T1D အချက်အလက်
ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ
ကျွန်ုပ်တို့အကြောင်း
အင်ဆူလင်သုံးစွဲပုံ အညွှန်း
တည်းဖြတ်ချက်များ 06.05.2026
မဖောက်ရသေးတဲ့ အင်ဆူလင်ဆေးပုလင်း (အသစ်) - ရေခဲသေတ္တာထဲမှာ ဒါမှမဟုတ် သဲထဲမှာ မြှုပ်ထားတဲ့ ရွှံ့အိုးထဲမှာ ထားပါ။
ဖွင့်ပြီးသား အင်ဆူလင်ပုလင်း (အဟောင်း) - လက်ရှိအသုံးပြုနေတဲ့ အင်ဆူလင်ကို အခန်းအပူချိန် (၃၀) ဒီဂရီအောက် နေရောင်နဲ့တိုက်ရိုက်မထိတွေ့တဲ့နေရာ)မှာ ရက်၃၀အထိ သိမ်းဆည်းနိုင်ပါတယ်။
အင်ဆူလင်ကို နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့နိုင်တဲ့နေရာ ဒါမှမဟုတ် အပူချိန်မြင့်မားတဲ့ နေရာတွေမှာ မထားရပါ။ အိမ်အပြင်ဘက် ဒါမှမဟုတ် ကားထဲ/ထမင်းဟင်းအိုးနားတွေမှာလည်း မထားသင့်ပါဘူး။ အင်ဆူလင်ကို ခဲအောင်မထားရပါ။ ရေခဲသေတ္တာ အပေါ်ဆင့် အခဲခန်းထဲမှာ မထားရပါ။ ရက်လွန်နေသောအင်ဆူလင်ကိုမသုံးရပါ။
အင်ဆူလင်ကို ဆေးထိုးအပ်ထဲမစုပ်ခင် ပုလင်းကို အနီးကပ်ကြည့်ပြီး အင်ဆူလင်ရဲ့ အရည်အသွေးကို ဆန်းစစ်ပါ။
"အကြံပြုချက်များ -
အင်ဆူလင်ပုလင်းအပိုတွေကို ရေခဲသေတ္တာထဲမှာ သိမ်းထားပါ။
အင်ဆူလင်ပုလင်းအသစ်ကို ဖောက်ပြီးလျှင် ပုလင်းခွံပေါ်တွင် စဖောက်သည့်ရက်စွဲကို မှတ်သားပါ။
အင်ဆူလင်ပုလင်းတွေကို အရမ်းမခါရပါ။"
အင်ဆူလင်ကို အရေပြားအောက်မှာရှိတဲ့အဆီလွှာထဲကိုသာ ထိုးသွင်းရပါမယ်။ အင်ဆူလင်ဆေးထိုးဖို့ စိတ်ချရတဲ့နေရာလေးခု ရှိပါတယ်။ အဲဒါတွေကတော့-
၁။ ပေါင်- အပေါ်ပိုင်းနဲ့ အပြင်ပိုင်း။ အတွင်းဘက်နဲ့ အနောက်ဘက်ကို မထိုးရပါ။
၂။ လက်မောင်းအပေါ်ပိုင်း - လက်မောင်းဘေးဘက်နဲ့ အနောက်ဘက် အသားထူတဲ့နေရာတွေ။ လက်မောင်းကြွက်သားနဲ့ ပခုံးနေရာကို ရှောင်ပါ။
၃။ ဝမ်းဗိုက်- ဝမ်းဗိုက်တလျှောက် နံရိုးအောက်ကနေ ခါးအောက်နားအထိ
၄။ တင်ပါး– အပေါ်ပိုင်းအပြင်ဘက် ဧရိယာ
"ဆေးထိုးတဲ့အချိန်တိုင်းမှာ တစ်ခါထိုးရင်တစ်နေရာ နေရာပြောင်းပြီး ထိုးပေးပါ။ တစ်နေရာတည်းကို ထပ်ခါထပ်ခါ ထိုးသွင်းခြင်းက အရေပြားကို ဖောင်းကြွရောင်ယမ်းစေနိုင်ပါတယ်။
"
အင်ဆူလင်ဆေးပုလင်း
၁။ လက်ကိုဆေး၍ ခြောက်အောင်ပြုလုပ်ပါ။
၂။ ဆေးထိုးအပ်၊ ဂွမ်း၊ အရက်ပြန်တို့ကို အသင့်ဆောင်ထားပါ။
