T1D အချက်အလက်
ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ
ကျွန်ုပ်တို့အကြောင်း
Yati- မြန်မာနိုင်ငံမှာ အမျိုးအစား ၁ ဆီးချိုရောဂါကို စီမံထိန်းညှိဖို့ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ ပုံမှန်လုပ်ဆောင်ရသည်များ
တည်းဖြတ်ချက်များ 06.05.2026
"ပထမဆုံး ရောဂါရှိတာ သိရပြီးနောက်ပိုင်း ဆေးရုံတင်လိုက်ရတယ်။ ရိုးရိုးသားသားပြောရရင် အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ ရှင်သန်ရတော့မယ်ဆိုတာ စသိသိချင်း သိပ်မခံစားရပေမယ့် အင်ဆူလင်အမြဲထိုးရမယ်ဆိုတော့ နည်းနည်း စိတ်ဓာတ်ကျခဲ့ရတယ်” လို့ မြန်မာနိုင်ငံမှ စိတ်ဓာတ်ကြံ့ခိုင်သော အမျိုးသမီးငယ်တစ်ဦးဖြစ်သူ Yati က ပြောပြပါတယ်။
Yati ရဲ့ အမျိုးအစား ၁ ဆီးချိုရောဂါခရီးလမ်းအစကတော့ စိတ်ခံစားချက်တွေ ရောနှောနေခဲ့ပါတယ်။ သူဟာ အမြဲမပြတ် ဆေးထိုးရတဲ့အဖြစ်ကို စတင်ရင်ဆိုင်ခဲ့ရပေမယ့် မကြာခင်မှာပဲ ကိုယ့်ကိုယ်ကို နှစ်သိမ့်နိုင်မယ့်နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ “ဒါက ကျွန်မအတွက် ပြဿနာအကြီးကြီးမဟုတ်ပါဘူး။ အပေါ်မှာပြောခဲ့သလိုပဲ ကျွန်မအတွက် စိတ်ကျန်းမာရေးပြဿနာဆို ပိုမှန်ပါတယ်။ နည်းနည်းစိတ်ဓာတ်ကျပေမယ့် ကျော်လွှားနိုင်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ်ကို ပုံမှန်ဂရုစိုက်မယ်ဆိုရင် ကျန်းကျန်းမာမာရှိနိုင်တယ်ဆိုတာကို သိထားတယ်လေ။ ဒါက သေလောက်တဲ့ရောဂါမဟုတ်ဘူး၊ ကင်ဆာ၊ ဦးနှောက်အကျိတ် စတာတွေလည်း မဟုတ်ဘူး ဆိုတော့ အဲဒါက အတော်လေးစိတ်သက်သာရာရသွားစေပါတယ်။”
Yati ရဲ့ထောက်ပံ့အားပေးမှုကွန်ရက်မှာ အဓိကကျတာက ဆီးချိုစီမံထိန်းညှိမှုမှာ အရေးပါတဲ့နေရာက ပါဝင်ခဲ့တဲ့ သူ့ရဲ့မေမေဖြစ်ပါတယ်။ “မေမေက ကျွန်မကို ထောက်ပံ့အားပေးတဲ့ အဓိကပုဂ္ဂိုလ်ပါပဲ။ နေ့စဉ်ဘဝမှာ ဘယ်လိုနေ၊ ဘယ်လိုစားရမယ်ဆိုတာ သင်ပေးပြီး လက်တွေ့အကြံပေးခဲ့ပါတယ်။”
Yati ရဲ့ပုံမှန်လုပ်ဆောင်ရတဲ့အရာတွေမှာ အခြေခံကျတဲ့အချက်က ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေပါ။ “သုံးလတစ်ကြိမ် HbA1C စစ်တယ်။ အထူးကုတွေနဲ့ ရက်ချိန်းအတိုင်း ပြတယ်။ ဆေးခန်း ပုံမှန်ပြတဲ့အတွက် သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်တယ်။”
ညီညွတ်မျှတတဲ့ စားသောက်မှုပုံစံနဲ့ ပုံမှန်စားသောက်ပုံအလေ့အကျင့်တွေက အရေးကြီးကြောင်း Yati က အလေးထားပြောပြပါတယ်။ “အစားကို ပုံမှန်စားပြီး အချိုများတဲ့ အစားအသောက်တွေကို တတ်နိုင်သလောက် ရှောင်မယ်ဆိုရင် အမျိုးအစား ၁ ဆီးချိုရောဂါနဲ့က သူငယ်ချင်းလို ဖြစ်သွားမှာပါ။”
ဒီရောဂါရှိတဲ့ တခြားသူတွေအတွက် သူပြောခဲ့တာက ရှင်းပါတယ်- “စိတ်ဓာတ်ကျစရာမလိုပါဘူး။ ကိုယ့်ကိုယ်ကို ပုံမှန်ဂရုစိုက်ပေးပြီး ဘဝကို ဆန္ဒရှိသလိုနေထိုင်သွားမယ်ဆိုရင် အမျိုးအစား ၁ ဆီးချိုရောဂါ ရှိနေရင်တောင် ကျန်းမာပျော်ရွှင်တဲ့ဘဝကို နေထိုင်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဘုရားသခင် ကောင်းချီးပေးပါစေ။”
Yati ရဲ့အကြောင်းကတော့ အမျိုးအစား ၁ ဆီးချိုရောဂါကို စီမံထိန်းညှိရာမှာ ထောက်ပံ့အားပေးမှု၊ ပုံမှန်ဂရုစိုက်မှုနဲ့ အကောင်းမြင်စိတ်တို့ရဲ့ စွမ်းအားကို သက်သေပြနေတာပါ။ သူ့ရဲ့ခရီးလမ်းက ရောဂါကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး ပြည့်စုံတဲ့ဘဝတွေရရှိစေဖို့ တခြားသူတွေကို စိတ်ခွန်အားပေးသွားပါတယ်။