T1D အချက်အလက်
ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ
ကျွန်ုပ်တို့အကြောင်း
အရက် နဲ့ အမျိုးအစား ၁ ဆီးချိုရောဂါ
တည်းဖြတ်ချက်များ 06.05.2026
အရက်ဟာ အပန်းဖြေဖို့သောက်သုံးကြတဲ့ မူးယစ်ဆေးတစ်မျိုးပါပဲ။ အသက်အရွယ်နဲ့ နေထိုင်ရာဒေသပေါ် မူတည်ပြီး တရားဝင် ရရှိနိုင်ပါတယ်။
အရက်သောက်သုံးခြင်းပတ်သက်တဲ့ ဒေသဆိုင်ရာ ဥပဒေနဲ့ တရားဝင်သောက်သုံးခွင့်ရှိတဲ့ အသက်အရွယ်ကို လေ့လာပါ။
မူးယစ်ဆေးတွေအားလုံးလိုပဲ အရက်မှာလည်း အန္တရာယ်တွေ ရှိသလို လူတိုင်းရဲ့ ကျန်းမာကြံ့ခိုင်မှုနဲ့ ပေါင်းသင်းဆက်ဆံရေးတွေအပေါ် ဆိုးကျိုးတွေ သက်ရောက်နိုင်ပါတယ်။
အရက်အလွန်အကျွံသောက်သုံးခြင်းကြောင့် ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်း ကျဆင်းပြီး ပိုအားနည်းထိခိုက်လွယ်လာနိုင်ပါတယ်။
အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ အရက်ရဲ့ ဆက်နွယ်မှုကတော့ သင့်မှာ အမျိုးအစား ၁ ဆီးချိုရောဂါရှိနေတဲ့အခါ အရက်သောက်လို့ရသေးပေမယ့် သွေးတွင်းသကြားဓာတ်ပမာဏ အတက်အကျမငြိမ်တာ ဖြစ်လာနိုင်ခြေပိုများပါတယ်။
အန္တရာယ်ရှိတဲ့ အခြေအနေတွေကို ကာကွယ်တားဆီးနိုင်ဖို့ ဒီအန္တရာယ်တွေအကြောင်း သိထားဖို့ အရေးကြီးပါတယ်။
အရက်က သွေးတွင်းသကြားဓာတ်ပမာဏအပေါ် သက်ရောက်မှုရှိနိုင်ပြီး သွေးတွင်းသကြားဓာတ်ကျဆင်းခြင်း ကိုဖြစ်စေနိုင်ပါတယ်။
မတူညီတဲ့ အရက်အမျိုးအစားတွေအလိုက် သွေးတွင်းသကြားဓာတ်ကို အမျိုးမျိုးသက်ရောက်မှုရှိစေနိုင်ပါတယ်။ ဥပမာ- ဘီယာနဲ့ ဝိုင်ချိုတို့မှာ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေမယ့် ကာဗိုဟိုက်ဒရိတ်တွေ များစွာပါဝင်ပါတယ်။ အရက်ပြင်း (ဥပမာ- ဝီစကီ၊ ဗော့ကာနဲ့ ဂျင်) တွေက သွေးတွင်းသကြားဓာတ်ကျဆင်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ အရက်ကို သတိထားဖို့ အရေးကြီးပါတယ်။
အရက်သောက်လိုက်တဲ့အခါ ဒါကို သန့်စင်ပေးရမယ့် အဆိပ်အတောက်လို့ သင့်ရဲ့အသည်းက ထင်လိုက်ပါတယ်။
အသည်းက သကြားဓာတ်ပမာဏ အနည်းငယ်ကို သွေးလည်ပတ်မှုထဲ ထုတ်ပေးလေ့ရှိပါတယ်။ ဒါကို တာရှည်ခံ အင်ဆူလင်က ညီမျှအောင် ထိန်းညှိပေးပါတယ်။
အရက်ကို ခန္ဓာကိုယ်ထဲကနေ ဖယ်ထုတ်သန့်စင်ဖို့ အသည်းက အလုပ်များနေချိန်မှာ သကြားဓာတ်ထုတ်ပေးတာကို အသည်းက ရပ်တန့်လိုက်ပါတယ်။ ဒီအခြေအနေက အရက်သောက်နေစဉ်အတွင်း သွေးတွင်းသကြားဓာတ်ကျဆင်းခြင်းကို ဖြစ်စေနိုင်တာပါပဲ။
