T1D အချက်အလက်

Icon

ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ

ကျွန်ုပ်တို့အကြောင်း

ပြင်ပ အားကစားနည်း၊ လှုပ်ရှားမှုတွေနဲ့ အမျိုးအစား ၁ ဆီးချိုရောဂါ

တည်းဖြတ်ချက်များ 06.05.2026

Prof Cho Cho Win

Professor of Pediatrics at the 500-bedded Children’s Hospital, Naypyitaw, Myanmar

အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ ကိုယ်လက်လှုပ်ရှားမှုတို့ကြား ကျန်းမာရေးဆက်နွယ်မှု

ကိုယ်လက်လှုပ်ရှားမှုဆိုတာ လူတိုင်းရဲ့ စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးအတွက် အကျိုးပြုသလို အရေးလည်းကြီးပါတယ်။ ကိုယ့်မှာ အမျိုးအစား ၁ ဆီးချိုရောဂါရှိတယ်ဆိုရင် ပိုလို့တောင် အရေးကြီးပါတယ်။ ကိုယ်လက်လှုပ်ရှားမှုက သွေးတွင်းသကြားဓာတ်ကို ပိုထိန်းနိုင်အောင် အထောက်အကူပေးတာဖြစ်လို့ပါ။

ကိုယ်လက်လှုပ်ရှားမှုနဲ့ အမျိုးအစား ၁ ဆီးချိုရောဂါအပေါ် သက်ရောက်မှုအကြောင်း ဒီနေရာမှာ ပိုမိုဖတ်ရှုပါ။

နားလည်မှုလွဲလေ့ရှိတာတစ်ခုက အမျိုးအစား ၁ ဆီးချိုရောဂါရှိရင် ကိုယ်လက်လှုပ်ရှားမှုမလုပ်ရဘူးဆိုတာပါ။ ဒါပေမယ့် တကယ်တော့ အမျိုးအစား ၁ ဆီးချိုရောဂါရှိနေတာနဲ့ပဲ အပြင်ထွက်ပြီး ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့၊ အားကစားတွေမှာ ပါဝင်ဖို့ အကန့်အသတ်ရှိနေတာ မဟုတ်ပါဘူး။ ကိုယ်လက်လှုပ်ရှားမှုကြောင့် မိတ်ဆွေအသစ်တွေရစေနိုင်တယ်၊ စိတ်ဝင်စားမှုအသစ်တွေ တွေ့လာပြီး နေရာအသစ်တွေကို စူးစမ်းလေ့လာခွင့်ရစေနိုင်ပါတယ်။

ကြိုတင်ပြင်ဆင်မှုကောင်းကောင်းလုပ်ပြီး သတိထားရမယ့်အချက်တွေကို သိထားပြီဆိုရင် ပြင်ပအားကစားနည်းတွေ၊ လှုပ်ရှားမှုတွေမှာ ပါဝင်ပျော်ရွှင်နိုင်ပြီး အမျိုးအစား ၁ ဆီးချိုရောဂါအတွက် ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို ရယူနိုင်ပါတယ်။

အမျိုးအစား ၁ ဆီးချိုရောဂါနဲ့ ကိုယ်လက်လှုပ်ရှားမှု - ကိုယ်လက်လှုပ်ရှားမှုအတွက် ကြိုတင်ပြင်ဆင်ခြင်း

ကိုယ့်မှာ အမျိုးအစား ၁ ဆီးချိုရောဂါရှိတဲ့အကြောင်း နည်းပြ ဒါမှမဟုတ် သူငယ်ချင်းတွေကို ပြောပြထားပြီး သွေးတွင်းသကြားဓာတ်ကျဆင်းခြင်း (Hypo)/ သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်း (Hyper) ဖြစ်လာခဲ့ရင် ဘာလုပ်ရမလဲဆိုတာ သေချာအသိပေးထားပါ။

သူတို့ကို အသိပညာပေးဖို့အတွက် HelloType1 ကိုတောင် မျှဝေပေးနိုင်ပါတယ်။

လှုပ်ရှားမှုမလုပ်ခင် သွေးတွင်းသကြားဓာတ်ကို စစ်ထားပြီး လှုပ်ရှားမှုလုပ်နေတဲ့တလျှောက်မှာ ပုံမှန်ဆက်ပြီးစစ်ပါ။

