T1D အချက်အလက်

Icon

ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ

ကျွန်ုပ်တို့အကြောင်း

အမျိုးအစား ၁ ဆီးချိုရောဂါ နဲ့ ကျောင်းမှာကောင်းစွာ စွမ်းဆောင်ခြင်း

တည်းဖြတ်ချက်များ 06.05.2026

Prof Cho Cho Win

Professor of Pediatrics at the 500-bedded Children’s Hospital, Naypyitaw, Myanmar

အမျိုးအစား ၁ ဆီးချိုရောဂါ နဲ့ ကျောင်းတွင်းစွမ်းဆောင်ရည်အကြောင်း သိထားသင့်သမျှ

အမျိုးအစား ၁ ဆီးချိုရောဂါကို ရင်ဆိုင်ရင်း ကျောင်းတက်ဖို့ဆိုတာ လူတစ်ယောက်ရဲ့ အနာဂတ်အတွက် တကယ်ကို လိုအပ်ပါတယ်။ ဒါ့ကြောင့်ပဲ အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ ကျောင်းတွင်းစွမ်းဆောင်ရည်ကြားက ချိတ်ဆက်မှုကို သိဖို့ အရေးကြီးပါတယ်။

အမျိုးအစား ၁ ဆီးချိုရောဂါရှိတာက တခြားကျန်းမာရေးပြဿနာတွေလောက် အဖြစ်မများပေမယ့် ဘေးကင်းပျော်ရွှင်ရတဲ့ သင်ယူမှုပတ်ဝန်းကျင်ကို ရနိုင်ပါမလား။

ကျောင်းမှာ အမျိုးအစား ၁ဆီးချိုရောဂါနဲ့ပတ်သက်တဲ့ အသိပညာတိုးပွားရေးက အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက ပြင်းထန်ပြီး တစ်သက်လုံး ဂရုတစိုက်ကုသစောင့်ရှောက်ဖို့ လိုအပ်တဲ့ရောဂါဖြစ်နေလို့ပါပဲ။

အမျိုးအစား ၁ ဆီးချိုရောဂါဟာ ကလေးတွေ၊ ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေမှာ တွေ့ရလေ့ရှိတာကြောင့် ကျောင်းနေအရွယ်ကလေးတွေမှာ အဖြစ်များဆုံး နာတာရှည်ရောဂါတစ်မျိုးဖြစ်ပေမယ့် အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။

ဒီရောဂါက မိဘနဲ့ ဆရာအများစုအတွက်၊ အထူးသဖြင့် ကျောင်းစတက်ကာစဖြစ်တဲ့ အမျိုးအစား ၁ ဆီးချိုရောဂါရှိသူ ကလေးတွေအတွက် ထိန်းညှိမှုတစ်ခုဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ကျောင်းမှာ စွမ်းဆောင်ရည် ကောင်းနိုင်ပါ့မလား။

ဆရာ၊ မိဘ၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့၊ အတန်းဖော်တွေနဲ့ ဆီးချိုရောဂါ ရှိသူတွေ (PwD)ရဲ့ ကောင်းမွန်တဲ့ အဖွဲ့လိုက်ဆောင်ရွက်မှုက အမျိုးအစား ၁ဆီးချိုရောဂါကို ကောင်းစွာ စီမံနိုင်ပါလိမ့်မယ်။

အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ ကျောင်းတွင်းစွမ်းဆောင်ရည် - ကျောင်းသားတွေအတွက် ဘယ်လိုမျိုးဖြစ်မလဲ။

ဆိုလိုတာက ကလေးတွေအတွက် အမျိုးအစား ၁ ကလေးဆီးချိုရောဂါရှိရင် အင်ဆူလင်ထိုးရမယ်၊ သွေးတွင်းသကြားဓာတ်ပမာဏကို စစ်ဆေးရမယ်၊ အဆာပြေမုန့်တွေ စားရမယ်၊ ရေပိုသောက်ရမယ်၊ လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့ လိုပါမယ်။

ကလေးအများစုက အပ်ကြောက်တတ်ကြပြီး အမျိုးအစား ၁ ဆီးချိုရောဂါရှိတဲ့ သူတို့ရဲ့ အတန်းဖော်က ဘာကြောင့် အင်ဆူလင်ထိုးနေရတာလဲ၊ သွေးတွင်းသကြားဓာတ်ပမာဏ စစ်ဆေးဖို့ သွေးဖောက်နေရတာလဲဆိုတာကို နားလည်မှာမဟုတ်ပါဘူး။