တချို့ယမကာတွေမှာ ပါတဲ့ သကြားပါဝင်မှုကြောင့် စစချင်းမှာ သွေးတွင်းသကြားဓာတ်ပမာဏ မြင့်တက်နိုင်ပေမယ့် အသည်းက အရက်ကို သန့်စင်ပစ်ဖို့ စတင်လုပ်ဆောင်တာနဲ့ ကျဆင်းသွားပါတော့တယ်။
သွေးတွင်းသကြားဓာတ်ကျဆင်းတဲ့ လက္ခဏာက အရက်မူးနေတဲ့လက္ခဏာနဲ့ ဆင်တူနေနိုင်တာကြောင့် သင်/သင့်သူငယ်ချင်းတွေအနေနဲ့ သွေးတွင်းသကြားဓာတ်ကျဆင်းခြင်းရဲ့ လက္ခဏာတွေကို သတိမထားမိလောက်ပါဘူး။
ဒါ့ကြောင့်ပဲ သင် ဒါမှမဟုတ် သင့်သူငယ်ချင်းတွေအတွက် သွေးတွင်းသကြားဓာတ်ကျဆင်းနေတာကို သိလိုက်ဖို့ မလွယ်ပါဘူး။ အဲဒီအချိန်မှာ မြန်မြန်ဆန်ဆန် အကူအညီရရှိမှာ မဟုတ်လို့ အန္တရာယ်ရှိပါတယ်။
သွေးတွင်းသကြားဓာတ်ကျဆင်းခြင်းရဲ့ လက္ခဏာတွေက ကတုန်ကယင်ဖြစ်တာ၊ ချွေးထွက်တာ၊ ခေါင်းမူးတာ၊ ခေါင်းကိုက်တာ၊ ငိုချင်တာ၊ စိတ်တိုတာ၊ ဆာလောင်တာ၊ ငိုက်မျဉ်းတာ၊ အာရုံရှုပ်ထွေးတာ၊ နှလုံးခုန်မြန်တာ၊ နှုတ်ခမ်းနဲ့ လက်ချောင်းတွေတဝိုက် ထုံကျဉ်တာတွေ ပါဝင်ပါတယ်။
သင့်အနေနဲ့ ဒီလက္ခဏာတွေကို ခံစားရတယ်ဆိုရင် သွေးတွင်းသကြားဓာတ်ပမာဏကို စစ်ဆေးဖို့လိုပါတယ်။ တကယ်လို့ < 4mmol/L / 72 mg/dl ဖြစ်နေရင် ကိုယ့်မှာဆောင်ထားတဲ့ သရေစာမုန့်တွေကို စားပြီး သွေးတွင်းသကြားဓာတ်ကျဆင်းခြင်းကို ချက်ချင်းကုသပါ။
အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ အရက်အကြောင်းနဲ့ပတ်သက်ပြီး အရေးကြီးတဲ့တစ်ချက်က မသောက်ခင်၊ သောက်နေတုန်းနဲ့ သောက်ပြီးချိန်တွေမှာ သွေးတွင်းသကြားဓာတ်ကို စစ်ဆေးဖို့လိုပါတယ်။
သင်ဟာ အပြင်ရောက်နေတဲ့အခါ အထူးသဖြင့် ကခုန်တာ ဒါမှမဟုတ် ပုံမှန်ထက် ပိုလှုပ်ရှားတက်ကြွတာမျိုးဆိုရင် သွေးတွင်းသကြားဓာတ်ကျဆင်းခြင်း ဖြစ်နိုင်ခြေပိုများလို့ပါပဲ။
သင့်မှာ အမျိုးအစား ၁ ဆီးချိုရောဂါရှိတဲ့အကြောင်းနဲ့ သွေးတွင်းသကြားဓာတ်ကျဆင်းခြင်းကို ဘယ်လိုကုသရမယ်ဆိုတာ သိထားပြီး သွေးတွင်းသကြားဓာတ်ပမာဏ စစ်ဆေးဖို့ သင့်ကို သတိပေးမယ့်သူ အနည်းဆုံး တစ်ဦးတော့ သင့်အနားမှာ ရှိပါစေ။
အရက် မသောက်ခင် ကာဗိုဟိုက်ဒရိတ်နည်းနည်းစားပါ၊ အစာမရှိဘဲ ဘယ်တော့မှ မသောက်ပါနဲ့။
အရက်သောက်နေတဲ့အချိန်အတွင်း နာရီအနည်းငယ်ကြာတိုင်း ကာဗိုဟိုက်ဒရိတ်ပါတဲ့ သရေစာတွေ ဆက်စားပါ။