လိုအပ်လာရင် အဆာပြေတစ်ခုခု စားပါ။

အဆာပြေမုန့်တွေနဲ့ ဓာတ်ဆားအပါအဝင် သောက်စရာတွေကို အပိုထည့်ထားပါ (ဂရန်နိုလာဘား၊ ရေဓာတ်ဖြည့်အချိုရည် ဒါမှမဟုတ် အုန်းရည်)

ကိုယ့်ရဲ့ Hypo Kit (သွေးတွင်းသကြားဓာတ်ကျချိန် အရေးပေါ်သေတ္တာ) နဲ့ အရေးပေါ် ဆေးသေတ္တာတို့ကို ယူလာပါ။ ဆိုဒ်တော်ပြီး သက်သောင့်သက်သာဖြစ်တဲ့ ချည်သားခြေအိတ်နဲ့ အားကစားဖိနပ်ကိုစီးပါ။

ထည့်စဉ်းစားရမယ့် နောက်တစ်ချက်က ဒီလိုကြာမြင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ချိန်တွေမှာ ကာဗိုဟိုက်ဒရိတ် ပိုလိုအပ်နိုင်တယ် ဒါမှမဟုတ် အင်ဆူလင်ထိုးဆေးပမာဏ လျှော့ဖို့လိုအပ်နိုင်တယ်ဆိုတာပါပဲ။

အင်ဆူလင်ကို သင့်တော်တဲ့ အပူချိန်မှာ သိမ်းဆည်းပါ။ ဒီနေရာမှာ ပိုမိုဖတ်ရှုပါ

ပူနေရင်- နေလောင်ကာခရင်မ်လိမ်းပါ။ လိုအပ်လာရင် ဦးထုပ်ဆောင်းပါ။ အကာအကွယ်ဖြစ်ပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ။

အေးနေရင် - အဝတ်အစားကို အထပ်ထပ်ဝတ်ပြီး နွေးထွေးအောင်နေပါ။

သွေးတွင်းသကြားဓာတ်ကျဆင်းခြင်းနဲ့ မြင့်တက်ခြင်း လက္ခဏာတွေကို သတိထားပါ - အထူးသဖြင့် အချိန်ကြာတဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်နေရင်ပါ။

သွေးတွင်းသကြားဓာတ်ကျဆင်းခြင်းနဲ့ မြင့်တက်ခြင်းကို စီမံထိန်းညှိဖို့ ဒီမှာ ဆက်လက်ဖတ်ရှုပါ။

ကိုယ်လက်လှုပ်ရှားမှုမှာ ပါဝင်ပြီးနောက် အရေးကြီးတဲ့ သတိပေးချက်များ

ကိုယ်လက်လှုပ်ရှားမှုပြီးတဲ့အခါ သွေးတွင်းသကြားဓာတ်ပမာဏကို ဘယ်လိုသက်ရောက်သလဲဆိုတာ စစ်ဆေးပြီး လိုအပ်ရင် အင်ဆူလင်ကို ထိန်းညှိပါ။

ခန္ဓာကိုယ်လှုပ်ရှားပြီးတဲ့နောက် ခြေထောက်မှာ အနာ၊ အရည်ကြည်ဖု၊ ယားတာစပ်တာတွေ၊ ထိရှနာတွေ ဒါမှမဟုတ် တခြားထိခိုက်မှုတွေရှိမရှိ စစ်ကြည့်ပါ။

ကိုယ်လက်လှုပ်ရှားမှုလုပ်ဲပီးနောက် ခြေထောက်ကို သန့်ရှင်းအောင်ထားပါ (ခြေထောက်ဆေးပါ၊ သန့်ရှင်းပြီးခြောက်သွေ့အောင်ထားပါ၊ ထိခိုက်ဒဏ်ရာမဖြစ်စေဖို့ လိုအပ်လာရင် လိုးရှင်းနည်းနည်းလူးပါ)

