
T1D အချက်အလက်
ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ
ကျွန်ုပ်တို့အကြောင်း
Nuphon: ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပြီး ဘောလုံးကန်ခြင်းကိုပြုလုပ်ခဲ့သည် ကမ္ဘောဒီးယားမှ အမျိုးအစား ၁ဆီးချိုရောဂါရှင်
တည်းဖြတ်ချက်များ 18.06.2025
"ကျွန်တော် ရောဂါရှိမှန်း သိလိုက်ရတဲ့အခါ ပြန်မကောင်းနိုင်တော့ဘူးလို့ ထင်တာကြောင့် တော်တော်တော့ ကြောက်သွားပါတယ်။" - Nuphon
ဘောလုံးအားကစားကို စိတ်ဝင်စားသော ကမ္ဘောဒီးယားက လူငယ်လေး Nuphonသည် အမျိုးအစား ၁ဆီးချိုရောဂါနှင့် ဖြတ်သန်းခဲ့ရသော ဘဝကို မျှဝေခဲ့ပါသည်။ အစောပိုင်းမှာ ကြောက်ရွံ့ခဲ့သော်လည်း သွေးတွင်းသကြားဓာတ်ကျဆင်းခြင်းကို ခိုင်မာသော ဆုံးဖြတ်ချက်၊ မြန်ဆန်သော နည်းလမ်းများနှင့် စီမံနိုင်ခြင်းက ၄င်းကို သန်မာစေခဲ့ပါသည်။
သွေးတွင်းသကြားဓာတ်ကျဆင်းခြင်းကို စီမံရာမှာ သွေးတွင်းသကြားဓာတ်ငြိမ်စေဖို့ ကိုကာကိုလာသောက်တာလိုမျိုး မြန်ဆန်တဲ့ နည်းလမ်းတွေ အသုံးပြုတာကို မှီခိုရတဲ့ Nuphonအတွက် စိန်ခေါ်မှုတွေ ကြုံတွေ့ခဲ့ရပါသည်။ မည်သို့ပင်ဖြစ်စေကာမူ သူ့မိခင်၏ မဆုတ်မနစ်သော ထောက်ပံ့ပေးမှုနှင့် အခက်အခဲတစ်ခုခြင်းဆီိကို အကောင်းမြင်စိတ်နှင့် ရင်ဆိုင်ခဲ့ပါသည်။
Nuphon၏ မိခင်ဖြစ်သူ Chandaက သူ၏ ဆီးချိုဖြတ်သန်းမှုမှာ အထောက်အပံ့ေပးခဲ့ရခြင်းအပေါ် သူမ၏အမြင်ကို မျှဝေခဲ့ပါသည်။ "Nuphonက ငယ်ငယ်လေးနဲ့ ဒီရောဂါရှိကြောင်း သိလိုက်ရချိန်မှာ ကျွန်မ သိပ်ကြောက်ပြီး မျှော်လင့်ချက်မဲ့ကာ စိတ်ဖိစီးမှုတွေ များခဲ့ရပါတယ်။" သူမက ပြန်ပြောင်းပြောပြခဲ့ပါသည်။ "ကျွန်မက သူ့ကို အင်ဆူလင်ထိုးတာလိုမျိုး၊ အသီးအနှံနဲ့ အသီးအရွက်တွေလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ ကျွေးတာလိုမျိုး အစစအရာရာ ဂရုစိုက်ခဲ့ပါတယ်။"
Chandaက Nuphon၏ ကျန်းမာရေးအတွက် အသိပညာတွေနဲ့ ကြိုတင်ပြင်ဆင်မှုများက အရေးကြီးကြောင်းကိုလည်း ဦးစားပေး ပြောပြခဲ့ပါသည်။ "အင်ဆူလင် ပုံမှန်ထိုးတာ၊ ကလေးတွေ ကျန်းမာရေးနဲ့အညီ စားတာက အင်မတန်အရေးကြီးပါတယ်။" သူမက ပြောခဲ့ပါသည်။ "တခြားမိဘတွေကို ပြောချင်တာကတော့ ဆေးကုသမှုကို ယုံကြည်ဖို့ပါပဲ။"
Nuphon၏ ဖြတ်သန်းမှုက သတ္တိနှင့် ကြံ့ကြံ့ခိုင်နိုင်မှုအတွက် အမျိုးအစား ၁ဆီးချိုရောဂါနှင့် နေထိုင်နေရသော အခြားသူများကို စိတ်အားတက်စေနိုင်သည့် ဥပမာကောင်းဖြစ်ပါသည်။ သူ၏ ဘဝစိန်ခေါ်မှုများကို စိတ်ဓာတ်ခိုင်မာစွာနှင့် အကောင်းမြင်စိတ်နှင့်အတူ လက်ခံလိုက်ပြီး အထောက်အပံ့တွေ ရယူလိုက်ခြင်းဖြင့် ရင်ဆိုင်ခဲ့ပါသည်။