အမျိုးအစား ၁ ဆီးချိုရောဂါက ဘာလဲဆိုတာကို မသိကြတဲ့အတွက် ကလေးတချို့က သူငယ်ချင်းကို ထိခိုက်နာကျင်စေနိုင်တဲ့ ထူးထူးဆန်းဆန်းစကားတွေ ပြောလာနိုင်ပါတယ်။

အတန်းဖော်တွေနဲ့ အမျိုးအစား ၁ ဆီးချိုရောဂါအကြောင်း စကားပြောဆိုပြီး ဒီရောဂါကို သူတို့နားလည်အောင် လုပ်တာက အထောက်အကူဖြစ်နိုင်ပါလိမ့်မယ်။

အမျိုးအစား ၁ ဆီးချိုရောဂါရှိတဲ့ ကလေးတွေနဲ့ အတန်းဖော်တွေကြား ဆီးချိုရောဂါအကြောင်း စကားပြောဆိုကြတာက တစ်ချိန်ချိန် ဖြစ်လာနိုင်တဲ့ အရေးပေါ်အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ ကျောင်းတွင်းစွမ်းဆောင်ရည်က ချိတ်ဆက်နေတဲ့အတွက် အမျိုးအစား ၁ဆီးချိုရောဂါရှိတဲ့ ကျောင်းသားတွေ ကျောင်းမှာစွမ်းဆောင်ရည်ကောင်းစေဖို့ အထောက်အကူဖြစ်စေပါတယ်။

#ဆီးချိုအကြောင်းအသိပညာ ဖြန့်ဝေခြင်းက အထောက်အပံ့ ရရှိနိုင်ဖို့နဲ့ လူအများ အတွေးမမှားစေဖို့ နည်းလမ်းကောင်းတစ်ခု ဖြစ်နိုင်ပါတယ်။

ဆီးချိုအကြောင်းအသိပညာ ဖြန့်ဝေဖို့ အမျိုးအစား ၁ ဆီးချိုရောဂါရှိတဲ့ကလေးတွေနဲ့ မိဘတွေအနေနဲ့ ဘာလုပ်နိုင်မလဲ။

အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ ကျောင်းတွင်းစွမ်းဆောင်ရည်က ချိတ်ဆက်ရောယှက်နေတာကြောင့် ဆရာအများစုက ကျောင်းသားတွေကို ဘေးကင်းပျော်ရွှင်ရပြီး အောင်မြင်တဲ့ ပတ်ဝန်းကျင်တစ်ခုမှာ သင်ယူလေ့လာနေတာ သေချာအတည်ပြုလိုကြပါတယ်။

ဒီလိုဖြစ်ဖို့ဆိုရင် ကျောင်းက ဆရာတွေနဲ့ သူနာပြုတွေကို ကလေးရဲ့ အမျိုးအစား ၁ ဆီးချိုရောဂါကို ဘယ်လိုစီမံရမလဲဆိုတာ လေ့ကျင့်သင်ကြားပေးထားဖို့ ဆရာဝန်တွေနဲ့ သူနာပြုတွေကို မိဘတွေက တောင်းဆိုနိုင်ပါတယ်။

အမျိုးအစား ၁ ဆီးချိုရောဂါရှိတဲ့ ကလေးတွေနဲ့ မိဘတွေအနေနဲ့ သူတို့တွေကို စိတ်မကောင်းဖြစ်စေ၊ အရှက်ရစေနိုင်တဲ့ ပြောဆိုသမုတ်ခံရတာတွေ ဒါမှမဟုတ် ဖယ်ကြဉ်ခံရတာတွေ မဖြစ်လာစေဖို့ ဘေးကင်းတဲ့ စာသင်ခန်းဧရိယာတစ်ခု ဖန်တီးပေးဖို့ကိုလည်း ဆရာတွေကို တောင်းဆိုနိုင်ပါတယ်။

ပိုငယ်ရွယ်တဲ့ကလေးတွေဟာ အခြေအနေကို အပြည့်အဝ သိရှိနားလည်နိုင်မှာ မဟုတ်သလို မမှန်ကန်တဲ့ အကြောင်းအရာတွေကိုလည်း ယုံကြည်သွားနိုင်ပါတယ်။

ဥပမာ အမျိုးအစား ၁ ဆီးချိုရောဂါက ကူးစက်နိုင်တဲ့ရောဂါလို့ ကလေးတချို့က ထင်မြင်နိုင်သလို တချို့က အင်ဆူလင်အပ်တွေကို မူးယစ်ဆေးစွဲခြင်းနဲ့ ရောတွေးတာမျိုး ရှိနိုင်ပါတယ်။