အမျိုးအစား ၁ ဆီးချိုရောဂါနဲ့အရက်မှာ အရေးကြီးတဲ့နောက်တစ်ချက်က ဖြည်းဖြည်းချင်း သောက်ဖို့ လိုပါတယ်။ အရက်တစ်ခွက် သောက်ပြီးတိုင်း ရေတစ်ဖန်ခွက် သောက်ဖို့ ကိုယ်တိုင်တွက်ဆပြီး စဉ်းစားပါ။
ကိုယ်သောက်တဲ့အရက်မှာ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုပမာဏကို ကြည့်ပါ။
ကြိုတင်ရောစပ်ပြီးသား ယမကာတွေဟာ သောက်ပြီးတဲ့အခါ သွေးတွင်းသကြားဓာတ်ကို တအားမြင့်တက်စေနိုင်ပါတယ်။ သကြားပါဝင်မှုကို သိဖို့ မလွယ်တဲ့ ယမကာတွေကို ရှောင်တာ အကောင်းဆုံးပါ။
အင်ဆူလင် ထိုးတာကို ဘယ်တော့မှ မရပ်ပါနဲ့။
အိပ်ရာမဝင်ခင် သွေးတွင်းသကြားဓာတ်ကို စစ်ဆေးပါ။
မအိပ်ခင် သရေစာ စားပါ။ အရက်သောက်တာရပ်လိုက်ရင်တောင် ခန္ဓာကိုယ်က အရက်ကို သန့်စင်ပစ်ဖို့ ဆက်လုပ်နေတုန်းပဲဆိုတာ မမေ့ပါနဲ့။
လိုအပ်လာရင် ညဘက် အသုံးပြုနိုင်အောင် အိပ်ရာနဲ့လက်လှမ်းမီတဲ့နေရာမှာ သွေးတွင်းသကြားဓာတ်ကျဆင်းခြင်း ဆေးသေတ္တာ ‘Hypo Kit’ ဒါမှမဟုတ် ဆေးဝါးတွေကို ထားရှိပါ။
ညဘက် သွေးတွင်းသကြားဓာတ်ကို စစ်ဆေးဖို့ နှိုးစက်စီစဉ်ထားပါ ဒါမှမဟုတ် မိသားစုဝင်တစ်ဦးကို အကူအညီတောင်းပါ။
နောက်တစ်နေ့မှာ ရေဓာတ်ပြည့်ဝအောင် နေထိုင်ပါ၊ သွေးတွင်းသကြားဓာတ်ကို ဆက်လက်စောင့်ကြည့်ပြီး အင်ဆူလင်ကို ပုံမှန်ထိုးပါ။
ကိုယ်တိုင်က သောက်ဖို့ ရွေးချယ်တာမဟုတ်ရင် ဒါမှမဟုတ် အရက်သောက်တဲ့အပေါ် ဖိအားဖြစ်သလို ခံစားနေရရင် မသောက်သင့်ပါဘူး။ အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ အရက်က စီမံထိန်းညှိဖို့ မလွယ်တာမို့ မသောက်ဘဲ နေလို့ရရင် ရှောင်လိုက်သင့်ပါတယ်။
ဆီးချိုထိန်းညှိနိုင်စွမ်းက အမျိုးမျိုးဖြစ်နေပြီး သွေးတွင်းသကြားဓာတ် အတက်အကျတွေ မကြာခဏ ဖြစ်လာတဲ့အခါ။
အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ ဆက်နွယ်တဲ့ အာရုံကြော ဒါမှမဟုတ် မျက်စိ ထိခိုက်မှု ရှိတဲ့အခါ။
ကိုယ်အလေးချိန်များနေတဲ့အခါ အရက်မသောက်တာ ဒါမှမဟုတ် အကန့်အသတ်နဲ့သောက်တာ အကောင်းဆုံးပါပဲ။
အစာမရှိဘဲ ဘယ်တော့မှ အရက်မသောက်ပါနဲ့။ စမသောက်ခင် ကာဗိုဟိုက်ဒရိတ်တချို့ပါတဲ့ အစားအစာ ဒါမှမဟုတ် သရေစာကို အမြဲစားထားပါ။
တစ်ယောက်တည်း ဘယ်တော့မှ မသောက်ပါနဲ့။ သင့်မှာ အမျိုးအစား ၁ ဆီးချိုရောဂါရှိတာကို သိတဲ့ သူငယ်ချင်းတစ်ယောက်ကို ပြောပြပါ။ သင်က သောက်ဖို့ဆုံးဖြတ်လိုက်တဲ့အခါ သူတို့က သင့်ကို စောင့်ကြည့်ပေးနိုင်ပါတယ်။