T1D အချက်အလက်
ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ
ကျွန်ုပ်တို့အကြောင်း
တည်းဖြတ်ချက်များ 30.07.2026
အသက် (၁၂) နှစ်အရွယ်မှာ ကျွန်မဘဝဟာ မမျှော်လင့်ထားတဲ့ အပြောင်းအလဲတစ်ခုနဲ့ ကြုံခဲ့ရပါတယ်။ အမြဲတမ်းရေငတ်နေခြင်း၊ ကိုယ်အလေးချိန်ကျလာခြင်းနဲ့ မကြာခဏပင်ပန်းနွမ်းနယ်နေခြင်းတွေကြောင့် ဆေးရုံကို သွားပြခဲ့ရာ အမျိုးအစား (၁) ဆီးချိုရောဂါ (Type 1 Diabetes) ဖြစ်နေကြောင်း သိလိုက်ရပါတယ်။ အဲဒီနေ့ကစပြီး ကျွန်မရဲ့ နေ့စဉ်ဘဝဟာ ပြောင်းလဲသွားခဲ့ပါတယ်။ နေ့တိုင်း အင်ဆူလင်ထိုးရတယ်၊ သွေးတွင်းသကြားဓာတ်ကို ပုံမှန်တိုင်းတာရတယ်၊ အစားအသောက်နဲ့ လေ့ကျင့်ခန်းကိုလည်း ဂရုတစိုက် စီမံရမယ်ဆိုတာတွေက ကျွန်မဘဝရဲ့ ပုံမှန်အစိတ်အပိုင်းတွေ ဖြစ်လာခဲ့ပါတယ်။
အစပိုင်းမှာတော့ "ဘာကြောင့် ငါဖြစ်ရတာလဲ" ဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် မေးခဲ့ဖူးပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ မိသားစုရဲ့ အားပေးမှု၊ ဆရာဝန်တွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလမ်းညွှန်မှုတွေကြောင့် Type 1 Diabetes ဟာ ဘဝကို အဆုံးသတ်စေတဲ့ ရောဂါမဟုတ်ဘဲ စနစ်တကျ စီမံခန့်ခွဲပြီး အိပ်မက်တွေကို ဆက်လက်အကောင်အထည်ဖော်နိုင်တဲ့ အခြေအနေတစ်ခုဖြစ်ကြောင်း နားလည်လာခဲ့ပါတယ်။
ဒီနေ့မှာတော့ ကျွန်မဟာ အသက် (၂၃) နှစ်အရွယ် လူငယ်တစ်ယောက် ဖြစ်နေပါပြီ။ Type 1 Diabetes နဲ့အတူ ၁၂နှစ်ကျော် ဘဝကို ဖြတ်သန်းလာခဲ့ပြီး၊ ရောဂါဟာ ကျွန်မအိပ်မက်တွေကို မတားဆီးနိုင်ဘူးဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။ အခုလည်း ကိုယ်ဝါသနာပါတဲ့ အရာတွေကို ဆက်လက်လုပ်ဆောင်ရင်း၊ ကျန်းမာရေးကို ဂရုစိုက်ကာ အနာဂတ်အိပ်မက်တွေဆီ ယုံကြည်မှုအပြည့်နဲ့ ရှေ့ဆက်နေပါတယ်
Type 1 Diabetes ရှိတဲ့ လူငယ်တိုင်းကို ပြောချင်တာကတော့ ကိုယ့်ကိုယ်ကို ယုံကြည်ပါ၊ ကုသမှုကို ပုံမှန်လိုက်နာပါ၊ မိသားစုနဲ့ ဆရာဝန်ကြီးများရဲ့ အားပေးမှုကို လက်ခံပါ။ ဒါဆိုရင် မင်းလည်း ကိုယ်လိုချင်တဲ့ ဘဝကို ယုံကြည်မှုအပြည့်နဲ့ ရှေ့ဆက်နိုင်ပါတယ်။