အမျိုးအစား ၁ဆီးချိုရောဂါ ရှိနေတဲ့ကလေးတွေအတွက်တော့ သူတို့ရဲ့ ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှုကို ထိန်းသိမ်းဖို့နဲ့ အမျိုးအစား ၁ ဆီးချိုရောဂါအကြောင်း ဘယ်သူမှ သိပ်မသိတဲ့အတွက် မကောင်းတဲ့ ပုဂ္ဂိုလ်ရေး မှတ်ချက်တွေကို မခံစားဖို့ အရေးကြီးပါလိမ့်မယ်။

အမျိုးအစား ၁ ဆီးချိုရောဂါရှိတဲ့ ကလေးတွေနဲ့ မိဘတွေအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နဲ့ ကျောင်းစီမံအုပ်ချုပ်သူတွေကို ဘာတွေတောင်းဆိုနိုင်မလဲ။

အမျိုးအစား ၁ ဆီးချိုရောဂါရှိတဲ့ ကလေးတွေနဲ့ မိဘတွေအနေနဲ့ အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ ကျောင်းတွင်းစွမ်းဆောင်ရည်ကို အထောက်အကူပြုနိုင်မယ့် ကျောင်းတက်စဉ်အတွင်း တစ်ဦးချင်းကိုယ်ပိုင် အစီအစဉ်တစ်ခုကို ဆရာဝန်နဲ့ ဆရာတွေဆီ တောင်းဆိုနိုင်ပါတယ်။

ဒီအစီအစဉ်မှာ သွေးတွင်းသကြားဓာတ် စစ်ဆေးတာ၊ အင်ဆူလင်ထိုးတာ၊ စားသောက်ချိန်နဲ့ အဆာပြေအချိန်တွေအတွက် ရှင်းလင်းပြတ်သားတဲ့ ညွှန်ကြားချက်တွေ ပါဝင်နိုင်ပါတယ်။

ကာယအချိန်မှာ ဝင်ကစားတာ၊ လေ့လာရေးခရီးတွေသွားတာ ဒါမှမဟုတ် တခြားအလားတူ ပျော်ရွှင်စရာ လှုပ်ရှားမှုတွေ မတိုင်ခင် အမျိုးအစား ၁ ဆီးချိုရောဂါကို စီမံထိန်းညှိမှုအကြောင်း ဆွေးနွေးသင့်ပါတယ်။

မိဘတွေအနေနဲ့ ကိုယ့်ကလေးရဲ့ ဆရာတွေ၊ ကျောင်းသူနာပြု၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တို့ကို ပွင့်ပွင့်လင်းလင်းနဲ့ ပုံမှန် စကားပြောဆိုပေးဖို့ အရေးကြီးပါတယ်။

ဆရာဝန်တွေက အမျိုးအစား ၁ဆီးချိုရောဂါ ရှိတဲ့ကလေးတွေကို အထောက်အပံ့အဖွဲ့တွေထဲ ထည့်ပေးပြီး နည်းပြသင်ကြားပေးပြီးတော့လည်း ပြဿနာတွေ ဖြေရှင်းနိုင်အောင် ကူညီပေးနိုင်ပါတယ်။

ဆီးချို အထောက်အပံ့အဖွဲ့တွေနဲ့ စခန်းတွေမှာ ပါဝင်ခြင်းက ဆီးချိုရှိသူတွေကို အချင်းချင်း သင်ယူနိုင်ဖို့၊ ကြာရှည်တဲ့ ခင်မင်မှုတွေ တည်ဆောက်နိုင်ဖို့နဲ့ ကိုယ့်ရောဂါအတွက် ကိုယ်တာဝန်ယူနိုင်ဖို့ အားပေးရာ ရောက်စေနိုင်ပါတယ်။

ကျောင်းမှာ ကောင်းစွာစွမ်းဆောင်နိုင်ခြင်း - အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ ကျောင်းတွင်းစွမ်းဆောင်ရည်

ဟုတ်ပါတယ်။ မှန်ကန်တဲ့ ထောက်ပံ့မှု၊ စနစ်ကျတဲ့ အမျိုးအစား ၁ဆီးချိုရောဂါ စီမံထိန်းညှိမှုနည်းလမ်းတွေနဲ့သာဆိုရင် အမျိုးအစား ၁ ဆီးချိုရောဂါရှိတဲ့ ကလေးတွေက ပညာရေးမှာ အောင်မြင်ပြီး ရည်မှန်းချက်ပြည့်ဝတဲ့ ဘဝတွေကို ဦးဆောင်နိုင်မှာပါ။

