများအားလုံးကို ဖြည့်ဆည်းပေးနိုင်ဦးမလားဟု တွေးနေသေးသလား။

၆. ဘဝကို အပြည့်အဝ ရှင်သန်နိုင်ပါ့မလား။

“ဟုတ်ပါတယ်။ ဒါကောင်းပါတယ်။ ကျွန်မအတွက်ဆို အရန်အစီအစဉ်တစ်ခု ဖန်တီးထားပြီး လိုအပ်တဲ့အချိန်တိုင်း အကူအညီတောင်းဖို့ လိုပါတယ်။

သေးငယ်တဲ့ နိုင်ပွဲတွေမှာ ပျော်ရွှင်မှုကို ပိုမြင်ရတယ်။ အထူးသဖြင့် ငါ့ကလေးတွေအတွက် ငါ သန်မာနေရမယ်။ ကျွန်မတို့ရဲ့ ယဉ်ကျေးမှုမှာ မိသားစုက ပထမပါ။ အခု ကျွန်မရဲ့ တိုက်ပွဲက ကျွန်မအတွက်သာ မဟုတ်ပါဘူး။ အဲဒါ သူတို့အတွက်ပါ။ သူတို့က ကျွန်မ အရှေ့ကို တိုးလာရတဲ့ အကြောင်းရင်းပဲဖြစ်ပါတယ်။"

အခြား autoimmune အခြေအနေများကို ရှောင်နိုင်သလားလို့ လူတွေက မေးလာတဲ့အခါ၊ Anita က "အချို့ကတော့ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် autoimmune နှင့် နာတာရှည်အခြေအနေများအားလုံးကိုတော့ တားဆီးလို့ မရနိုင်ပါဘူး။ မျိုးဗီဇ၊ စိတ်ဖိစီးမှုနှင့် ရှင်သန်နေရတဲ့ ပတ်ဝန်းကျင်တွေကလည်း အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နေပါတယ်။"

ဒါပေမယ့် တကယ်က သတိရှိဖို့ပါပဲ။ စောစီးစွာ စစ်ဆေးပါ။ သင့်ကို ပံ့ပိုးပေးမယ့် ဆေးဘက်ဆိုင်ရာ အဖွဲ့တစ်ခုကို တည်ဆောက်ထားပါ။

"ကျွန်မမှာ ဒီလိုအခြေအနေတွေရှိတယ်ဆိုတာကို လက်ခံပါတယ်။ သူတို့ကို ဆန့်ကျင်နေမယ့်အစား ငြိမ်းချမ်းရေးလုပ်ထားလိုက်ပါတယ်။ လွယ်တော့မလွယ်ဘူးပေါ့။ ဒါပေမယ့် ကျွန်မက ကျွန်မအတွက်၊ ကျွန်မမိသားစုအတွက် ကောင်းကောင်းနေချင်တယ်။"

စိစစ်ထောက်ခံချက်

အထူးသဖြင့် ရောဂါလက္ခဏာများ သို့မဟုတ် သတိပေးလက္ခဏာများ ပေါ်လာသောအခါတွင် အမျိုးအစား ၁ ဆီးချိုသွေးချိုရောဂါ (T1D) ရှိသူများသည် autoimmune thyroid အခြေအနေများနှင့် အခြားသော autoimmune ပြဿနာများကို စစ်ဆေးကြည့်ရှုရန် အထူးအကြံပြုလိုပါသည် (ပုဒ်မ 4- ဘက်စုံဆေးဘက်ဆိုင်ရာ အကဲဖြတ်ခြင်းနှင့် Comorbidities of Assessment, 2024)။

ဤအရာကိုဖတ်ရှုသူတိုင်းအတွက်- ဘဝက အသက်ရှင်ရကျိုးနပ်ပါတယ်။

Anita သည် T1D၊ autoimmune၊ နှင့် အခြားနာတာရှည် ရောဂါအခြေအနေများနှင့်အတူ အလုပ်လုပ်နိုင်လျှင် သင်လည်း ထိုနည်းလည်းကောင်းပင်။

ဆက်သွားပါ…ဘာလို့လဲဆိုတော့…မင်း…လုပ်နိုင်ပါတယ်။

Icon ရှင်းလင်းချက်