T1D အချက်အလက်

Icon

ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ

ကျွန်ုပ်တို့အကြောင်း

Athirah ရဲ့ ခရီးလမ်း- အမျိုးအစား ၁ ဆီးချိုရောဂါကို အောင်နိုင်ခဲ့ခြင်း

တည်းဖြတ်ချက်များ 06.05.2026

Anne-Charlotte Ficheroulle

Pharmacist, Education Manager, A4D

အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ ၃၅နှစ်တာ နေထိုင်ခဲ့ရတာ နှယ်နှယ်ရရ ခရီးလမ်းတော့ မဟုတ်ခဲ့ပါဘူး။” မလေးရှားနိုင်ငံ၊ ဆီလန်ဂေါမြို့မှ ကလေးမိခင်၊ ဇနီးသည်လည်းဖြစ် ဆရာဝန်တစ်ဦးလည်းဖြစ်တဲ့ Athirah က ပြောပါတယ်။ သူဟာ စိန်ခေါ်မှုတွေ ရှိတဲ့ကြားက ရရှိခဲ့တဲ့ ထောက်ပံ့ကူညီမှုဆီက ခွန်အားတွေနဲ့ အင်ဆူလင်စက် လိုမျိုး ဆေးဘက်ဆိုင်ရာနည်းပညာ တိုးတက်မှုတွေကို တွေ့ရှိခဲ့ပါတယ်။

"အမျိုးအစား ၁ ဆီးချိုရောဂါကို စီမံထိန်းညှိရတာ ဘဝရဲ့တစ်စိတ်တစ်ပိုင်းကို ဖြစ်နေပါပြီ" Athirah က ပြန်ပြောပြပါတယ်။ "ဆီးချိုရောဂါရဲ့ တစ်ဖက်မှာ ကျွန်မတို့အားလုံးရဲ့ အိပ်မက်တွေ၊ ပန်းတိုင်တွေ ရှိနေကြပါတယ်။” အခွင့်အလမ်းတွေကို ဖမ်းဆုပ်နိုင်ဖို့၊ စွန့်စားမှုတွေလုပ်နိုင်ဖို့နဲ့ ဘဝရဲ့ မရေရာမှုတွေကြားထဲ ဟန်ချက်ညီအောင် ထိန်းထားနိုင်ဖို့အရေးကြီးတဲ့အကြောင်း သူက အလေးပေး ပြောပါတယ်။

"အကောင်းမြင်စိတ်လေးရှိနေတာကြောင့်ပဲ ကျွန်မ ရှေ့ဆက်နိုင်ခဲ့တာပါ။" Athirah ကပြောပါတယ်။ စိတ်ဖိစီးနေတဲ့အခြေအနေမှာ ဟော်မုန်းမညီမျှတာတွေဖြစ်လာနိုင်ပြီး သွေးတွင်းသကြားဓာတ်ပမာဏကို သက်ရောက်လာတတ်ပါတယ်။ "အကောင်းမြင်တတ်သူတွေနဲ့ အပြုသဘောဆောင်တဲ့ပတ်ဝန်းကျင်မှာနေရတာက စိတ်ခွန်အားကိုတက်စေပြီး သွေးတွင်းသကြားဓာတ်ပမာဏကို တည်ငြိမ်အောင်ထိန်းသိမ်းတဲ့နေရာမှာ အရေးပါပါတယ်။"

နေ့စဉ် ကော်ဖီကို ပျော်ပျော်ရွှင်ရွှင် သောက်တာကနေစလို့ အလုပ်နဲ့ ကလေးနှစ်ယောက်ကြားမှာ လှည့်ပတ်ချိန်ညှိနိုင်ဖို့ ကြိုးစားတာတွေအထိက Athirah ရဲ့ဘဝက ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းရဲ့ သက်သေပဲဖြစ်ပါတယ်။ “ဘဝက အတက်အကျတွေအပြည့်ပါပဲ၊ ​​ဒါပေမယ့် ယုံကြည်ချက်နဲ့ ကိုယ့်အတွက်ကိုယ် စည်းတွေ သတ်မှတ်ထားတာက ကျွန်မကို လမ်းကြောင်းမှန်ပေါ်ရောက်အောင် ကူညီပေးခဲ့တယ်” ဟု သူမက ဝန်ခံခဲ့ပါတယ်။

"ကိုယ့်ကိုယ်ကို ယုံကြည်ခြင်းက အဓိကသော့ချက်ပါ။" Athriahက ပြောပါတယ်။ "နေ့စဉ်တိုင်းကို သတ္တိ ကြံ့ကြံ့ခံနိုင်စွမ်း၊ ချစ်ခြင်းမေတ္တာတို့နဲ့ ဖြေရှင်းလိုက်ရအောင်—ကျွန်မတို့က ကိုယ့်ဇာတ်လမ်းမှာ သူရဲကောင်းတွေပဲ။” သူ့ရဲ့ မဆုတ်မနစ် အကောင်းမြင်စိတ်က ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုအခက်အခဲတွေအားလုံးအတွက် လေးစားအတုယူဖွယ် ဖြစ်သလို ဆုံးဖြတ်ချက်ပြတ်သားမှု၊ စိတ်ရှည်သည်းခံမှုနဲ့ အကောင်းမြင်တတ်တဲ့စိတ်လေးရှိရင် ဘဝကပေးလာတဲ့ ဘယ်အခက်အခဲကိုမဆို ကျော်လွှားနိုင်တယ်ဆိုတာ အမှတ်ရစေပါတယ်။

Icon ရှင်းလင်းချက်