ခြေထောက်တွေ နာနေရင် မြှောက်တင်ထားပါ ဒါမှမဟုတ် ရေနွေးနွေးထဲ စိမ်ထားပါ။

ထိခိုက်ဒဏ်ရာတစ်ခုက ၂ ရက်ကြာတဲ့အထိ မသက်သာလာသေးရင် ဆရာဝန်ပြပါ။

ကိုယ်လက်လှုပ်ရှားမှုပြီးနောက် ၆နာရီမှ ၁၅ နာရီအတွင်းမှာ သွေးတွင်းသကြားဓာတ်ကျဆင်းမှု ဖြစ်လာနိုင်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှုပြီးနောက် သွေးတွင်းသကြားဓာတ်ပမာဏက ဆက်ပြီးကျဆင်းလာရင် ကိုယ်လက်လှုပ်ရှားမှုမလုပ်မီနဲ့ လုပ်အပြီးမှာ သင့်ရဲ့အင်ဆူလင်ထိုးဆေးပမာဏကို လျှော့ဖို့လိုနိုင်ပါတယ်။ ဒီအတွက် သင့်ဆရာဝန် ဒါမှမဟုတ် သူနာပြုနဲ့ တိုင်ပင်ပါ။

ကိုယ်လက်လှုပ်ရှားမှု လုပ်နေချိန် ထည့်စဉ်းစားရမယ့် အချက်များ

ကိုယ်လက်လှုပ်ရှားမှုရဲ့ အမျိုးအစား၊ ပြင်းအားနဲ့ ကြာချိန် (အောက်ပါဇယားမှာ ကြည့်ပါ)

သင့်ခန္ဓာကိုယ်ထဲမှာ ကျန်ရှိမယ့် အင်ဆူလင်ပမာဏ (နောက်ဆုံးအင်ဆူလင်ထိုးဆေး ထိုးပြီးကတည်းက အချိန်)

နောက်ဆုံးအစာစားခဲ့တဲ့ အချိန်နဲ့ စားခဲ့တာတွေ

ကိုယ်လက်လှုပ်ရှားမှုမလုပ်မီက သွေးတွင်းသကြားဓာတ် (အကြမ်းအားဖြင့် ၇- ၁၀ mmol/L ဒါမှမဟုတ် ၁၂၆ –၁၈၀ mg/dL)1

သင့်ရဲ့ ကြံ့ခိုင်မှု အဆင့်

ဇယား ထည့်သွင်းရန်

အမျိုးအစား ၁ ဆီးချိုရှိသူတိုင်းဟာ ကိုယ်လက်လှုပ်ရှားမှုနဲ့ အင်ဆူလင်ကို တုံ့ပြန်ပုံ မတူကြတာကြောင့် ကိုယ့်ခန္ဓာကိုယ်အကြောင်း ကိုယ်သိအောင် လုပ်ပါ။

ကိုယ်လက်လှုပ်ရှားမှုလုပ်နေချိန်နဲ့ လုပ်အပြီးမှာ သွေးတွင်းသကြားဓာတ် အတက်အကျရှိတာက အဖြစ်များပါတယ်။

လက်တွေ့လုပ်ကြည့်ပါ၊ စမ်းသပ်ပါ၊ မှတ်တမ်းတင်ထားပါ။ အားကစားနဲ့ ပြင်ပလှုပ်ရှားမှုတွေလုပ်တဲ့အချိန်နဲ့ လုပ်အပြီးမှာ ကိုယ့်ခန္ဓာကိုယ်က ဘယ်လိုတုံ့ပြန်သလဲဆိုတာ လေ့လာပါ။ ဒါတွေက အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေ ကိုယ်လက်လှုပ်ရှားမှု လုပ်တဲ့အခါ ထည့်စဉ်းစားရမယ့် အရေးကြီးတဲ့အချက်တွေပါ။

သင့်ရဲ့ ဆရာဝန်တွေ ဒါမှမဟုတ် သူနာပြုတွေနဲ့ ပုံမှန် စစ်ဆေးပြီး ဆွေးနွေးတာတွေ လုပ်ပါ။

ဒါတွေကို နားလည်လာပြီ၊ သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းလာနိုင်ပြီဆိုရင် ပျော်ပျော်ပါးပါး ကိုယ်လက်လှုပ်ရှားမှုလုပ်ပြီး အကျိုးကျေးဇူးတွေ ခံစားရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်းနဲ့ ပတ်သက်တဲ့ ဉာဏ်စမ်းမေးခွန်းတွေကို အခုပဲ ဖြေဆိုလိုက်ပါ။

Icon ရှင်းလင်းချက်