၃။ ဆေးပုလင်းကို လက်ထဲတွင် လှိမ့်ပါ။
၄။ ဆေးပုလင်းထိပ်ကို အရက်ပြန်နှင့် သန့်ရှင်းအောင်လုပ်ပါ။
၅။ ဆေးထိုးအပ်ထဲသို့ လေစုပ်ပါ။
၆။ စုပ်ထားသောလေကို ပုလင်းထဲသို့ထိုးသွင်း၍ ဆေးကိုစုပ်ပါ။
၇။ ဆေးထိုးအပ်ထဲတွင် လေမကျန်အောင် ဂရုစိုက်ပါ။
၈။ အင်ဆူလင်ကို မှန်ကန်တဲ့နေရာတွင်အရေပြားအောက်သို့ ထိုးသွင်းပါ။
၉။ ဆေးထိုးအပ်ကို သင့်လျော်သောပုံးထဲသို့ စွန့်ပစ်ပါ။
၁၀။ အင်ဆူလင်ကို အေးသောနေရာတွင် ပြန်လည်သိမ်းဆည်းပါ။
ဆေးထိုးအပ်များကို မည်သူနှင့်မှ မမျှဝေရပါ။
အင်ဆူလင် ပန်
၁။ လက်ကိုဆေး၍ ခြောက်အောင်ပြုလုပ်ပါ။
၂။ အင်ဆူလင်ပန်အဖုံးကို ဖွင့်ပါ။
၃။ အပ်ပေါ်ကအဖုံးကို ဖယ်ပြီး အပ်ကို အင်ဆူလင်ပန်မှာတပ်ပါ။
၄။ ၂ယူနစ် လှည့်ပါ။
၅။ အပ်ကိုထောင်လျက်အနေအထားဖြင့် အင်ဆူလင်ပန်ကို ကိုင်ထားပါ။ အပ်ဖျားမှာ အင်ဆူလင်ဆေးစက်ကို မြင်ရတဲ့အထိ ဆေးထိုးခလုတ်ကို တဆုံးနှိပ်ပါ။ ဤအဆင့်ပြီးပါက ဘောပင်ရှိဆေးပမာဏအညွှန်းမှာ သုညနေရာသို့ ပြန်လည်ရောက်ရှိရပါမည်။
၆။ မိမိလိုအပ်သည့် အင်ဆူလင်ယူနစ်အရေအတွက်ရောက်သည်အထိ ဆေးပမာဏပြခလုတ်ကို လှည့်၍ချိန်ပါ။
၇။ လက်မကို ဆေးထိုးခလုတ်ပေါ်ထားပြီး ကျန်လက်ချောင်းတွေနဲ့ အင်ဆူလင်ပန်ကို ကိုင်ထားပါ။
၈။ ကျန်လက်တစ်ဖက်ဖြင့် ဆေးထိုးမည့်နေရာမှအရေပြားကို ညင်သာစွာဆွဲယူပါ။ အပ်ကို ၄၅ ဒီဂရီ မှ ၉၀ ဒီဂရီစောင်း၍ထိုးပါ။ အကောင်းဆုံးအနေအထားကို ဆရာဝန်/သူနာပြုထံ မေးပါ။ အပ်ကို အရေပြားထဲထိုးနေရင်း ဆေးထိုးခလုတ်ကို သုညရောက်သည်အထိ နှိပ်ပါ။ သုညမှတ်ရောက်သွားလျှင် ဆေးထိုးခလုတ်ကို ၁၀ စက္ကန့်ကြာသည်အထိဆက်နှိပ်ထားပေးပါ။
၉။ အပ်ကို ပြန်ထုတ်ပါ။ အပ်ကိုဖယ်လိုက်သည့်အခါ သွေးထွက်လာပါက အရက်ပြန်စိမ်ထားသောဂွမ်းဖတ်နှင့် ညင်သာစွာဖိပေးပါ။ ဆေးထိုးထားသောနေရာကို မချေရပါ။
၁၀။ အင်ဆူလင်ပန်မှာ တပ်ထားသည့်အပ်ကို ပြန်မဖြုတ်ခင် အဖုံးပြန်ဖုံးပြီးမှဖြုတ်ပါ။ အသုံးမပြုတော့သည့်အခါ အပ်ကို အင်ဆူလင်ပန်ထိပ်မှာ ချန်မထားရပါ။
၁၁။ အသုံးပြုထားသည့်အပ်ကို သင့်တော်သောဘူးထဲ စွန့်ပစ်ပါ။
၁၂။ အင်ဆူလင်ပန်ကို အဖုံးပြန်ဖုံးပြီး အေးမြသောနေရာမှာ ပြန်လည်သိုလှောင်ထားပါ။
ဆေးထိုးအပ်များကို မည်သူနှင့်မှ မမျှဝေရပါ။
နောက်ထပ်ဆောင်းပါးများကိုရှာဖွေပါ