အမျိုးအစား ၁ဆီးချိုရောဂါကို တက်ကြွစွာ ထိန်းညှိနေထိုင်ရင်းနဲ့ ပညာရေးမှာ ထိပ်ဆုံးရောက်နေတဲ့ ဆီးချိုရောဂါရှိတဲ့ ထူးချွန်ထက်မြက်သူ ကျောင်းသားတွေ အများကြီးရှိပါတယ်။

အမျိုးအစား ၁ ဆီးချိုရောဂါရှိတဲ့ ကလေးတွေက ခန္ဓာကိုယ်မှာ ဘာတွေဖြစ်နေလဲဆိုတာ ကိုယ့်ကိုယ်ကို အသိဆုံးပါ။ သူတို့ကို ကိုယ်တိုင်တာဝန်ယူစေပြီး လိုအပ်တဲ့အခါ ကူညီပေးလိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။

ခြုံပြောရရင် အဖွဲ့လိုက်ဆောင်ရွက်မှုနဲ့ အပြုသဘောဆောင်တဲ့ စိတ်နေစိတ်ထားတွေက ကျောင်းတွင်း အောင်မြင်မှုရယူနိုင်ရေးမှာ အဓိကကျတဲ့အချက်တွေပါ။

ဆရာဝန်ပြသခြင်းနဲ့ သန့်စင်ခန်းသွားချိန်တွေအတွက် ပြောင်းလွယ်ပြင်လွယ် ပျက်ကွက်ခွင့်များပေးတာမျိုးလို တခြားအကူအညီဖြစ်စေမယ့် စဉ်းစားပေးမှုတွေကိုလည်း ဆရာတွေဆီက ရနိုင်ပါတယ်။

အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ ကျောင်းစွမ်းဆောင်ရည်ကြားက ဆက်နွယ်မှုကြောင့် တစ်ဦးချင်းကိုယ်ပိုင် ကုသစောင့်ရှောက်ရေးအစီအစဉ်တွေနဲ့ ထောက်ပံ့အားပေးတဲ့ ပတ်ဝန်းကျင်တို့ စနစ်တကျ ရှိနေတဲ့အခါ အမျိုးအစား ၁ ဆီးချိုရောဂါရှိတဲ့ ကျောင်းသားတွေကို ပညာရေးမှာတင်မကဘဲ လူမှုရေး၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာတို့မှာပါ စွမ်းဆောင်ရည်ပိုကောင်းစေနိုင်ပါတယ်။


အကောင်းဆုံးကြိုးစားကြပါစို့။


အမျိုးအစား ၁ ဆီးချိုရောဂါနဲ့နေထိုင်ရတာက လွယ်ကူတဲ့အလုပ်မဟုတ်သလို လူတစ်ယောက်ရဲ့စိတ်ခံစားချက်တွေနဲ့ စိတ်ကျန်းမာရေးအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။

ဒါပေမယ့် အမျိုးအစား ၁ ဆီးချိုရောဂါကို ကောင်းစွာထိန်းညှိနိုင်တဲ့အခါ ဘာအတွက်မဆို အသင့်​ဖြစ်နေတဲ့အတွက် သင်ယူလေ့လာရတာ ပျော်စရာကောင်းစေပါတယ်။

အမျိုးအစား ၁ ဆီးချိုရောဂါရှိတဲ့ ကလေးတွေဟာ ကျောင်းပွဲတွေတွေသွားတာ၊ ခိုင်မာတဲ့ ထောက်ပံ့အားပေးမှုကွန်ရက်တွေ တည်ဆောက်တာ၊ အထူးသဖြင့် သူတို့ရဲ့အခြေအနေကို တခြားသူတွေ နားလည်အောင် လုပ်မယ်ဆိုရင် သက်သောင့်သက်သာရှိနေနိုင်ပါတယ်။

အမျိုးအစား ၁ ဆီးချိုရောဂါက ဘယ်ကျောင်းသားရဲ့ အပြည့်အဝဖြစ်ထွန်းနိုင်စွမ်းကို အဟန့်အတား မဖြစ်စေနိုင်ပါ။

အလှပဆုံးအပိုင်းကတော့ အမျိုးအစား ၁ ဆီးချိုက ကျောင်းသားတစ်ယောက်ရဲ့နယ်ပယ်အားလုံး ကြီးထွားဖွံ့ဖြိုးမှုလမ်းခရီးမှာ တစ်စိတ်တစ်ပိုင်း ဖြစ်လာတာပါပဲ။

Icon ရှင်းလင်းချက်