T1D အချက်အလက်
ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ
ကျွန်ုပ်တို့အကြောင်း
မိုးသိမ့်သိမ့်ကျော် - ဆီးချိုနှင့်အတူ ရဲရင့်စွာ လျှောက်လှမ်းခြင်း
တည်းဖြတ်ချက်များ 06.05.2026
ကျွန်မက အမျိုးအစား၁ဆီးချိုနဲ့ယှဉ်တွဲနေထိုင်နေတဲ့ အသက်20အရွယ် အမျိုးသမီး တစ်ယောက်ပဲ ဖြစ်ပါတယ်။
အသက်12နှစ်ခန့်မှာ ဆီးချိူရှိတာ စသိခဲ့ရပြီး အင်ဆူလင်ထိုးတာမျိူးတွေ စတင်ခဲ့ရပါတယ် အစပိုင်းမှာ အင်ဆူလင်အကြောင်း အမျိူးအစား ၁ဆီးချိူအကြောင်းတွေ ကျယ်ကျယ်ပြန့်ပြန့်နားမလည်ခဲ့တာကြောင့် အခက်အခဲများစွာရှိခဲ့ပါတယ်။
ဆေးထိုးရတာမျိူးကိုကြောက်ပြီး အချိူတွေစားရတာကို သဘောကျတဲ့ ကလေးတစ်ယောက်အနေနဲ့ နေ့တိုင်း ဆေးထိုးရတော့မယ်ဆိုတဲ့အသိက တကယ်ကို ပင်ပန်းခက်ခဲစေခဲ့ပါတယ်။
ဒီလိုနေ့ရက်တွေကိုဖြတ်သန်းနေရတာ ကိုယ်တစ်ယောက်တည်းလို့ခံစားရပြီး ကျောင်းတက်ရက်တွေမှာလည်း စိတ်ပင်ပန်းစရာတွေရှိခဲ့တယ် ကိုယ်ရဲ့ရောဂါအကြောင်းကို တခြားသူတွေကို ပြောပြရတဲ့အခါတွေမှာ ရှက်တဲ့စိတ် / ဝမ်းနည်းတဲ့စိတ်တွေရှိခဲ့တယ်။
ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ ဆီးချိူဖြစ်ပြီးတစ်လလောက်အကြာမှာပဲ ကျွနိမတို့မြို့မှာ လာကျင်းပတဲ့ ဆီးချိုcamp တစ်ခုနဲ့ ဆုံခဲ့ရတယ် မန္တလေးက ဆရာဝန်တွေနဲ့ စပြီးသိခဲ့ရပါတယ် ။
ဆီးချိူရောဂါနဲ့ ယှဉ်တွဲနေထိုင်နေကြတဲ့ ကလေးတွေအများကြိးနဲ့လည်း ဆုံခဲ့ရတယ်။
အဲ့ဒီcampကနေတစ်ဆင့် မန္တလေးမှာ ဆေးခန်းလာပြဖြစ်ပြိး ဆေးဝါးထောက်ပံ့မှုတွေရရှိခဲ့ရပါတယ်။
စနစ်တကျ ကုသမှုတွေ ရရှိခဲ့တဲ့အပြင် ကိုယ့်လိုမျိူး တခြားသောကလေးတွေလည်းရှိတယ် အဲ့သူငယ်ချင်းတွေနဲ့ အတွေ့အကြုံတွေမျှဝေဖြစ်ခဲ့တာမလို့ နေ့စဉ်ဆေးထိုးသွေးစစ်ပြိး ဖြတ်သန်းနေရတဲ့အခြေအနေက အရင်ကလောက် ဆိုးဝါးတယ်လို့ထင်ထားတဲ့ အခြေအနေမဟုတ်တော့ဘူး။
ခုနောက်ပိုင်းမှာ ဆရာဝန်တွေနဲ့ပုံမှန် ဆေးခန်းပြပြီး နေ့စဉ်ကုသရင်း ကိုယ်တိုင်လည်း အရင်ကထပ် ပိုသန်မာလာပြီး နေ့ရက်တိုင်းကို ကောင်းမွန်စွာဖြတ်သန်းလျက်ရှိပါတယ်။
ဆီးချိူရောဂါရှိတာဟာ ရှက်စရာမဟုတ်ကြောင်းလည်း ကောင်းစွာသဘောပေါက်သွားခဲ့ပါပြီ။
ယခင်ကဆို ဆီးချိူဖြစ်ကြောင်းကို မျှဝေရမှာ ရှက်ကြောက်တဲ့သူဖြစ်ခဲ့ပေမဲ့ အခုဆို ကိုယ့်ရဲ့ရောဂါအကြောင်းကို မိသားစုနဲ့ သူငယ်ချင်းတွေကိုသာမက
ဘေးပတ်ဝန်းကျင်ကလူတွေ / လက်ရှိကျွန်မက ဆရာမတစ်ယောက်ဖြစ်တာမလို့ ကျောင်းမှာရှိတဲ့ ကလေးတွေကိုပါ ကျွန်မရဲ့ ရောဂါအကြောင်းတွေမျှဝေပြောပြတတ်နေပါပြီ။
ဆရာဝန်တွေ A4D CDIC စတာတွေရဲ့ အကူအညီတွေ မိသားစုရဲ့ အားပေးမှုတွေနဲ့ Grade 12 Examination ကိုလည်း ကောင်းစွာဖြေဆိုနိုင်ခဲ့ပြီး နေ့ရက်တိုင်းကို အကောင်းဆုံး ဖြတ်သန်းနေနိုင်ပါပြီ။
ဒီလိုကူညီမှုတွေသာမရှိရင်လည်း ခုလို ရပ်တည်နေနိုင်ဖို့ အသက်ရှင်နေနိုင်ဖို့က ခက်ခဲနေနိုင်မှာ သေချာပါတယ်။
ဒါကြောင့်ပဲ ဆရာ/ဆရာမအားလုံးနဲ့ A4D, CDIC တို့ကို ကျေးဇူးတင်ပါတယ်။
နောက်ထပ်ဆောင်းပါးများကိုရှာဖွေပါ
Yati- မြန်မာနိုင်ငံမှာ အမျိုးအစား ၁ ဆီးချိုရောဂါကို စီမံထိန်းညှိဖို့ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ ပုံမှန်လုပ်ဆောင်ရသည်များ
Wai Yan Aung- အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ နေထိုင်တဲ့အခါ ထောက်ပံ့အားပေးမှုရရှိဖို့ အရေးပါပုံ
Duy trì mức glucose trong máu khi điều trị tiểu đường type 1: Cách kiểm soát insulin trong vùng an toàn